အငှားအိမ်ရာ တိုက်ခန်းအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေကြောင်း သတင်းအရ ဝင်ရောက်ဖမ်းဆီး၊ ရဟန်းတစ်ပါး အပါအဝင် လူ ၁၃ ယောက် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိ

အငှားအိမ်ရာ တိုက်ခန်းအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေကြောင်း သတင်းအရ ဝင်ရောက်ဖမ်းဆီး၊ ရဟန်းတစ်ပါး အပါအဝင် လူ ၁၃ ယောက် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိ

မန္တလေး အောင်မြေသာစံမြို့နယ် ကမ်းနားလမ်းပေါ်က စံပယ်အငှားအိမ်ရာအတွင်းရှိ တိုက်ခန်းတစ်ခန်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေတယ်လို့ သတင်းအရ မူးယစ်တပ်ဖွဲ့စုနဲ့ သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေရာ သင်္ကန်း ဝတ်ရဟန်းတစ်ပါး နဲ့ လူ ၁၂ ယောက်အား မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

သတင်းအရ ယမန်နေ့ညနေ ၄ နာရီ ၁၅ မိနစ်အချိန်ခန့်က ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး  ဖြစ်စဉ်မှာ အဆိုပါပူးပေါင်းအဖွဲ့ဟာ သက်သေတွေနဲ့အတူ အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ကွက်၊ စံပယ်အငှားအိမ်ရာ အဆောင် ၆၊ ၃ လွှာ၊ အခန်းအမှတ် ၃၁ မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေတယ်ဆိုတဲ့ သတင်းအရ ဝင်ရောက်ရှာဖွေခဲ့တာဖြစ်ပြီး  အခန်းအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသူ ၁၅ ယောက် တွေ့ရှိခဲ့ရကြောင်း၊ အဆိုပါလူ ၁၅ ယောက်ဟာ ပူးပေါင်းအဖွဲ့အား ပြန်လည်ခုခံရန်ပြုခဲ့လို့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရကြောင်း၊ လူ ၁၅ ယောက်အနက် ၄ ယောက်မှာ တိုက်ခန်းပြတင်းပေါက်မှ ခုန်ချထွက်ပြေးသွားခဲ့ကြောင်း၊ ထွက်ပြေးသူ ၄ ယောက်အနက် ၂ ယောက်အား ခုန်ချစဉ် ရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့နှစ်ယောက်အား မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးဆီ ပို့ဆောင်ဆေးကုသပေးထားကြောင်း ရဲမှတ်တမ်းအရ သိရပါတယ်။

ဖမ်းဆီးရမိသူ ၁၃ ဦးကို ပင်နီဆလင်ပုလင်းနဲ့ ထည့်ထားတဲ့ ဖြူဝါရောင် ဘိန်းဖြူမှုန့် ၀ ဒသမ ၀၄ ဂရမ်ခန့်ပါ ၁ လုံး၊ မူးယစ်ဆေးဝါး သုံးစွဲတဲ့အခါမှာ အသုံးပြုထားပြီးဖြစ်တဲ့ ဆေးထိုးအပ်တပ်လျက် ဆေးထိုးပြွန် ၁၂ ချောင်း၊ ငွေကျပ် ၁၀၄၇၀၀၊ ဦးဓမ္မသာမိ အမည်ပါ သာသနာဝင်စိစစ်ရေးကတ် ၂ ခုတို့ အပါအဝင် ၎င်းတို့ပိုင် တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ၊ မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ ကုလား(ခ)ကျော်စိုးမိုး(ခ)ပူတူးမိုး (အသက် ၂၄ နှစ်)၊ ဝဏ္ဏကျော် (အသက် ၃၁ နှစ်)၊ ထွန်းအောင် (အသက် ၅၅ နှစ်)၊ ထွန်းမင်းအေး (အသက် ၂၉ နှစ်)၊ သိန်းဆွေ (အသက် ၃၂ နှစ်)၊ မင်းဇေယျာမျိုး (အသက် ၃၀ နှစ်)၊ နောင်နောင်ထွန်း (အသက် ၃၀ နှစ်)၊ ဘုန်းပြည့်သွင်(ခ)ဝိုင်းဝိုင်း (အသက် ၂၆ နှစ်)၊ သိန်းစိုး(ခ)အငယ်လေး (အသက် ၂၉ နှစ်)၊ တင်မျိုးအောင်(ခ)ငလက်မ (အသက် ၂၇ နှစ်)၊ ဦးဓမသာမိ (အသက် ၃၉ နှစ်)၊ ကုဋေဥ (အသက် ၂၂ နှစ်) နဲ့ မင်းနိုင် (အသက် ၄၈ နှစ်) တို့ကို အောင်မြေသာစံမြို့နယ်၊ မြို့မရဲစခန်းက (ပ) ၄၄/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)/၂၀(က)/၂၁ တို့နဲ့ အမှုဖွင့် အရေးယူထားပြီး ခုန်ချထွက်ပြေးသူ နှစ်ယောက်ကို မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး၊ အရိုးထိခိုက်ဒဏ်ရာ ကုသဌာနမှာ စောင့်ကြပ်ကုသပေးထားကြောင်း သိရပါတယ်။

