အထက်တန်းကျောင်းများတွင် ကွန်ပျူတာများ ဖြန့်ဝေပေးရန် စီစဉ်လျှက်ရှိဟု ဆို

အထက်တန်းကျောင်းများတွင် ကွန်ပျူတာများ ဖြန့်ဝေပေးရန် စီစဉ်လျှက်ရှိဟု ဆို

အထက်တန်းကျောင်းများတွင် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်၌ ကွန်ပျူတာများ ဖြန့်ဝေပေးရန် စီစဉ်ဆောင်ရွက်လျှက်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကြီး က ယနေ့ သြဂုတ်လ ၁၉ ရက် နံနက်ပိုင်းက နေပြည်တော် မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ဒစ်ဂျစ်တယ် စာတတ်မြောက်ရေး၊ အွန်လိုင်းကို လုံလုံခြုံခြုံနှင့် လိုက်လျောညီထွေစွာ အသုံးပြုတတ်ရေး စီမံကိန်းမိတ်ဆက်ပွဲ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

“ပညာရေးဝန်ကြီးဌာနမှ လိုအပ်ချက်သည် အင်မတန်မှ များပြားပါတယ်။လိုအပ်ချက်များပြားတယ်ဆိုတာ နှစ်ပေါင်းများစွာ ဆရာ၊ ဆရာမများသည် မြေဖြူဖိုးတောင် ရလာခဲ့တာမဟုတ်ဘူး။အဲ့ဒီအတွက် အခုမှ ကျွန်တော်တို့က စတင်ပြီးတော့ ကျောင်းတွေရဲ့ လိုအပ်ချက်တွေအရ ဆရာ၊ ဆရာမ လိုတာတွေ၊ ကျောင်းဆောင်လိုတာတွေ၊ စာကြည့်တိုက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် စတင်နေဆဲကာလ ဖြစ်ပါတယ်။အဲ့ဒီအတွက် ကျွန်တော်တို့ ဖြည့်ဆည်းပေးတာတွေသည် ဘယ်လောက်ပဲ ဖြည့်ဆည်းပေးတယ်ပြောပြော လုံလောက်ပြည့်စုံမှုသည် ဘယ်ကျောင်းမှာမှ မရှိပါဘူး။ဆရာ၊ ဆရာမ လိုနေတာနဲ့၊ ကျောင်းဆောင်လိုနေတာနဲ့၊ စာသင်ခုံလိုနေတာနဲ့။စာကြည့်တိုက်မှာ လိုနေတာနဲ့၊ သန့်စင်ခန်းသန့်ရှင်းဖို့ လိုနေတာနဲ့၊ ကျောင်းဖွံ့ဖြိုးတိုးတက်ဖို့ လိုနေတာနဲ့၊ အဲ့ဒီအတွက် ဒီလိုအခြေခံကျတဲ့ ICT ပစ္စည်းတွေကို ထောက်ပံ့ပေးဖို့အတွက် အခုမှ အခြေခံပညာဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာမှ အထက်တန်းကျောင်းတွေမှာ ကွန်ပျူတာတွေကို ဖြန့်ဝေပေးဖို့ စီမံဆောင်ရွက်နေတယ်” လို့ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

ယနေ့အခမ်းအနားသည် တယ်လီနောမြန်မာနှင့် Plan Internation တို့ စတင်ပူးပေါင်း၍ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ အသက် ၁၀ နှစ်မှ ၁၈ အတွင်း ကျောင်းသား၊ ကျောင်းသူ ၇၄၀၀၀၀ အား ဒီဂျစ်တယ်နည်းပညာ ဘေးကင်းလုံခြုံမှုရှိစေရန် အသိပညာပေးခြင်းနှင့် တာဝန်ယူမှုရှိသော အင်တာနက်အသုံးပြုမှု ဖြစ်ပေါ်ရေးတို့အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး ၂ နှစ်ကြာမြင့်မှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

PTG
နေပြည်တော်၊ သြဂုတ် - ၁၉

( Zawgyi )

