သြင်္ကန်အပြီးကာလ ဘုရင့်နောင်ပွဲရုံ၌ အရောင်းအဝယ်အေးနေသေး

သြင်္ကန်အပြီးကာလ ဘုရင့်နောင်ပွဲရုံ၌ အရောင်းအဝယ်အေးနေသေး

ရန်ကုန်မြို့က ဘုရင့်နောင်ပွဲရုံထဲမှာ ယခုသြင်္ကန်အပြီးကာလတွင် ကုန်ဝင်ရောက်မှုရှိသော်လည်း အရောင်းအဝယ်အေးနေသေးတယ်လို့ ပွဲရုံလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ပွဲရုံပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဦးလှသိန်းက “ကုန်စည်ဒိုင်ပြန်ဖွင့်တာက မနေ့က(ဧပြီ ၁၈ရက်) ကတည်းကပါ၊ အရောင်းအဝယ်အနေနဲ့တော့ အခုကာလမှာ အေးတယ်လို့ ပြောလို့ရပါတယ်၊ ကုန်ဝင်ရောက်တာတော့ ရှိပေမယ့် အရောင်းအဝယ်က ပုံမှန်အနေအထားမျိုးမရှိသေးဘူး”လို့ ပြောပါတယ်။

ယခုရက်ပိုင်းထဲမှာ ဘုရင့်နောင်ကုန်စည်ဒိုင်က ပွဲရုံတွေဆီကို ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ငရုတ် အစရှိတဲ့ အခြေခံစားသောက် ကုန်ပစ္စည်းများတင်ဆောင်တဲ့ ယာဉ်ကြီးတွေ ဝင်ရောက်လာနေပေမယ့် အရောင်းအဝယ်အေးနေတဲ့ အခြေအနေတွေကနေ လာမယ့်အပတ် ဧပြီလကုန်ပိုင်းလောက်မှာတော့ အရောင်းအဝယ် ပြန်ကောင်းနိုင်ဖို့ ခန့်မှန်း ထားကြပါတယ်။ “အရင်နှစ်တုန်းကဆိုရင် အခုလိုသြင်္ကန်ပြီးလို့ ပြန်ဖွင့်တဲ့ကာလမှာ ကြက်သွန်ကားတွေ ဝင်ရောက်မှုက အစီးရေ ၅၀ ကျော် ၆၀ နီးပါးလောက်ရှိတယ်၊ အခုဒီနှစ်မှာက စာရင်းအရဆိုရင် ကားဝင်ရောက်တာက အစီး ၃၀ ကျော် လောက်ပဲ ရှိတာကြောင့် ဝင်ရောက်မှုလျော့တယ်လို့ ဆိုနိုင်ပါတယ်”လို့လည်း ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်) ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောပြပါတယ်။

ယခုလို သြင်္ကန်အပြီးကာလ ကုန်စည်စီးဆင်းမှုအနေအထားမှာ ပုံမှန်အနေအထားမျိုးမဟုတ်သေးပေမယ့် ဈေးကွက်အတွင်း ကုန်ပစ္စည်း ပြတ်လပ် တဲ့ အနေအထားမျိုးမရှိကြောင်း၊ ကုန်အဝင်နည်းပေမယ့် ဈေးပြောင်းလဲမှုမရှိကြောင်းလည်း သိရပါတယ်။

 ဇွဲမာန်   
ရန်ကုန်၊ ဧပြီ ၁၉

( Zawgyi )

ရန္ကုန္ၿမိဳ႕က ဘုရင့္ေနာင္ပြဲ႐ုံထဲမွာ ယခုၾသကၤန္အၿပီးကာလတြင္ ကုန္ဝင္ေရာက္မႈရွိေသာ္လည္း အေရာင္းအဝယ္ေအးေနေသးတယ္လို႔ ပြဲ႐ုံလုပ္ငန္းရွင္ေတြဆီက သိရပါတယ္။

ပြဲ႐ုံပိုင္ရွင္တစ္ဦးျဖစ္တဲ့ ဦးလွသိန္းက “ကုန္စည္ဒိုင္ျပန္ဖြင့္တာက မေန႔က(ဧၿပီ ၁၈ရက္) ကတည္းကပါ၊ အေရာင္းအဝယ္အေနနဲ႔ေတာ့ အခုကာလမွာ ေအးတယ္လို႔ ေျပာလို႔ရပါတယ္၊ ကုန္ဝင္ေရာက္တာေတာ့ ရွိေပမယ့္ အေရာင္းအဝယ္က ပုံမွန္အေနအထားမ်ိဳးမရွိေသးဘူး”လို႔ ေျပာပါတယ္။

ယခုရက္ပိုင္းထဲမွာ ဘုရင့္ေနာင္ကုန္စည္ဒိုင္က ပြဲ႐ုံေတြဆီကို ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ အာလူး၊ င႐ုတ္ အစရွိတဲ့ အေျခခံစားေသာက္ ကုန္ပစၥည္းမ်ားတင္ေဆာင္တဲ့ ယာဥ္ႀကီးေတြ ဝင္ေရာက္လာေနေပမယ့္ အေရာင္းအဝယ္ေအးေနတဲ့ အေျခအေနေတြကေန လာမယ့္အပတ္ ဧၿပီလကုန္ပိုင္းေလာက္မွာေတာ့ အေရာင္းအဝယ္ ျပန္ေကာင္းႏိုင္ဖို႔ ခန႔္မွန္း ထားၾကပါတယ္။ “အရင္ႏွစ္တုန္းကဆိုရင္ အခုလိုၾသကၤန္ၿပီးလို႔ ျပန္ဖြင့္တဲ့ကာလမွာ ၾကက္သြန္ကားေတြ ဝင္ေရာက္မႈက အစီးေရ ၅၀ ေက်ာ္ ၆၀ နီးပါးေလာက္ရွိတယ္၊ အခုဒီႏွစ္မွာက စာရင္းအရဆိုရင္ ကားဝင္ေရာက္တာက အစီး ၃၀ ေက်ာ္ ေလာက္ပဲ ရွိတာေၾကာင့္ ဝင္ေရာက္မႈေလ်ာ့တယ္လို႔ ဆိုႏိုင္ပါတယ္”လို႔လည္း ရန္ကုန္တိုင္းေဒသႀကီး ကုန္သည္မ်ား ႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း (ဘုရင့္ေနာင္ကုန္စည္ဒိုင္) ဥကၠ႒ ဦးခင္ဟန္က ေျပာျပပါတယ္။

ယခုလို ၾသကၤန္အၿပီးကာလ ကုန္စည္စီးဆင္းမႈအေနအထားမွာ ပုံမွန္အေနအထားမ်ိဳးမဟုတ္ေသးေပမယ့္ ေဈးကြက္အတြင္း ကုန္ပစၥည္း ျပတ္လပ္ တဲ့ အေနအထားမ်ိဳးမရွိေၾကာင္း၊ ကုန္အဝင္နည္းေပမယ့္ ေဈးေျပာင္းလဲမႈမရွိေၾကာင္းလည္း သိရပါတယ္။

 ဇြဲမာန္   
ရန္ကုန္၊ ဧၿပီ ၁၉