အခြေခံပညာ အောင်စာရင်းများအတန်းလိုက် နှစ်ရက်ခွဲ၍ထုတ်ပြန်မည်

အခြေခံပညာ အောင်စာရင်းများအတန်းလိုက် နှစ်ရက်ခွဲ၍ထုတ်ပြန်မည်

အခြေခံပညာ ကျောင်းတွေရဲ့ အောင်စာရင်းတွေကို အတန်းလိုက်နှစ်ရက်ခွဲကာ လာမယ့် ဧပြီ ၂၁ ရက်နဲ့ ၂၂ ရက်တို့မှာ ထုတ်ပြန်သွား ဖို့ရှိနေတယ်လို့ ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးကနေ သိရပါတယ်။

ဧပြီ ၂၁ ရက်မှာတော့ တတိယတန်းမှ နဝမတန်းအထိ (စတုတ္ထတန်းနဲ့ အဋ္ဌမတန်းမပါ) ကျောင်းသား၊ ကျောင်းသူတွေရဲ့ စာရင်း ထုတ်ပြန် မှာဖြစ်ပြီး ဧပြီ ၂၂ ရက်မှာတော့ စတုတ္ထတန်းနဲ့ အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူတွေရဲ့ စာရင်းကို ထုတ်ပြန်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ “KG တန်း ကနေ ဒုတိယတန်းအထိက စနစ်သစ်ပညာရေးဖြစ်တာကြောင့် အခုလို အောင်စာရင်းထုတ်ပြန်ရာမှာ ပါဝင်မှာမဟုတ်ပါဘူး”လို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးက ညွှန်ကြားရေးမှူးတစ်ဦးက ပြောပါတယ်။

အဆိုပါအောင်စာရင်းထုတ်ပြန်တာကို အရင်က မြန်မာနှစ်ဆန်းနှစ်ရက်ဖြစ်တဲ့ ဧပြီ ၁၈ ရက်မှာ ထုတ်ပြန်ခဲ့ဖူးပေမယ့် ၂၀၁၇ ခုနှစ်မှစတင်ကာ သြင်္ကန်ပိတ်ရက်တွေ ပြီးဆုံးတဲ့ တစ်ပတ်ခန့်အကြာမှာ ထုတ်ပြန် ခဲ့တာဖြစ်သလို အောင်စာရင်းအဖြစ်သုံးနှုန်းတာမျိုးထက် အတန်း ကူးပြောင်းခွင့်စာရင်းအဖြစ် ပြောင်းလဲ သုံးနှုန်း လာခဲ့တာ ဖြစ်ပါတယ်။ လာမယ့် ဇွန်လမှာ စတင်သွားရန် စီစဉ်ထားတဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ တတိယ တန်းကိုလည်း စနစ်သစ်ပညာရေးအဖြစ် ပြောင်းလဲဖို့ စီစဉ်ထားတာကြောင့် သင်ကြားရေးဆိုင်ရာ ဆရာ၊ ဆရာမတွေကိုလည်း ယခုဧပြီလထဲမှာ အသုတ်လိုက်ခွဲပြီး သင်တန်းပေးတာတွေကို စတင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“အရင်ကတော့ စတုတ္ထတန်းနဲ့ အဋ္ဌမတန်းတွေပါ အကုန်ရောပြီးတော့ အောင်စာရင်းထုတ်ပြန်ပါတယ်၊ ဒီနှစ်က ဘာကြောင့်လဲတော့ ဆရာမတို့မပြောတတ်ဘူး”လို့ ကျောင်းအုပ်ဆရာမကြီးတစ်ဦးဖြစ်တဲ့ ဒေါ်ခင်သန်းက ပြောပါတယ်။ ယခုလိုသြင်္ကန်ကာလပြီးပြီးချင်း နှစ်ဆန်းနှစ်ရက်လောက်မှာ အောင်စာရင်းတွေ မထုတ်ပြန်သေးတာဟာ ကျောင်းသား၊ ကျောင်းသူတွေနဲ့ မိဘအုပ်ထိန်းသူတွေက ခရီးလွန်တာတွေလည်း ရှိနိုင်တာကြောင့် အောင်စာရင်းလာကြည့်သူ နည်းပါးလေ့ရှိတာကြောင့်လည်း ဖြစ်တယ်လို့ သိရပါတယ်။

လာမယ့် မေလထဲမှာ မေလ ၂ရက်ကနေ ၁၀ ရက်အထိကို နဝမတန်း(ပြင်ပဖြေ)စာမေးပွဲအဖြစ် ခရိုင်အလိုက် စစ်ဆေးဖို့ စီစဉ်ထားကာ အောင်စာရင်းကို မေ ၂၃ ရက်မှာ ထုတ်ပြန်မယ်လို့ သိရပါတယ်။

 ဇွဲမာန်
 ရန်ကုန်၊ ဧပြီ ၁၉

(  Zawgyi  )