အထက္တန္းေက်ာင္းမ်ားတြင္ ၂၀၁၉-၂၀ ဘ႑ာေရးႏွစ္၌ ကြန္ပ်ဴတာမ်ား ျဖန႔္ေဝေပးရန္ စီစဥ္ေဆာင္႐ြက္လွ်က္ရွိတယ္လို႔ ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိန္းႀကီး က ယေန႔ ၾသဂုတ္လ ၁၉ ရက္ နံနက္ပိုင္းက ေနျပည္ေတာ္ မဂၤလာသီရိဟိုတယ္တြင္ က်င္းပျပဳလုပ္သည့္ ဒစ္ဂ်စ္တယ္ စာတတ္ေျမာက္ေရး၊ အြန္လိုင္းကို လုံလုံၿခဳံၿခဳံႏွင့္ လိုက္ေလ်ာညီေထြစြာ အသုံးျပဳတတ္ေရး စီမံကိန္းမိတ္ဆက္ပြဲ အခမ္းအနားမွာ ေျပာၾကားခဲ့ပါတယ္။

“ပညာေရးဝန္ႀကီးဌာနမွ လိုအပ္ခ်က္သည္ အင္မတန္မွ မ်ားျပားပါတယ္။လိုအပ္ခ်က္မ်ားျပားတယ္ဆိုတာ ႏွစ္ေပါင္းမ်ားစြာ ဆရာ၊ ဆရာမမ်ားသည္ ေျမျဖဴဖိုးေတာင္ ရလာခဲ့တာမဟုတ္ဘူး။အဲ့ဒီအတြက္ အခုမွ ကြၽန္ေတာ္တို႔က စတင္ၿပီးေတာ့ ေက်ာင္းေတြရဲ႕ လိုအပ္ခ်က္ေတြအရ ဆရာ၊ ဆရာမ လိုတာေတြ၊ ေက်ာင္းေဆာင္လိုတာေတြ၊ စာၾကည့္တိုက္ေတြကို ျဖည့္ဆည္းေပးဖို႔အတြက္ စတင္ေနဆဲကာလ ျဖစ္ပါတယ္။အဲ့ဒီအတြက္ ကြၽန္ေတာ္တို႔ ျဖည့္ဆည္းေပးတာေတြသည္ ဘယ္ေလာက္ပဲ ျဖည့္ဆည္းေပးတယ္ေျပာေျပာ လုံေလာက္ျပည့္စုံမႈသည္ ဘယ္ေက်ာင္းမွာမွ မရွိပါဘူး။ဆရာ၊ ဆရာမ လိုေနတာနဲ႔၊ ေက်ာင္းေဆာင္လိုေနတာနဲ႔၊ စာသင္ခုံလိုေနတာနဲ႔။စာၾကည့္တိုက္မွာ လိုေနတာနဲ႔၊ သန႔္စင္ခန္းသန႔္ရွင္းဖို႔ လိုေနတာနဲ႔၊ ေက်ာင္းဖြံ႕ၿဖိဳးတိုးတက္ဖို႔ လိုေနတာနဲ႔၊ အဲ့ဒီအတြက္ ဒီလိုအေျခခံက်တဲ့ ICT ပစၥည္းေတြကို ေထာက္ပံ့ေပးဖို႔အတြက္ အခုမွ အေျခခံပညာဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္မွာမွ အထက္တန္းေက်ာင္းေတြမွာ ကြန္ပ်ဴတာေတြကို ျဖန႔္ေဝေပးဖို႔ စီမံေဆာင္႐ြက္ေနတယ္” လို႔ ေျပာၾကားခဲ့ျခင္း ျဖစ္ပါတယ္။

ယေန႔အခမ္းအနားသည္ တယ္လီေနာျမန္မာႏွင့္ Plan Internation တို႔ စတင္ပူးေပါင္း၍ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး အသီးသီးရွိ အသက္ ၁၀ ႏွစ္မွ ၁၈ အတြင္း ေက်ာင္းသား၊ ေက်ာင္းသူ ၇၄၀၀၀၀ အား ဒီဂ်စ္တယ္နည္းပညာ ေဘးကင္းလုံၿခဳံမႈရွိေစရန္ အသိပညာေပးျခင္းႏွင့္ တာဝန္ယူမႈရွိေသာ အင္တာနက္အသုံးျပဳမႈ ျဖစ္ေပၚေရးတို႔အတြက္ ရည္႐ြယ္ျပဳလုပ္ျခင္းျဖစ္ၿပီး ၂ ႏွစ္ၾကာျမင့္မွာ ျဖစ္တယ္လို႔ သိရွိရပါတယ္။

PTG
ေနျပည္ေတာ္၊ ၾသဂုတ္ - ၁၉