အထပ်မြင့်တိုက်များ ကြံခိုင်မှုအခြေအနေ ပြန်လည်ဆန်းစစ်မည့် Pilot Project အဖြစ် လုပ်ဆောင်ရန် ပြင်ဆင်နေ

အထပ်မြင့်တိုက်များ ကြံခိုင်မှုအခြေအနေ ပြန်လည်ဆန်းစစ်မည့် Pilot Project အဖြစ် လုပ်ဆောင်ရန် ပြင်ဆင်နေ

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ယခင်က တည်ဆောက်ထားသော အထပ်မြင့် တိုက်တာအဆောက်အအုံ တွေရဲ့ လက်ရှိ ကာလကြံ့ခိုင်မှု အခြေအနေကို ပြန်လည်ဆန်းစစ်နိုင်ရန် ရှေ့ပြေးစီမံချက် (Pilot Project) တစ်ခုကို လုပ်ဆောင်သွားဖို့ ပြင်ဆင်နေလျက်ရှိကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရပါတယ်။

“အခုကာလမှာ ကြံ့ခိုင်မှုအနေအထားက ဘယ်လိုရှိသလဲ ကောင်းမွန်တဲ့အနေအထားရှိသလား စိုးရိမ်စရာ အနေအထားဖြစ်သလားဆိုတာမျိုးကို ပြန်လည်ဆန်းစစ်တာတွေနဲ့ လုပ်ဆောင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်၊ အခုလို လုပ်ဆောင်မယ့်အစီအစဉ်ဟာ တိုင်းဒေသကြီး အစိုးရအဖွ့ဲရဲ့ ဦးဆောင်မှုနဲ့ လုပ်ဆောင်သွားမယ့် အစီအစဉ်လည်းဖြစ်ပါတယ်”လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ရှင်းပြပါတယ်။

ထို Pilot Project ကို တာမွေမြို့နယ်မှာ လုပ်ဆောင်ရန် လျာထားသော်လည်း လုပ်ငန်းအစီအစဉ်တွေ အတွက် ပြင်ဆင်ဆောင်ရွက်ဆဲဖြစ်သလို အသစ်တည်ဆောက်ဖို့ လိုအပ်ချက်များရှိလာပါက ချေးငွေအစီအစဉ်တွေနဲ့ ချိတ်ဆက်လုပ်ဆောင်နိုင်ဖို့လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆွေးနွေးတာတွေကို လုပ်ဆောင်နေလျက် ရှိပါတယ်။

ရန်ကုန်မြို့မှာ လူနေထူထပ်လာတာနဲ့အတူ အထပ်မြင့်အဆောက်အအုံတွေဟာ လိုအပ်သော်လည်း ယခင် နှစ် ၃၀ ဝန်းကျင်လောက်က တည်ဆောက်ထားကြတဲ့ တိုက်တွေမှာ ကန်ထရိုက်အမျိုးမျိုးဖြင့် တိုက်ပုံစံအမျိုးမျိုးကို ဖြစ်သလို လုပ်ဆောင်တာတွေရှိကြောင်း၊ ထို့ကြောင့် မလိုလားအပ်သော သဘာ၀ ဘေးအန္တရာယ်များ ကြုံလာပါက ထိခိုက်ဆုံးရှုံးမှုများ မဖြစ်စေရန်အတွက် အစီမံတွေချမှတ် ဆောင်ရွက်ရန် လုပ်ဆောင်ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။

 “Quarlity အားဖြင့် မပြည့်မီတော့လို့ ပြန်လည်ပြီး လုပ်ဆောင်ရမယ် ဆိုရင် လက်ရှိနေထိုင်သူတွေနဲ့ ဆွေးနွေးရမှာဖြစ်ပါတယ်၊ ဥပမာပြောရင် ခြောက်ထပ်တိုက်ကို ၁၂ ခန်း ရှစ်ထပ်တိုက်ကို ၁၆ ခန်း အဲ့ဒီလို တစ်ခန်းချင်းစီက တစ်ဦးစီပိုင်ဆိုင်တာတွေရှိတော့ ပြုပြင်တာတွေလုပ်မယ်ဆိုရင် ဒီကဏ္ဍတွေဟာ အလွန်ရှုပ်ထွေးတဲ့ ကဏ္ဍတွေလည်းဖြစ်တာကြောင့် လုပ်ငန်းအစီအစဉ်တွေအတွက် မြေပြင်မှာမလုပ်ဆောင်ခင်မှာ ကြိုတင်ပြီး
တော့ ဆွေးနွေးတာတွေကို လုပ်ဆောင်နေပါတယ်”လို့ သူက ဆက်လက်ရှင်းပြပါတယ်။

ထိုအထပ်မြင့်တိုက်တာ အဆောက်အအုံတွေဟာ ၁၉၈၉ ခုနှစ်လောက်က အများအပြား စတင်လုပ်ဆောင်လာခဲ့ပြီး ၁၉၉၃ ခုနှစ်လောက်တွင် မြို့နယ်အများစုမှာ အပြိုင်အဆိုင်နဲ့ ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်လာတဲ့ အခြေအနေမျိုးဖြစ်လာခဲ့ပါတယ်။

ဇွဲမာန်
ရန်ကုန်၊ သြဂုတ် ၉

(  Zawgyi  )