KT
မန္တလေး၊ ဒီဇင်ဘာ - ၁၁

( Zawgyi )

မႏၲေလး ေအာင္ေျမသာစံၿမိဳ႕နယ္ ကမ္းနားလမ္းေပၚက စံပယ္အငွားအိမ္ရာအတြင္းရွိ တိုက္ခန္းတစ္ခန္းမွာ မူးယစ္ေဆးဝါး ေရာင္းဝယ္သုံးစြဲေနတယ္လို႔ သတင္းအရ မူးယစ္တပ္ဖြဲ႕စုနဲ႔ သက္ဆိုင္ရာ နယ္ေျမရဲတပ္ဖြဲ႕ ပူးေပါင္းအဖြဲ႕က ဝင္ေရာက္ရွာေဖြရာ သကၤန္း ဝတ္ရဟန္းတစ္ပါး နဲ႔ လူ ၁၂ ေယာက္အား မူးယစ္ေဆးဝါးေတြနဲ႔အတူ ဖမ္းဆီးရမိခဲ့တယ္လို႔ သိရပါတယ္။

သတင္းအရ ယမန္ေန႔ညေန ၄ နာရီ ၁၅ မိနစ္အခ်ိန္ခန႔္က ဝင္ေရာက္ဖမ္းဆီးခဲ့တာျဖစ္ၿပီး  ျဖစ္စဥ္မွာ အဆိုပါပူးေပါင္းအဖြဲ႕ဟာ သက္ေသေတြနဲ႔အတူ ေအာင္ေျမသာစံၿမိဳ႕နယ္ မင္းတဲအီကင္းရပ္ကြက္၊ စံပယ္အငွားအိမ္ရာ အေဆာင္ ၆၊ ၃ လႊာ၊ အခန္းအမွတ္ ၃၁ မွာ မူးယစ္ေဆးဝါး ေရာင္းဝယ္သုံးစြဲေနတယ္ဆိုတဲ့ သတင္းအရ ဝင္ေရာက္ရွာေဖြခဲ့တာျဖစ္ၿပီး  အခန္းအတြင္း မူးယစ္ေဆးဝါး ေရာင္းဝယ္သုံးစြဲေနသူ ၁၅ ေယာက္ ေတြ႕ရွိခဲ့ရေၾကာင္း၊ အဆိုပါလူ ၁၅ ေယာက္ဟာ ပူးေပါင္းအဖြဲ႕အား ျပန္လည္ခုခံရန္ျပဳခဲ့လို႔ ႐ုန္းရင္းဆန္ခတ္ ျဖစ္ခဲ့ရေၾကာင္း၊ လူ ၁၅ ေယာက္အနက္ ၄ ေယာက္မွာ တိုက္ခန္းျပတင္းေပါက္မွ ခုန္ခ်ထြက္ေျပးသြားခဲ့ေၾကာင္း၊ ထြက္ေျပးသူ ၄ ေယာက္အနက္ ၂ ေယာက္အား ခုန္ခ်စဥ္ ရရွိခဲ့တဲ့ ဒဏ္ရာေတြနဲ႔ ဖမ္းဆီးရမိခဲ့ေၾကာင္း၊ ၎တို႔ႏွစ္ေယာက္အား မႏၲေလး အေထြေထြေရာဂါကု ေဆး႐ုံႀကီးဆီ ပို႔ေဆာင္ေဆးကုသေပးထားေၾကာင္း ရဲမွတ္တမ္းအရ သိရပါတယ္။

