ဟောင်ကောင်နှင့် ကုန်သွယ်မှုနှစ်လတာကာလအတွင်း ဒေါ်လာ သန်း၄၀ကျော်သာရှိခဲ့

ဟောင်ကောင်နှင့် ကုန်သွယ်မှုနှစ်လတာကာလအတွင်း ဒေါ်လာ သန်း၄၀ကျော်သာရှိခဲ့

ဆန္ဒပြမှုများနှင့် ကိုရိုနာဗိုင်းရပ်စ် ဖြစ်နေမှုကြောင့် စီးပွားရေးလုပ်ငန်းများ ရပ်တန့်လုနီးပါး ဖြစ်ခဲ့သည့် ဟောင်ကောင် အထူးဒေသနှင့် နှစ်လအတွင်း ကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာသန်း ၄၀ ကျော်သာ ရှိခဲ့တယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက ဖေဖေါ်ဝါရီ ပထမအပတ် က ထုတ်ပြန်ခဲ့သည့် ဘဏ္ဍာနှစ်အလိုက် ပုံမှန်/နယ်စပ် (နိုင်ငံအလိုက်) ပို့ကုန် သွင်းကုန် ကုန်သွယ်မှုစာရင်း အချက်အလက်များ အရ သိရပါတယ်။

အဆိုပါ စာရင်းအချက်အလက်များ အရ ဒီဇင်ဘာလအထိ သုံးလအတွင်း မြန်မာမှ ဟောင်ကောင်ဘက်သို့ ကုန်ပမာဏ ကန်ဒေါ်လာ ၁၄၄ ဒသမ ၀၉၉သန်း သာ တင်ပို့နိုင်ခဲ့ပြီး ဟောင်ကောင်ဘက် မှ မြန်မာဘက်သို့ ကန်ဒေါ်လာ ၂ ဒသမ ၀၁၅သန်း ပြန်လည် တင်ပို့ခဲ့သဖြင့် သုံးလအတွင်းကန်ဒေါ်လာ၁၄၆  ဒသမ ၁၁၄သန်းကုန်သွယ်နိုင်ခဲ့ပြီးမြန်မာဘက်မှ ကုန်သွယ်ရေးပိုငွေကန်ဒေါ်လာ ၁၄၂ သန်းကျော် ဖြစ်ပေါ်ခဲ့ပါတယ်။

သုံးလအတွင်း ဟောင်ကောင်နှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်မှုပမာဏမှာ ကန်ဒေါ်လာသန်းတစ်ရာ့ ငါးဆယ်နီးပါးရှိခဲ့ပြီးပြီးခဲ့သည့် ဘဏ္ဍာနှစ်တစ်ခုလုံး ကုန်သွယ်မှုပမာဏကန်ဒေါ်လာသန်း ၂၃၀ ကျော်၏ ထက် ဝက်ကျော် ရှိခဲ့ကြောင်းသိရပါတယ်။သို့ရာတွင် ဘဏ္ဍာနှစ် ပထမလအတွင်း ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၉၇ သန်းရှိခဲ့သဖြင့် နှစ်လအတွင်း ကုန်သွယ်မှုမှာ သန်း ၄၀ ကျော်သာရှိခဲ့ကြောင်း သိရပါတယ်။        

ကုန်သွယ်ရေးဦးစီးဌာနကထုတ်ပြန်သည့် အချက်အလက်များအရ  ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်အတွင်း ဟောင်ကောင်ဘက်သို့ အမေရိကန် ဒေါ်လာ၂၁၄ ဒသမ၀၃၀ သန်းတင်ပို့ခဲ့ကာ၊ ဟောင်ကောင်မှ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၄၁၅သန်းဖိုးပြန်လည်တင်သွင်းခဲ့ပါတယ်။  ဘဏ္ဍာနှစ်ကာလအတွင်းကုန်သွယ်မှုပမာဏမှာအမေရိကန်ဒေါ်လာ ၉၆ ဒသမ၄၇၇သန်းရှိပြီးမြန်မာဘက်မှ ကုန်သွယ် ရေးပိုငွေ ၁၉၇ သန်းကျော် ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်းဟောင်ကောင်-မြန်မာကုန်သွယ်မှုမှာ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၃၄၃ဒသမ ၈၈၉ သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၃၁၆ ဒသမ ၃၆၅ သန်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၂၃၉ ဒသမ ၄၆၈ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၃၈၅  ဒသမ ၆၃၀ သန်းနှင့် ကာလတို ဘတ်ဂျက် ကာလတွင် ကန်ဒေါ်လာ၂၃၈ ဒသမ ၆၁၀ ကုန်သွယ်ခဲ့ကြောင်းသိရပါတယ်။    

PWA
ရန်ကုန်၊ဖေဖေါ်ဝါရီ ၂၀

(  Zawgyi   )

