အစိုးရ၊အလုပ်ရှင် အလုပ်သမားပါဝင်သည့် သုံးပွင့်ဆိုင်ယန္တရား အမျိုးသားအဆင့်တွေ့ဆုံ ဆွေးနွေးပွဲ ပြန်လည်စတင်

အစိုးရ၊အလုပ်ရှင် အလုပ်သမားပါဝင်သည့် သုံးပွင့်ဆိုင်ယန္တရား အမျိုးသားအဆင့်တွေ့ဆုံ ဆွေးနွေးပွဲ ပြန်လည်စတင်

အစိုးရ၊အလုပ်ရှင် အလုပ်သမားပါဝင်သည့် သုံးပွင့်ဆိုင်ယန္တရားအမျိုးသား အဆင့်တွေ့ဆုံဆွေးနွေး ပွဲတစ် ရပ်ကို ဒီကနေ့ မေ ၂၅ ရက်၊မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်ခဲ့ ပါတယ်။
                                                             
ယင်းအခမ်းအနားသို့အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊အလုပ်ရှင် အလုပ်သမားအဖွဲ့အစည်းများ၊ILO မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြတာပါ။

"အမျိုးသားအဆင့်ဖိုရမ်ဆိုတာ အစိုးရ၊အလုပ်ရှင် အလုပ်သမားသုံးပွင့်ဆိုင်ပေါ့။ILO ကလည်းပါတယ်။ အခုက(၁၃) ကြိမ်မြောက်တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်ပါတယ်။ ဒီကနေ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲမှာ လာမယ့် ဂျနီဗာအလုပ်သမားညီလာခံမှာ  တင်မယ့် မြန်မာနိုင်ငံနဲ့ပတ်သတ်တဲ့ အချက်အလက်တွေ ကိုဆွေးနွေးမယ်။ပြီးရင်မြန်မာနိုင်ငံကဆောင်ရွက်နေတဲ့ ယန္တရားနှင့်ပတ်သက်ပြီး ဆွေးနွေးထား တာတွေကိုအလုပ်ရှင် အလုပ်သမားတွေကိုအသိအမှတ်ပြုအောင် သူတို့ရဲ့အကြံဉာဏ် ကို ရယူနိုင်အောင် အလုပ်ရှင် အလုပ်သမားတွေအနေနဲ့ရှေ့ဆက်လက်ပြီး တော့မှသုံးပွင့်ဆိုင်ပူးပေါင်းဖို့ ဒီယန္တရားမှာ ပါဝင်ဆောင်ရွက်ဖို့နဲ့ အလုပ်သမားတွေရဲ့ အကျိုး အလုပ်ရှင်တွေရဲ့အကျိုးကို ပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေးခဲ့ ကြတာဖြစ်ပါတယ်။ ဒါပေမယ့် မတ်လတုန်းက အလုပ်သမားတွေ ဘက်က သုံးပွင့်ဆိုင်ယန္တရား ရပ်ဆိုင်းခဲ့တယ်လို့ကြေညာတယ်။         
 

အကြောင်း အချက်ကအလုပ်သမားအငြင်းပွားမှုဥပဒေ ဖြေရှင်းရေးကိစ္စ အပါအဝင် အဖွဲ့အစည်းတွေ ရဲ့ဆောင်ရွက်ချက်တွေကိုလွှတ်တော်က ဥအဒေပြဌာန်းချက်တွေမှာ အလုပ်သမားတွေရဲ့ အကြံပြု ချက်တွေမပါမှာဆိုးလို့ဆို ပြီးတော့ရှိခဲ့တယ်။ အဲ့အတွက်ကိုတာဝန်ရှိပုဂ္ဂိုလ်တွေကခေါ်ယူဆောင်ရွက်ပေးခဲ့ပြီးပြီဖြစ်ပါတယ်။" လို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ကပြောကြားခဲ့ပါတယ်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က အလုပ်သမားထုဘက်က ကန့်ကွက်မှုတွေ ရှိသော်လည်းပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပြီဖြစ် တဲ့ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွား မှုဖြေရှင်းရေးဥပဒေပဒေကို ပြန်လည်သုံးသပ်သွားမယ်လို့လည်း ဒီကနေ့အခမ်းအနားကိုတက်ရောက် လာကြတဲ့သတင်းမီဒီယာတွေရဲ့မေးမြန်းမှုကိုဖြေကြားခဲ့ပါသေးတယ်။

ဒါ့အပြင်အလုပ်သမားအဖွဲ့အစည်းများဘက်မှ အစိုးရ၊အလုပ်ရှင်၊အလုပ်သမား  သုံးပွင့်ဆိုင် ယန္တရား များအားလုံးရှိ CTUM နှင့် MICS-TUsF တို့၏ပူးပေါင်းဆောင်ရွက်မှုအားလုံး ဆိုင်းငံ့ထားခြင်းကို ပယ်ဖျက်ပြီး သုံးပွင့်ဆိုင်ယန္တရားတွင်  ပြန်လည်ပါဝင် သွားမည်ဖြစ်ကြောင်းကိုလည်း ဒီကနေ့ မေ ၂၅ ရက်မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။

 ပြေသိမ်း
ရန်ကုန်၊မေ ၂၅

(  Zawgyi   )