 အေျခခံပညာ ေက်ာင္းေတြရဲ႕ ေအာင္စာရင္းေတြကို အတန္းလိုက္ႏွစ္ရက္ခြဲကာ လာမယ့္ ဧၿပီ ၂၁ ရက္နဲ႔ ၂၂ ရက္တို႔မွာ ထုတ္ျပန္သြား ဖို႔ရွိေနတယ္လို႔ ပညာေရးဝန္ႀကီးဌာန၊ ရန္ကုန္တိုင္းေဒသႀကီး ပညာေရးမႉး႐ုံးကေန သိရပါတယ္။

ဧၿပီ ၂၁ ရက္မွာေတာ့ တတိယတန္းမွ နဝမတန္းအထိ (စတုတၳတန္းနဲ႔ အ႒မတန္းမပါ) ေက်ာင္းသား၊ ေက်ာင္းသူေတြရဲ႕ စာရင္း ထုတ္ျပန္ မွာျဖစ္ၿပီး ဧၿပီ ၂၂ ရက္မွာေတာ့ စတုတၳတန္းနဲ႔ အ႒မတန္း ေက်ာင္းသား၊ ေက်ာင္းသူေတြရဲ႕ စာရင္းကို ထုတ္ျပန္ဖို႔ စီစဥ္ထားတာ ျဖစ္ပါတယ္။ “KG တန္း ကေန ဒုတိယတန္းအထိက စနစ္သစ္ပညာေရးျဖစ္တာေၾကာင့္ အခုလို ေအာင္စာရင္းထုတ္ျပန္ရာမွာ ပါဝင္မွာမဟုတ္ပါဘူး”လို႔ ရန္ကုန္တိုင္းေဒသႀကီး ပညာေရးမႉး႐ုံးက ၫႊန္ၾကားေရးမႉးတစ္ဦးက ေျပာပါတယ္။

အဆိုပါေအာင္စာရင္းထုတ္ျပန္တာကို အရင္က ျမန္မာႏွစ္ဆန္းႏွစ္ရက္ျဖစ္တဲ့ ဧၿပီ ၁၈ ရက္မွာ ထုတ္ျပန္ခဲ့ဖူးေပမယ့္ ၂၀၁၇ ခုႏွစ္မွစတင္ကာ ၾသကၤန္ပိတ္ရက္ေတြ ၿပီးဆုံးတဲ့ တစ္ပတ္ခန႔္အၾကာမွာ ထုတ္ျပန္ ခဲ့တာျဖစ္သလို ေအာင္စာရင္းအျဖစ္သုံးႏႈန္းတာမ်ိဳးထက္ အတန္း ကူးေျပာင္းခြင့္စာရင္းအျဖစ္ ေျပာင္းလဲ သုံးႏႈန္း လာခဲ့တာ ျဖစ္ပါတယ္။ လာမယ့္ ဇြန္လမွာ စတင္သြားရန္ စီစဥ္ထားတဲ့ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္မွာ တတိယ တန္းကိုလည္း စနစ္သစ္ပညာေရးအျဖစ္ ေျပာင္းလဲဖို႔ စီစဥ္ထားတာေၾကာင့္ သင္ၾကားေရးဆိုင္ရာ ဆရာ၊ ဆရာမေတြကိုလည္း ယခုဧၿပီလထဲမွာ အသုတ္လိုက္ခြဲၿပီး သင္တန္းေပးတာေတြကို စတင္လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

“အရင္ကေတာ့ စတုတၳတန္းနဲ႔ အ႒မတန္းေတြပါ အကုန္ေရာၿပီးေတာ့ ေအာင္စာရင္းထုတ္ျပန္ပါတယ္၊ ဒီႏွစ္က ဘာေၾကာင့္လဲေတာ့ ဆရာမတို႔မေျပာတတ္ဘူး”လို႔ ေက်ာင္းအုပ္ဆရာမႀကီးတစ္ဦးျဖစ္တဲ့ ေဒၚခင္သန္းက ေျပာပါတယ္။ ယခုလိုၾသကၤန္ကာလၿပီးၿပီးခ်င္း ႏွစ္ဆန္းႏွစ္ရက္ေလာက္မွာ ေအာင္စာရင္းေတြ မထုတ္ျပန္ေသးတာဟာ ေက်ာင္းသား၊ ေက်ာင္းသူေတြနဲ႔ မိဘအုပ္ထိန္းသူေတြက ခရီးလြန္တာေတြလည္း ရွိႏိုင္တာေၾကာင့္ ေအာင္စာရင္းလာၾကည့္သူ နည္းပါးေလ့ရွိတာေၾကာင့္လည္း ျဖစ္တယ္လို႔ သိရပါတယ္။

လာမယ့္ ေမလထဲမွာ ေမလ ၂ရက္ကေန ၁၀ ရက္အထိကို နဝမတန္း(ျပင္ပေျဖ)စာေမးပြဲအျဖစ္ ခ႐ိုင္အလိုက္ စစ္ေဆးဖို႔ စီစဥ္ထားကာ ေအာင္စာရင္းကို ေမ ၂၃ ရက္မွာ ထုတ္ျပန္မယ္လို႔ သိရပါတယ္။

 ဇြဲမာန္
 ရန္ကုန္၊ ဧၿပီ ၁၉