 ဆႏၵျပမႈမ်ားႏွင့္ ကို႐ိုနာဗိုင္းရပ္စ္ ျဖစ္ေနမႈေၾကာင့္ စီးပြားေရးလုပ္ငန္းမ်ား ရပ္တန္႔လုနီးပါး ျဖစ္ခဲ့သည့္ ေဟာင္ေကာင္ အထူးေဒသႏွင့္ ႏွစ္လအတြင္း ကုန္သြယ္မႈမွာ အေမရိကန္ ေဒၚလာသန္း ၄၀ ေက်ာ္သာ ရွိခဲ့တယ္လို႔ ကုန္သြယ္ေရးဦးစီးဌာနက ေဖေဖၚဝါရီ ပထမအပတ္ က ထုတ္ျပန္ခဲ့သည့္ ဘ႑ာႏွစ္အလိုက္ ပုံမွန္/နယ္စပ္ (ႏိုင္ငံအလိုက္) ပို႔ကုန္ သြင္းကုန္ ကုန္သြယ္မႈစာရင္း အခ်က္အလက္မ်ား အရ သိရပါတယ္။

အဆိုပါ စာရင္းအခ်က္အလက္မ်ား အရ ဒီဇင္ဘာလအထိ သုံးလအတြင္း ျမန္မာမွ ေဟာင္ေကာင္ဘက္သို႔ ကုန္ပမာဏ ကန္ေဒၚလာ ၁၄၄ ဒသမ ၀၉၉သန္း သာ တင္ပို႔ႏိုင္ခဲ့ၿပီး ေဟာင္ေကာင္ဘက္ မွ ျမန္မာဘက္သို႔ ကန္ေဒၚလာ ၂ ဒသမ ၀၁၅သန္း ျပန္လည္ တင္ပို႔ခဲ့သျဖင့္ သုံးလအတြင္းကန္ေဒၚလာ၁၄၆  ဒသမ ၁၁၄သန္းကုန္သြယ္ႏိုင္ခဲ့ၿပီးျမန္မာဘက္မွ ကုန္သြယ္ေရးပိုေငြကန္ေဒၚလာ ၁၄၂ သန္းေက်ာ္ ျဖစ္ေပၚခဲ့ပါတယ္။

သုံးလအတြင္း ေဟာင္ေကာင္ႏွင့္ ျမန္မာႏိုင္ငံအၾကား ကုန္သြယ္မႈပမာဏမွာ ကန္ေဒၚလာသန္းတစ္ရာ့ ငါးဆယ္နီးပါးရွိခဲ့ၿပီးၿပီးခဲ့သည့္ ဘ႑ာႏွစ္တစ္ခုလုံး ကုန္သြယ္မႈပမာဏကန္ေဒၚလာသန္း ၂၃၀ ေက်ာ္၏ ထက္ ဝက္ေက်ာ္ ရွိခဲ့ေၾကာင္းသိရပါတယ္။သို႔ရာတြင္ ဘ႑ာႏွစ္ ပထမလအတြင္း ကုန္သြယ္မႈ အေမရိကန္ေဒၚလာ ၉၇ သန္းရွိခဲ့သျဖင့္ ႏွစ္လအတြင္း ကုန္သြယ္မႈမွာ သန္း ၄၀ ေက်ာ္သာရွိခဲ့ေၾကာင္း သိရပါတယ္။        

ကုန္သြယ္ေရးဦးစီးဌာနကထုတ္ျပန္သည့္ အခ်က္အလက္မ်ားအရ  ၂၀၁၈-၂၀၁၉ဘ႑ာႏွစ္အတြင္း ေဟာင္ေကာင္ဘက္သို႔ အေမရိကန္ ေဒၚလာ၂၁၄ ဒသမ၀၃၀ သန္းတင္ပို႔ခဲ့ကာ၊ ေဟာင္ေကာင္မွ အေမရိကန္ေဒၚလာ ၁၆ ဒသမ ၄၁၅သန္းဖိုးျပန္လည္တင္သြင္းခဲ့ပါတယ္။  ဘ႑ာႏွစ္ကာလအတြင္းကုန္သြယ္မႈပမာဏမွာအေမရိကန္ေဒၚလာ ၉၆ ဒသမ၄၇၇သန္းရွိၿပီးျမန္မာဘက္မွ ကုန္သြယ္ ေရးပိုေငြ ၁၉၇ သန္းေက်ာ္ ျဖစ္ေပၚခဲ့ေၾကာင္း သိရပါတယ္။

ၿပီးခဲ့သည့္ ၅ ႏွစ္တာကာလအတြင္းေဟာင္ေကာင္-ျမန္မာကုန္သြယ္မႈမွာ ၂၀၁၄ -၂၀၁၅ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၃၄၃ဒသမ ၈၈၉ သန္း၊ ၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၃၁၆ ဒသမ ၃၆၅ သန္း၊ ၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၂၃၉ ဒသမ ၄၆၈ သန္း၊ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၃၈၅  ဒသမ ၆၃၀ သန္းႏွင့္ ကာလတို ဘတ္ဂ်က္ ကာလတြင္ ကန္ေဒၚလာ၂၃၈ ဒသမ ၆၁၀ ကုန္သြယ္ခဲ့ေၾကာင္းသိရပါတယ္။    

PWA
ရန္ကုန္၊ေဖေဖၚဝါရီ ၂၀