အခန့်မသင့်ပါကသေနတ်သံတွေပြန်ထွက်ပေါ်တတ်လို့ ပန်းတိုင်ပျောက်မသွားအောင် သတိချပ်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် သတိပေး။

အခန့်မသင့်ပါကသေနတ်သံတွေပြန်ထွက်ပေါ်တတ်လို့ ပန်းတိုင်ပျောက်မသွားအောင် သတိချပ်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် သတိပေး။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ယနေ့ပြုလုပ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်း ရေး ဆွေးနွေးမှုကော်မတီ(UPDJC)အစည်းအဝေးမှာ လက်နက်ကိုင်တပ်ဖွဲ့များ အကြား ဆွေးနွေး ညှိနှိုင်းရတာဖြစ်လို့ အခန့်မသင့်ပါကသေနတ်သံတွေပြန်ထွက်ပေါ်တတ်လို့ ပန်းတိုင်ပျောက် မသွား အောင် သတိချပ်ကြဖို့ ပြောခဲ့ပါတယ်။

“လက်နက်ကိုင်တပ်ဖွဲ့များအကြားဆွေးနွေးညှိနှိုင်းရတာဖြစ်တဲ့အတွက် အခန့်မသင့်ရင် သေနတ် သံတွေ ပြန်ထွက်ပေါ်လာတက်တာ ဓမ္မတာပါပဲ။ ဒါပေမယ့် ကျမတို့ အားလုံးရဲ့ ဦးတည်ချက် ပန်းတိုင်ပျောက်ပျက်မသွား အောင် သတိချပ်ကြဖို့ ကျမအနေနဲ့ သတိပေးလိုပါတယ်”လို့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကဆိုပါတယ်။

ယင်းအပြင် “ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပျက်ပြားစေချင်ရင်၊ နှောင့်နှေးစေချင်ရင်ပါဝင်တဲ့အထဲက အစုအဖွဲ့ တစ်ဖွဲ့က ဖန်တီးဖျက်ဆီးနိုင်ပေမယ့် ဒီဖြစ်စဉ် အောင်မြင်ဖို့ဆိုရင် ပါဝင်သူ အစုအဖွဲ့ အားလုံးက ပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ အစုအဖွဲ့တစ်ဖွဲ့အနေနဲ့ ကိုယ့်ရဲ့ လိုလားချက်ကို ရာနှုန်းပြည့်ရရှိနိုင်မှာ မဟုတ်ဘူးဆိုတာ သတိချပ်စေချင်ပါတယ်။

ရာနှုန်းပြည့် တစ်ရာရာခိုင်နှုန်းလိုချင်တာရမှ ပူးပေါင်းပါဝင် ဆောင် ရွက်မယ်ဆိုတဲ့ ခံယူချက်မျိုးနဲ့ စေ့စပ်ညှိနှိုင်းနိုင်မှာမဟုတ်ပါဘူး။အပေးအယူ၊ အလျော့အတင်း လုပ်ရဲမှသာ နိုင်ငံရေးစားပွဲဝိုင်း ထဲဝင်ဖို့ သင့်လျှော်မှာဖြစ်သလို နိုင်ငံရေး စားပွဲဝိုင်းထဲ ဝင်ထိုင်ပြီးမှတော့ အပေးအယူ၊ အလျှော့ အတင်း လုပ်နိုင် အောင် ကြိုးစားဖို့ပဲဖြစ်ပါတယ်၊ဒါကြောင့် အပြုသဘောဆောင်တဲ့ ပူးပေါင်း ဆောင်ရွက်မှု ပင်လုံစိတ်ဓါတ်ကို အခြေခံတဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ ကျမတို့အားလုံး ရှေ့ဆက် သွားကြဖို့ တိုက်တွန်း လိုပါတယ်”ဟု ဆက်လက်ပြောကြားခဲ့ပါတယ်။

ယနေ့နေပြည်တော်၊အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)ကျင်းပပြုလုပ် သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ(UPDJC)အစည်းအဝေးသို့ တပ်မတော်၊လွှတ်တော်၊အစိုးရအစုအဖွဲ့ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့ကိုယ်စားလှယ်များ၊ပါတီအစုအဖွဲကိုယ် စားလှယ်များတက်ရောက်ခဲ့ကြပါတယ်။

KO
နေပြည်တော်၊မတ်လ-၁၂။

(  Zawgyi  )

 ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ယေန႔ျပဳလုပ္တဲ့ ျပည္ေထာင္စု ၿငိမ္းခ်မ္း ေရး ေဆြးေႏြးမႈေကာ္မတီ(UPDJC)အစည္းအေဝးမွာ လက္နက္ကိုင္တပ္ဖြဲ႕မ်ား အၾကား ေဆြးေႏြး ညႇိႏႈိင္းရတာျဖစ္လို႔ အခန႔္မသင့္ပါကေသနတ္သံေတြျပန္ထြက္ေပၚတတ္လို႔ ပန္းတိုင္ေပ်ာက္ မသြား ေအာင္ သတိခ်ပ္ၾကဖို႔ ေျပာခဲ့ပါတယ္။

“လက္နက္ကိုင္တပ္ဖြဲ႕မ်ားအၾကားေဆြးေႏြးညႇိႏႈိင္းရတာျဖစ္တဲ့အတြက္ အခန႔္မသင့္ရင္ ေသနတ္ သံေတြ ျပန္ထြက္ေပၚလာတက္တာ ဓမၼတာပါပဲ။ ဒါေပမယ့္ က်မတို႔ အားလုံးရဲ႕ ဦးတည္ခ်က္ ပန္းတိုင္ေပ်ာက္ပ်က္မသြား ေအာင္ သတိခ်ပ္ၾကဖို႔ က်မအေနနဲ႔ သတိေပးလိုပါတယ္”လို႔  ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ကဆိုပါတယ္။

ယင္းအျပင္ “ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ကို ပ်က္ျပားေစခ်င္ရင္၊ ေႏွာင့္ေႏွးေစခ်င္ရင္ပါဝင္တဲ့အထဲက အစုအဖြဲ႕ တစ္ဖြဲ႕က ဖန္တီးဖ်က္ဆီးႏိုင္ေပမယ့္ ဒီျဖစ္စဥ္ ေအာင္ျမင္ဖို႔ဆိုရင္ ပါဝင္သူ အစုအဖြဲ႕ အားလုံးက ပူးေပါင္း ေဆာင္႐ြက္မွသာ ေအာင္ျမင္ႏိုင္မွာျဖစ္ပါတယ္။ အစုအဖြဲ႕တစ္ဖြဲ႕အေနနဲ႔ ကိုယ့္ရဲ႕ လိုလားခ်က္ကို ရာႏႈန္းျပည့္ရရွိႏိုင္မွာ မဟုတ္ဘူးဆိုတာ သတိခ်ပ္ေစခ်င္ပါတယ္။

ရာႏႈန္းျပည့္ တစ္ရာရာခိုင္ႏႈန္းလိုခ်င္တာရမွ ပူးေပါင္းပါဝင္ ေဆာင္ ႐ြက္မယ္ဆိုတဲ့ ခံယူခ်က္မ်ိဳးနဲ႔ ေစ့စပ္ညႇိႏႈိင္းႏိုင္မွာမဟုတ္ပါဘူး။အေပးအယူ၊ အေလ်ာ့အတင္း လုပ္ရဲမွသာ ႏိုင္ငံေရးစားပြဲဝိုင္း ထဲဝင္ဖို႔ သင့္ေလွ်ာ္မွာျဖစ္သလို ႏိုင္ငံေရး စားပြဲဝိုင္းထဲ ဝင္ထိုင္ၿပီးမွေတာ့ အေပးအယူ၊ အေလွ်ာ့ အတင္း လုပ္ႏိုင္ ေအာင္ ႀကိဳးစားဖို႔ပဲျဖစ္ပါတယ္၊ဒါေၾကာင့္ အျပဳသေဘာေဆာင္တဲ့ ပူးေပါင္း ေဆာင္႐ြက္မႈ ပင္လုံစိတ္ဓါတ္ကို အေျခခံတဲ့ ပူးေပါင္း ေဆာင္႐ြက္မႈနဲ႔ က်မတို႔အားလုံး ေရွ႕ဆက္ သြားၾကဖို႔ တိုက္တြန္း လိုပါတယ္”ဟု ဆက္လက္ေျပာၾကားခဲ့ပါတယ္။

ယေန႔ေနျပည္ေတာ္၊အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ၿငိမ္းခ်မ္းေရးဗဟိုဌာန(NRPC)က်င္းပျပဳလုပ္ သည့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေကာ္မတီ(UPDJC)အစည္းအေဝးသို႔ တပ္မေတာ္၊လႊတ္ေတာ္၊အစိုးရအစုအဖြဲ႕ ကိုယ္စားလွယ္မ်ား၊ တိုင္းရင္းသား လက္နက္ကိုင္အစုအဖြဲ႕ကိုယ္စားလွယ္မ်ား၊ပါတီအစုအဖြဲကိုယ္ စားလွယ္မ်ားတက္ေရာက္ခဲ့ၾကပါတယ္။

KO
ေနျပည္ေတာ္၊မတ္လ-၁၂။