အကြမ်းဖက်အဖွဲ့များ ဝင်ရောက်တိုက်ခိုက်မှုကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချရန်နှင့် အစိုးရမှ လိုအပ်သည့် အမိန့်ညွှန်ကြားချက် ထုတ်ပေးရန် အဆိုတင်သွင်း

အကြမ်းဖက်အဖွဲ့များ ဝင်ရောက်တိုက်ခိုက်မှုကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချရန်နှင့် အစိုးရမှ လိုအပ်သည့် အမိန့်ညွှန်ကြားချက် ထုတ်ပေးရန် အဆိုတင်သွင်း

သြဂုတ်လ ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့နယ်အတွင်း အကြမ်းဖက်အဖွဲ့များ ဝင်ရောက်တိုက်ခိုက်မှုကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် အစိုးရမှ လိုအပ်သည့် အမိန့်ညွှန်ကြားချက် ထုတ်ပေးရန် အဆို ယနေ့ကျင်းပပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ အစီအစဉ်တွင် ကျိုင်းတုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစတီဗင် မှ ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ပါတယ်။

“၁၅ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သော ပြင်ဦးလွင်မြို့နယ်၊ တပ်မတော်နည်းပညာတက္ကသိုလ် (DSTA)၊ ပြင်ဦးလွင်မြို့ အထွက်ဂိတ်အနီး မူးယစ်ဆေးဝါး x - ray စက်၊ နောင်ချိုမြို့နယ်အတွင်းရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်၊ တပ်ရင်းဌာန၊ နောင်ချို မူးယစ်ရဲကင်းတို့အား မြောက်ပိုင်းမဟာမိတ်အဖွဲ့(AA ၊ TNLA ၊ MNDAA ) တို့မှ ပစ်ခတ်ခဲ့ခြင်း ဖြစ်စဉ်နှင့် ပတ်သက်၍ အခုလိုပြည်ထောင်စုလမ်းမကြီးပေါ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်လာသည့်အတွက် ပြည်ထောင်စုအစိုးရမှ မြောက်ပိုင်းမဟာမိတ် အမည်ခံသည့် အဖွဲ့များအား သောင်းကျန်းသူအဖွဲ့လို့ သတ်မှတ်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေး ပြည်သူလူထု အကျိုးစီးပွားအတွက် လိုအပ်သည့် အမိန့်ညွှန်ကြားချက်များ ထုတ်ပေးရန် ထိခိုက်ဒဏ်ရာရ သေဆုံးသူများအတွက် ကြေကွဲဝမ်းနည်းစွာ အဆိုတင်သွင်းအပ်ပါတယ်” ဟု ဦးစတီဗင် က ပြည်သူ့လွှတ်တော်သို့ တင်ပြခဲ့ပါတယ်။

ဦးစတီဗင်၏ အဆိုတင်သွင်းမှုကို ကိုယ်စားလှယ်တစ်ဦးမှ ထောက်ခံခဲ့သဖြင့် ယင်းအဆိုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် က ကြေညာခဲ့ပါတယ်။

PTG
နေပြည်တော်၊ သြဂုတ် - ၁၆

( Zawgyi )

ၾသဂုတ္လ ျပင္ဦးလြင္ၿမိဳ႕နယ္ႏွင့္ ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္း အၾကမ္းဖက္အဖြဲ႕မ်ား ဝင္ေရာက္တိုက္ခိုက္မႈကို ျပင္းထန္စြာ ကန႔္ကြက္ရႈတ္ခ်ေၾကာင္းႏွင့္ အစိုးရမွ လိုအပ္သည့္ အမိန႔္ၫႊန္ၾကားခ်က္ ထုတ္ေပးရန္ အဆို ယေန႔က်င္းပျပဳလုပ္ေသာ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ ၁၃ ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး ၁၁ ရက္ေျမာက္ေန႔ အစီအစဥ္တြင္ က်ိဳင္းတုံမဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစတီဗင္ မွ ျပည္သူ႔လႊတ္ေတာ္သို႔ တင္သြင္းခဲ့ပါတယ္။

“၁၅ ရက္ေန႔ နံနက္ပိုင္းက ျဖစ္ပြားခဲ့ေသာ ျပင္ဦးလြင္ၿမိဳ႕နယ္၊ တပ္မေတာ္နည္းပညာတကၠသိုလ္ (DSTA)၊ ျပင္ဦးလြင္ၿမိဳ႕ အထြက္ဂိတ္အနီး မူးယစ္ေဆးဝါး x - ray စက္၊ ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္းရွိ ပူးေပါင္းစစ္ေဆးေရးဂိတ္၊ တပ္ရင္းဌာန၊ ေနာင္ခ်ိဳ မူးယစ္ရဲကင္းတို႔အား ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕(AA ၊ TNLA ၊ MNDAA ) တို႔မွ ပစ္ခတ္ခဲ့ျခင္း ျဖစ္စဥ္ႏွင့္ ပတ္သက္၍ အခုလိုျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ အၾကမ္းဖက္တိုက္ခိုက္မႈမ်ား လုပ္ေဆာင္လာသည့္အတြက္ ျပည္ေထာင္စုအစိုးရမွ ေျမာက္ပိုင္းမဟာမိတ္ အမည္ခံသည့္ အဖြဲ႕မ်ားအား ေသာင္းက်န္းသူအဖြဲ႕လို႔ သတ္မွတ္ၿပီး ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရး တရားဥပေဒစိုးမိုးေရး ျပည္သူလူထု အက်ိဳးစီးပြားအတြက္ လိုအပ္သည့္ အမိန႔္ၫႊန္ၾကားခ်က္မ်ား ထုတ္ေပးရန္ ထိခိုက္ဒဏ္ရာရ ေသဆုံးသူမ်ားအတြက္ ေၾကကြဲဝမ္းနည္းစြာ အဆိုတင္သြင္းအပ္ပါတယ္” ဟု ဦးစတီဗင္ က ျပည္သူ႔လႊတ္ေတာ္သို႔ တင္ျပခဲ့ပါတယ္။

ဦးစတီဗင္၏ အဆိုတင္သြင္းမႈကို ကိုယ္စားလွယ္တစ္ဦးမွ ေထာက္ခံခဲ့သျဖင့္ ယင္းအဆိုကို လႊတ္ေတာ္က မွတ္တမ္းတင္ေၾကာင္း ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ ဦးတီခြန္ျမတ္ က ေၾကညာခဲ့ပါတယ္။

PTG
ေနျပည္ေတာ္၊ ၾသဂုတ္ - ၁၆