သြဂုတ်လကုန်ပိုင်း ထူးကဲဒီရေတက်ချိန် မိုးရွာပါက ရန်ကုန်တွင် ရေကြီးရေလျှံမှုများကြုံနိုင်မည်

သြဂုတ်လကုန်ပိုင်း ထူးကဲဒီရေတက်ချိန် မိုးရွာပါက ရန်ကုန်တွင် ရေကြီးရေလျှံမှုများကြုံနိုင်မည်

ယခုလကုန်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီးထဲ ထူးကဲဒီရေတက်ရောက်မယ့် အခြေအနေမျိုးကြုံနိုင်တာကြောင့် အဆိုပါကာလမှာ မိုးရွာသွန်းပါက ရေကြီးရေလျှံမှုများလည်း ဖြစ်ပေါ်လာနိုင်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောပါတယ်။

အဆိုပါ ထူးကဲဒီရေအခြေအနေဟာ ယခင်ကထက် ပိုမိုပြီး ၇ မီတာလောက်အထိ တက်နိုင်တယ်လို့ ခန့်မှန်းထားသလို ယခုကတည်းက ကြိုတင်ပြင်ဆင်တာတွေနဲ့ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

“အဲ့ဒီရက်တွေက မြစ်ရဲ့အခြေအနေအရ ရေထရက်လည်းဖြစ်တဲ့အခါကျတော့ ရေကြီးရေလျှံမှုတွေ မဖြစ်အောင် လိုအပ်တဲ့ ကြိုတင်ပြင်ဆင် မှုတွေကို မြို့နယ် EC တွေကနေ မြို့နယ်အလိုက် လုပ်ဆောင်နေကြပါတယ်”လို့ ဒေါ်လှိုင်မော်ဦးက သြဂုတ် ၁၉ ရက်က သတင်းမီဒီယာတွေနဲ့တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

ထူးကဲဒီရေတက်ရောက်မှုကို သြဂုတ် ၃၁ ရက်နဲ့ စက်တင်ဘာ ၁ ရက်တို့မှာ ကြုံနိုင်တယ်လို့ ခန့်မှန်းထားပြီး မြစ်ကမ်းအနီးနေထိုင်သူတွေအနေနဲ့ မလိုလားအပ်သော ဘေးအန္တရာယ်တွေမကြုံစေဖို့ လိုအပ် တဲ့ကြို တင်ပြင်ဆင်မှုတွေ၊ ရေစီးရေလာကောင်းအောင် လုပ်ဆောင်မှုတွေအပါအဝင် မြို့နယ်အလိုက် လုပ် ဆောင်နေကြတယ်လို့ သိရပါတယ်။ ရန်ကုန်မြစ်ဟာ ဒီရေမြင့်မားစွာတက်လေ့ရှိတဲ့ အခြေအနေမျိုးကြုံသလို ရေတက်ချိန် မှာ မြစ်ရေထွက်ပေါက်တံခါးတွေကို ပိတ်ထားမှာဖြစ်တဲ့အတွက် ထိုကာလမှာ မိုးတွေသည်းထန်အောင်ရွာချပါက ရွာချတဲ့ရေတွေဟာ ချက်ချင်းပြန်ထွက်မသွားနိုင်ဘဲ ရေကြီးရေလျှံတာတွေကို ကြုံနိုင်တဲ့ အခြေအနေမျိုးလည်း ရှိတယ်လို့ သိရပါတယ်။

 “အဲ့ဒီကာလမှာ မုန်တိုင်းမိုးတွေ၊ မိုးသည်းသည်းမည်းမည်း မရွာပါစေနဲ့လို့တော့ ဆုတောင်းရမှာပေါ့”လို့လည်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က သြဂုတ် ၁၉ရက်က မြို့တော်ခန်းမအတွင်း သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားသွားခဲ့ပါတယ်။ ရန်ကုန်မြို့ ဟာ ပဲခူးမြစ်၊ ပုဇွန်တောင်ချောင်း၊ ရန်ကုန်မြစ်၊ ပန်းလှိုင်မြစ် စတဲ့ မြစ်တွေ၊ ချောင်းတွေနဲ့ ဝန်းရံထားသလို မြန်မာနိုင်ငံအထက်ပိုင်းတွင် ရေကြီးရေလျှံမှု များကြုံပါက ဧရာဝတီမြစ်ကြောင်းအတိုင်း စီးဆင်းလာတဲ့ ရေတွေရဲ့သက်ရောက်မှုကိုလည်း ကြုံလေ့ရှိတတ်ကြောင်း၊ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် သြဂုတ်လ ထဲမှာလည်း ထူးကဲဒီရေအခြေအနေကြုံကာ ရေကြီးရေလျှံမှုများဖြစ်ခဲ့သလို ယခု ၂၀၁၉ ခုနှစ် သြဂုတ်လဆန်း ပိုင်းက တစ်ကြိမ်ကြုံ ခဲ့ပေ မယ့် ယခုတစ်ကြိမ်ကြုံလာနိုင်တဲ့ ထူးကဲဒီရေအခြေအနေဟာ ယခင်ကထက် ပျမ်းမျှ နှစ်ပေလောက် ပိုမိုမြင့်တက်နိုင်ဖွယ်ရှိတယ်လို့လည်း ပညာရှင်တွေက ခန့်မှန်းထားကြောင်း သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ သြဂုတ် ၂၀

(  Zawgyi  )