ဖမ္းဆီးရမိသူ ၁၃ ဦးကို ပင္နီဆလင္ပုလင္းနဲ႔ ထည့္ထားတဲ့ ျဖဴဝါေရာင္ ဘိန္းျဖဴမႈန႔္ ၀ ဒသမ ၀၄ ဂရမ္ခန႔္ပါ ၁ လုံး၊ မူးယစ္ေဆးဝါး သုံးစြဲတဲ့အခါမွာ အသုံးျပဳထားၿပီးျဖစ္တဲ့ ေဆးထိုးအပ္တပ္လ်က္ ေဆးထိုးႁပြန္ ၁၂ ေခ်ာင္း၊ ေငြက်ပ္ ၁၀၄၇၀၀၊ ဦးဓမၼသာမိ အမည္ပါ သာသနာဝင္စိစစ္ေရးကတ္ ၂ ခုတို႔ အပါအဝင္ ၎တို႔ပိုင္ တစ္ကိုယ္ရည္သုံး ပစၥည္းေတြ၊ မူးယစ္ေဆးဝါး ဆက္စပ္ပစၥည္းေတြနဲ႔အတူ ဖမ္းဆီးရမိခဲ့တာ ျဖစ္တယ္လို႔ တာဝန္က် ရဲဝန္ထမ္းတစ္ဦးက ေျပာပါတယ္။

ျဖစ္စဥ္နဲ႔ပတ္သက္လို႔ ကုလား(ခ)ေက်ာ္စိုးမိုး(ခ)ပူတူးမိုး (အသက္ ၂၄ ႏွစ္)၊ ဝဏၰေက်ာ္ (အသက္ ၃၁ ႏွစ္)၊ ထြန္းေအာင္ (အသက္ ၅၅ ႏွစ္)၊ ထြန္းမင္းေအး (အသက္ ၂၉ ႏွစ္)၊ သိန္းေဆြ (အသက္ ၃၂ ႏွစ္)၊ မင္းေဇယ်ာမ်ိဳး (အသက္ ၃၀ ႏွစ္)၊ ေနာင္ေနာင္ထြန္း (အသက္ ၃၀ ႏွစ္)၊ ဘုန္းျပည့္သြင္(ခ)ဝိုင္းဝိုင္း (အသက္ ၂၆ ႏွစ္)၊ သိန္းစိုး(ခ)အငယ္ေလး (အသက္ ၂၉ ႏွစ္)၊ တင္မ်ိဳးေအာင္(ခ)ငလက္မ (အသက္ ၂၇ ႏွစ္)၊ ဦးဓမသာမိ (အသက္ ၃၉ ႏွစ္)၊ ကုေဋဥ (အသက္ ၂၂ ႏွစ္) နဲ႔ မင္းႏိုင္ (အသက္ ၄၈ ႏွစ္) တို႔ကို ေအာင္ေျမသာစံၿမိဳ႕နယ္၊ ၿမိဳ႕မရဲစခန္းက (ပ) ၄၄/၂၀၁၈၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၆(ဂ)/၂၀(က)/၂၁ တို႔နဲ႔ အမႈဖြင့္ အေရးယူထားၿပီး ခုန္ခ်ထြက္ေျပးသူ ႏွစ္ေယာက္ကို မႏၲေလး အေထြေထြေရာဂါကု ေဆး႐ုံႀကီး၊ အ႐ိုးထိခိုက္ဒဏ္ရာ ကုသဌာနမွာ ေစာင့္ၾကပ္ကုသေပးထားေၾကာင္း သိရပါတယ္။

KT
မႏၲေလး၊ ဒီဇင္ဘာ - ၁၁