  အစိုးရ၊အလုပ္ရွင္ အလုပ္သမားပါဝင္သည့္ သုံးပြင့္ဆိုင္ယႏၲရားအမ်ိဳးသား အဆင့္ေတြ႕ဆုံေဆြးေႏြး ပြဲတစ္ ရပ္ကို ဒီကေန႔ ေမ ၂၅ ရက္၊မြန္းလြဲပိုင္းအခ်ိန္က ရန္ကုန္ၿမိဳ႕ရွိ ဆီဒိုးနားဟိုတယ္မွာ ျပဳလုပ္ခဲ့ ပါတယ္။
                                                             
ယင္းအခမ္းအနားသို႔အလုပ္သမား၊လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြ၊အလုပ္ရွင္ အလုပ္သမားအဖြဲ႕အစည္းမ်ား၊ILO မွတာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကတာပါ။

"အမ်ိဳးသားအဆင့္ဖိုရမ္ဆိုတာ အစိုးရ၊အလုပ္ရွင္ အလုပ္သမားသုံးပြင့္ဆိုင္ေပါ့။ILO ကလည္းပါတယ္။ အခုက(၁၃) ႀကိမ္ေျမာက္ေတြ႕ဆုံ ေဆြးေႏြးျခင္းျဖစ္ပါတယ္။ ဒီကေန႔ သုံးပြင့္ဆိုင္ေဆြးေႏြးပြဲမွာ လာမယ့္ ဂ်နီဗာအလုပ္သမားညီလာခံမွာ  တင္မယ့္ ျမန္မာႏိုင္ငံနဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေတြ ကိုေဆြးေႏြးမယ္။ၿပီးရင္ျမန္မာႏိုင္ငံကေဆာင္႐ြက္ေနတဲ့ ယႏၲရားႏွင့္ပတ္သက္ၿပီး ေဆြးေႏြးထား တာေတြကိုအလုပ္ရွင္ အလုပ္သမားေတြကိုအသိအမွတ္ျပဳေအာင္ သူတို႔ရဲ႕အႀကံဉာဏ္ ကို ရယူႏိုင္ေအာင္ အလုပ္ရွင္ အလုပ္သမားေတြအေနနဲ႔ေရွ႕ဆက္လက္ၿပီး ေတာ့မွသုံးပြင့္ဆိုင္ပူးေပါင္းဖို႔ ဒီယႏၲရားမွာ ပါဝင္ေဆာင္႐ြက္ဖို႔နဲ႔ အလုပ္သမားေတြရဲ႕ အက်ိဳး အလုပ္ရွင္ေတြရဲ႕အက်ိဳးကို ပူးေပါင္းေဆာင္႐ြက္ဖို႔ေဆြးေႏြးခဲ့ ၾကတာျဖစ္ပါတယ္။ ဒါေပမယ့္ မတ္လတုန္းက အလုပ္သမားေတြ ဘက္က သုံးပြင့္ဆိုင္ယႏၲရား ရပ္ဆိုင္းခဲ့တယ္လို႔ေၾကညာတယ္။         
 
အေၾကာင္း အခ်က္ကအလုပ္သမားအျငင္းပြားမႈဥပေဒ ေျဖရွင္းေရးကိစၥ အပါအဝင္ အဖြဲ႕အစည္းေတြ ရဲ႕ေဆာင္႐ြက္ခ်က္ေတြကိုလႊတ္ေတာ္က ဥအေဒျပဌာန္းခ်က္ေတြမွာ အလုပ္သမားေတြရဲ႕ အႀကံျပဳ ခ်က္ေတြမပါမွာဆိုးလို႔ဆိုၿပီးေတာ့ရွိခဲ့တယ္။အဲ့အတြက္ကိုတာဝန္ရွိပုဂၢိဳလ္ေတြကေခၚယူေဆာင္႐ြက္ေပးခဲ့ၿပီးၿပီျဖစ္ပါတယ္။" လို႔ ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြ ကေျပာၾကားခဲ့ပါတယ္။

ဆက္လက္၍ ျပည္ေထာင္စုဝန္ႀကီး က အလုပ္သမားထုဘက္က ကန႔္ကြက္မႈေတြ ရွိေသာ္ လည္းျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳလိုက္ၿပီျဖစ္ တဲ့ အလုပ္ရွင္၊ အလုပ္သမား အျငင္းပြား မႈေျဖရွင္းေရးဥပေဒပေဒကို ျပန္လည္သုံးသပ္သြားမယ္လို႔လည္း ဒီကေန႔အခမ္းအနားကိုတက္ေရာက္ လာၾကတဲ့သတင္းမီဒီယာေတြရဲ႕ေမးျမန္းမႈကိုေျဖၾကားခဲ့ပါေသးတယ္။

ဒါ့အျပင္အလုပ္သမားအဖြဲ႕အစည္းမ်ားဘက္မွ အစိုးရ၊အလုပ္ရွင္၊အလုပ္သမား  သုံးပြင့္ဆိုင္ ယႏၲရား မ်ားအားလုံးရွိ CTUM ႏွင့္ MICS-TUsF တို႔၏ပူးေပါင္းေဆာင္႐ြက္မႈအားလုံး ဆိုင္းငံ့ထားျခင္းကို ပယ္ဖ်က္ၿပီး သုံးပြင့္ဆိုင္ယႏၲရားတြင္  ျပန္လည္ပါဝင္ သြားမည္ျဖစ္ေၾကာင္းကိုလည္း ဒီကေန႔ ေမ ၂၅ ရက္မွာထုတ္ျပန္ေၾကညာခဲ့ပါတယ္။

 ေျပသိမ္း
ရန္ကုန္၊ေမ ၂၅