 ယခုလကုန္ပိုင္းမွာ ရန္ကုန္တိုင္းေဒသႀကီးထဲ ထူးကဲဒီေရတက္ေရာက္မယ့္ အေျခအေနမ်ိဳးႀကဳံႏိုင္တာေၾကာင့္ အဆိုပါကာလမွာ မိုး႐ြာသြန္းပါက ေရႀကီးေရလွ်ံမႈမ်ားလည္း ျဖစ္ေပၚလာႏိုင္တယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ အတြင္းေရးမႉး ေဒၚလႈိင္ေမာ္ဦးက ေျပာပါတယ္။

အဆိုပါ ထူးကဲဒီေရအေျခအေနဟာ ယခင္ကထက္ ပိုမိုၿပီး ၇ မီတာေလာက္အထိ တက္ႏိုင္တယ္လို႔ ခန႔္မွန္းထားသလို ယခုကတည္းက ႀကိဳတင္ျပင္ဆင္တာေတြနဲ႔ လုပ္ေဆာင္ေနၾကတယ္လို႔ သိရပါတယ္။

“အဲ့ဒီရက္ေတြက ျမစ္ရဲ႕အေျခအေနအရ ေရထရက္လည္းျဖစ္တဲ့အခါက်ေတာ့ ေရႀကီးေရလွ်ံမႈေတြ မျဖစ္ေအာင္ လိုအပ္တဲ့ ႀကိဳတင္ျပင္ဆင္ မႈေတြကို ၿမိဳ႕နယ္ EC ေတြကေန ၿမိဳ႕နယ္အလိုက္ လုပ္ေဆာင္ေနၾကပါတယ္”လို႔ ေဒၚလႈိင္ေမာ္ဦးက ၾသဂုတ္ ၁၉ ရက္က သတင္းမီဒီယာေတြနဲ႔ေတြ႕ဆုံရာမွာ ေျပာၾကားခဲ့ပါတယ္။

ထူးကဲဒီေရတက္ေရာက္မႈကို ၾသဂုတ္ ၃၁ ရက္နဲ႔ စက္တင္ဘာ ၁ ရက္တို႔မွာ ႀကဳံႏိုင္တယ္လို႔ ခန႔္မွန္းထားၿပီး ျမစ္ကမ္းအနီးေနထိုင္သူေတြအေနနဲ႔ မလိုလားအပ္ေသာ ေဘးအႏၲရာယ္ေတြမႀကဳံေစဖို႔ လိုအပ္ တဲ့ႀကိဳ တင္ျပင္ဆင္မႈေတြ၊ ေရစီးေရလာေကာင္းေအာင္ လုပ္ေဆာင္မႈေတြအပါအဝင္ ၿမိဳ႕နယ္အလိုက္ လုပ္ ေဆာင္ေနၾကတယ္လို႔ သိရပါတယ္။ ရန္ကုန္ျမစ္ဟာ ဒီေရျမင့္မားစြာတက္ေလ့ရွိတဲ့ အေျခအေနမ်ိဳးႀကဳံသလို ေရတက္ခ်ိန္ မွာ ျမစ္ေရထြက္ေပါက္တံခါးေတြကို ပိတ္ထားမွာျဖစ္တဲ့အတြက္ ထိုကာလမွာ မိုးေတြသည္းထန္ေအာင္႐ြာခ်ပါက ႐ြာခ်တဲ့ေရေတြဟာ ခ်က္ခ်င္းျပန္ထြက္မသြားႏိုင္ဘဲ ေရႀကီးေရလွ်ံတာေတြကို ႀကဳံႏိုင္တဲ့ အေျခအေနမ်ိဳးလည္း ရွိတယ္လို႔ သိရပါတယ္။

 “အဲ့ဒီကာလမွာ မုန္တိုင္းမိုးေတြ၊ မိုးသည္းသည္းမည္းမည္း မ႐ြာပါေစနဲ႔လို႔ေတာ့ ဆုေတာင္းရမွာေပါ့”လို႔လည္း ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုး က ၾသဂုတ္ ၁၉ရက္က ၿမိဳ႕ေတာ္ခန္းမအတြင္း သတင္းမီဒီယာေတြနဲ႔ ေတြ႕ဆုံစဥ္မွာ ေျပာၾကားသြားခဲ့ပါတယ္။ ရန္ကုန္ၿမိဳ႕ ဟာ ပဲခူးျမစ္၊ ပုဇြန္ေတာင္ေခ်ာင္း၊ ရန္ကုန္ျမစ္၊ ပန္းလႈိင္ျမစ္ စတဲ့ ျမစ္ေတြ၊ ေခ်ာင္းေတြနဲ႔ ဝန္းရံထားသလို ျမန္မာႏိုင္ငံအထက္ပိုင္းတြင္ ေရႀကီးေရလွ်ံမႈ မ်ားႀကဳံပါက ဧရာဝတီျမစ္ေၾကာင္းအတိုင္း စီးဆင္းလာတဲ့ ေရေတြရဲ႕သက္ေရာက္မႈကိုလည္း ႀကဳံေလ့ရွိတတ္ေၾကာင္း၊ လြန္ခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ ထဲမွာလည္း ထူးကဲဒီေရအေျခအေနႀကဳံကာ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ခဲ့သလို ယခု ၂၀၁၉ ခုႏွစ္ ၾသဂုတ္လဆန္း ပိုင္းက တစ္ႀကိမ္ႀကဳံ ခဲ့ေပ မယ့္ ယခုတစ္ႀကိမ္ႀကဳံလာႏိုင္တဲ့ ထူးကဲဒီေရအေျခအေနဟာ ယခင္ကထက္ ပ်မ္းမွ် ႏွစ္ေပေလာက္ ပိုမိုျမင့္တက္ႏိုင္ဖြယ္ရွိတယ္လို႔လည္း ပညာရွင္ေတြက ခန႔္မွန္းထားေၾကာင္း သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ၾသဂုတ္ ၂၀