သြင်္ကန်ပြီးကာလ မြန်မာ့မီးလင်းအခေါက်ရွှေဈေး ကျပ်ဆယ်သိန်း အထက်၌သာ ဆက်လက်တည်ရှိနေ

သြင်္ကန်ပြီးကာလ မြန်မာ့မီးလင်းအခေါက်ရွှေဈေး ကျပ်ဆယ်သိန်း အထက်၌သာ ဆက်လက်တည်ရှိနေ

သြင်္ကန်ပြီးကာလ မြန်မာ့မီးလင်းအခေါက်ရွှေဈေးမှာ ကျပ်ဆယ်သိန်းအထက်၌သာ ဆက်လက်တည်ရှိနေပြီး ဒီကနေ့ ဧပြီ ၁၉ ရက်၏ ပြည်တွင်းရွှေပေါက်ဈေးများကတော့ ၁၅ ပဲရည်တစ်ကျပ်သားလျှင် ၉၇၈၉၀၀ ကျပ်နှင့် ၁၆ ပဲရည်အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၀၄၀၀၀၀ အထိဈေးရှိနေပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်ထရွိုင်အောင်စလျှင်ကန်ဒေါ်လာ ၁၂၇၆ အထိဈေးရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် သြင်္ကန်ပြီးကာလတွင် မြန်မာ့ရွှေဈေးမှာတက်ရိပ်ရှိနိုင်တယ်လို့လည်း ရွှေလုပ်ငန်းလုပ်ကိုင်သူများကခန့်မှန်းထားကြတာပါ။“နှစ်စဉ်နှစ် တိုင်းလိုလိုကတော့သြင်္ကန်မတိုင်ခင်ကာလနဲ့သြင်္ကန်ပြီးကာလတွေမှာအခြားကာလ တွေထက်စာရင်ရွှေဝယ်လို အားပို တာပေါ့လေ။ရွှေကိုနှစ်တိုင်း လိုလိုသြင်္ကန်မတိုင်ခင်ဝယ်ကြတဲ့သူ တွေရှိသလို၊သြင်္ကန်ပြီးကာလမှာ ဆိုရင်လည်းရွှေအရောင်း၊ အဝယ်တွေကရှိနေ တတ်ပါ တယ်။

တချို့တွေကလည်းလုပ်ငန်းခဏရပ်ထားတာမို့ရွှေကိုဝယ်စုထားကြတယ်။တောင်သူတွေကလည်းရွှေကိုဝယ်ကြတယ်ပေါ့။အခုကာလကတော့ဝယ်လိုအားပိုနေတယ်လို့ပြောရင်ရပါတယ်။ပြောရရင်နှစ်စဉ်နှစ်တိုင်းယခုဧပြီလမှာဆိုရင် ရောင်းကြ၊ဝယ်ကြနဲ့ ဒီလိုဈေးကွက်သဘော တရားလေးတွေ ရှိပါတယ်။အခုဈေးကတက်ရိပ်ဘက် လည်းမသန်းဘူး၊ အကျဘက်လည်း သိပ်မသွားဘူး။ဈေးတန်းနေတယ်လို့ပြောရင်ရတယ်၊ ပုံမှန်ဈေးလောက်ဘဲရှိပါတယ်။ပုံမှန်အားဖြင့်ဆိုရင်တော့ရွှေကသြင်္ကန်ပြီးရင်ဈေးနည်းနည်းတက်တတ်တဲ့ သဘောရှိပါတယ်။

ဒါကလည်းအဓိကအားဖြင့်တော့ကမ္ဘာ့ရွှေဈေးအပေါ်မှာမူတည်ပါတယ်။နှစ်တိုင်းလိုလိုတော့သြင်္ကန်ပြီးကာလမှာဈေးအနည်းငယ်တက်ရိပ်ပြတာတွေရှိတတ်ပါတယ်။”လို့ ရွှေလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးကျော်ဝင်း ကပြောပါတယ်။ယနေ့နိုင်ငံခြားငွေလဲလှယ်မှုနှုန်း မှာလည်းအမေရိကန် တစ်ဒေါ်လာလျှင်ဝယ်ဈေး ၁၅၁၀ ကျပ်၊ရောင်းဈေး ၁၅၁၄ ကျပ်အထိဈေးရှိနေတာဖြစ်ပါတယ်။ဒါ့အပြင် ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းကလည်း ပြည်တွင်းရွှေဈေးနှုန်းနှင့် နိုင်ငံခြားငွေလဲလှယ်မှုနှုန်းများစံချိန်တင်မြင့်တက်ခဲ့သည့် အတွက်ဈေးကွက်ထိန်းချုပ်မှုတွေကိုလည်း ပြုလုပ်ခဲ့ရ ပါသေးတယ်။

ပြေသိမ်း  
ရန်ကုန်၊ဧပြီ ၁၉ 

(  Zawgyi  )

 ၾသကၤန္ၿပီးကာလ ျမန္မာ့မီးလင္းအေခါက္ေ႐ႊေဈးမွာ က်ပ္ဆယ္သိန္းအထက္၌သာ ဆက္လက္တည္ရွိေနၿပီး ဒီကေန႔ ဧၿပီ ၁၉ ရက္၏ ျပည္တြင္းေ႐ႊေပါက္ေဈးမ်ားကေတာ့ ၁၅ ပဲရည္တစ္က်ပ္သားလွ်င္ ၉၇၈၉၀၀ က်ပ္ႏွင့္ ၁၆ ပဲရည္အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ၁၀၄၀၀၀၀ အထိေဈးရွိေနၿပီး ကမာၻ႔ေ႐ႊေဈးမွာ တစ္ထ႐ြိဳင္ေအာင္စလွ်င္ကန္ေဒၚလာ ၁၂၇၆ အထိေဈးရွိေနတာျဖစ္ပါတယ္။

ဒါ့အျပင္ ၾသကၤန္ၿပီးကာလတြင္ ျမန္မာ့ေ႐ႊေဈးမွာတက္ရိပ္ရွိႏိုင္တယ္လို႔လည္း ေ႐ႊလုပ္ငန္းလုပ္ကိုင္သူမ်ားကခန႔္မွန္းထားၾကတာပါ။“ႏွစ္စဥ္ႏွစ္ တိုင္းလိုလိုကေတာ့ၾသကၤန္မတိုင္ခင္ကာလနဲ႔ၾသကၤန္ၿပီးကာလေတြမွာအျခားကာလ ေတြထက္စာရင္ေ႐ႊဝယ္လို အားပို တာေပါ့ေလ။ေ႐ႊကိုႏွစ္တိုင္း လိုလိုၾသကၤန္မတိုင္ခင္ဝယ္ၾကတဲ့သူ ေတြရွိသလို၊ၾသကၤန္ၿပီးကာလမွာ ဆိုရင္လည္းေ႐ႊအေရာင္း၊ အဝယ္ေတြကရွိေန တတ္ပါ တယ္။

တခ်ိဳ႕ေတြကလည္းလုပ္ငန္းခဏရပ္ထားတာမို႔ေ႐ႊကိုဝယ္စုထားၾကတယ္။ေတာင္သူေတြကလည္းေ႐ႊကိုဝယ္ၾကတယ္ေပါ့။အခုကာလကေတာ့ဝယ္လိုအားပိုေနတယ္လို႔ေျပာရင္ရပါတယ္။ေျပာရရင္ႏွစ္စဥ္ႏွစ္တိုင္းယခုဧၿပီလမွာဆိုရင္ ေရာင္းၾက၊ဝယ္ၾကနဲ႔ ဒီလိုေဈးကြက္သေဘာ တရားေလးေတြ ရွိပါတယ္။အခုေဈးကတက္ရိပ္ဘက္ လည္းမသန္းဘူး၊ အက်ဘက္လည္း သိပ္မသြားဘူး။ေဈးတန္းေနတယ္လို႔ေျပာရင္ရတယ္၊ ပုံမွန္ေဈးေလာက္ဘဲရွိပါတယ္။ပုံမွန္အားျဖင့္ဆိုရင္ေတာ့ေ႐ႊကၾသကၤန္ၿပီးရင္ေဈးနည္းနည္းတက္တတ္တဲ့ သေဘာရွိပါတယ္။

ဒါကလည္းအဓိကအားျဖင့္ေတာ့ကမာၻ႔ေ႐ႊေဈးအေပၚမွာမူတည္ပါတယ္။ႏွစ္တိုင္းလိုလိုေတာ့ၾသကၤန္ၿပီးကာလမွာေဈးအနည္းငယ္တက္ရိပ္ျပတာေတြရွိတတ္ပါတယ္။”လို႔ ေ႐ႊလုပ္ငန္းရွင္တစ္ဦးျဖစ္သူ ဦးေက်ာ္ဝင္း ကေျပာပါတယ္။ယေန႔ႏိုင္ငံျခားေငြလဲလွယ္မႈႏႈန္း မွာလည္းအေမရိကန္ တစ္ေဒၚလာလွ်င္ဝယ္ေဈး ၁၅၁၀ က်ပ္၊ေရာင္းေဈး ၁၅၁၄ က်ပ္အထိေဈးရွိေနတာျဖစ္ပါတယ္။ဒါ့အျပင္ ၿပီးခဲ့တဲ့ႏွစ္ပိုင္းအတြင္းကလည္း ျပည္တြင္းေ႐ႊေဈးႏႈန္းႏွင့္ ႏိုင္ငံျခားေငြလဲလွယ္မႈႏႈန္းမ်ားစံခ်ိန္တင္ျမင့္တက္ခဲ့သည့္ အတြက္ေဈးကြက္ထိန္းခ်ဳပ္မႈေတြကိုလည္း ျပဳလုပ္ခဲ့ရ ပါေသးတယ္။

ေျပသိမ္း  
ရန္ကုန္၊ဧၿပီ ၁၉