 ရန္ကုန္တိုင္းေဒသႀကီးအတြင္းတြင္ ယခင္က တည္ေဆာက္ထားေသာ အထပ္ျမင့္ တိုက္တာအေဆာက္အအုံ ေတြရဲ႕ လက္ရွိ ကာလႀကံ့ခိုင္မႈ အေျခအေနကို ျပန္လည္ဆန္းစစ္ႏိုင္ရန္ ေရွ႕ေျပးစီမံခ်က္ (Pilot Project) တစ္ခုကို လုပ္ေဆာင္သြားဖို႔ ျပင္ဆင္ေနလ်က္ရွိေၾကာင္း ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနမွ သိရပါတယ္။

“အခုကာလမွာ ႀကံ့ခိုင္မႈအေနအထားက ဘယ္လိုရွိသလဲ ေကာင္းမြန္တဲ့အေနအထားရွိသလား စိုးရိမ္စရာ အေနအထားျဖစ္သလားဆိုတာမ်ိဳးကို ျပန္လည္ဆန္းစစ္တာေတြနဲ႔ လုပ္ေဆာင္ဖို႔ ျပင္ဆင္ေနတာ ျဖစ္ပါတယ္၊ အခုလို လုပ္ေဆာင္မယ့္အစီအစဥ္ဟာ တိုင္းေဒသႀကီး အစိုးရအဖြ႕ဲရဲ႕ ဦးေဆာင္မႈနဲ႔ လုပ္ေဆာင္သြားမယ့္ အစီအစဥ္လည္းျဖစ္ပါတယ္”လို႔ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉး ဦးဝင္းႏိုင္က ရွင္းျပပါတယ္။

ထို Pilot Project ကို တာေမြၿမိဳ႕နယ္မွာ လုပ္ေဆာင္ရန္ လ်ာထားေသာ္လည္း လုပ္ငန္းအစီအစဥ္ေတြ အတြက္ ျပင္ဆင္ေဆာင္႐ြက္ဆဲျဖစ္သလို အသစ္တည္ေဆာက္ဖို႔ လိုအပ္ခ်က္မ်ားရွိလာပါက ေခ်းေငြအစီအစဥ္ေတြနဲ႔ ခ်ိတ္ဆက္လုပ္ေဆာင္ႏိုင္ဖို႔လည္း သက္ဆိုင္ရာတာဝန္ရွိသူေတြက ေဆြးေႏြးတာေတြကို လုပ္ေဆာင္ေနလ်က္ ရွိပါတယ္။

ရန္ကုန္ၿမိဳ႕မွာ လူေနထူထပ္လာတာနဲ႔အတူ အထပ္ျမင့္အေဆာက္အအုံေတြဟာ လိုအပ္ေသာ္လည္း ယခင္ ႏွစ္ ၃၀ ဝန္းက်င္ေလာက္က တည္ေဆာက္ထားၾကတဲ့ တိုက္ေတြမွာ ကန္ထ႐ိုက္အမ်ိဳးမ်ိဳးျဖင့္ တိုက္ပုံစံအမ်ိဳးမ်ိဳးကို ျဖစ္သလို လုပ္ေဆာင္တာေတြရွိေၾကာင္း၊ ထို႔ေၾကာင့္ မလိုလားအပ္ေသာ သဘာ၀ ေဘးအႏၲရာယ္မ်ား ႀကဳံလာပါက ထိခိုက္ဆုံးရႈံးမႈမ်ား မျဖစ္ေစရန္အတြက္ အစီမံေတြခ်မွတ္ ေဆာင္႐ြက္ရန္ လုပ္ေဆာင္ၾကျခင္းျဖစ္တယ္လို႔ သိရပါတယ္။

 “Quarlity အားျဖင့္ မျပည့္မီေတာ့လို႔ ျပန္လည္ၿပီး လုပ္ေဆာင္ရမယ္ ဆိုရင္ လက္ရွိေနထိုင္သူေတြနဲ႔ ေဆြးေႏြးရမွာျဖစ္ပါတယ္၊ ဥပမာေျပာရင္ ေျခာက္ထပ္တိုက္ကို ၁၂ ခန္း ရွစ္ထပ္တိုက္ကို ၁၆ ခန္း အဲ့ဒီလို တစ္ခန္းခ်င္းစီက တစ္ဦးစီပိုင္ဆိုင္တာေတြရွိေတာ့ ျပဳျပင္တာေတြလုပ္မယ္ဆိုရင္ ဒီက႑ေတြဟာ အလြန္ရႈပ္ေထြးတဲ့ က႑ေတြလည္းျဖစ္တာေၾကာင့္ လုပ္ငန္းအစီအစဥ္ေတြအတြက္ ေျမျပင္မွာမလုပ္ေဆာင္ခင္မွာ ႀကိဳတင္ၿပီး
ေတာ့ ေဆြးေႏြးတာေတြကို လုပ္ေဆာင္ေနပါတယ္”လို႔ သူက ဆက္လက္ရွင္းျပပါတယ္။

ထိုအထပ္ျမင့္တိုက္တာ အေဆာက္အအုံေတြဟာ ၁၉၈၉ ခုႏွစ္ေလာက္က အမ်ားအျပား စတင္လုပ္ေဆာင္လာခဲ့ၿပီး ၁၉၉၃ ခုႏွစ္ေလာက္တြင္ ၿမိဳ႕နယ္အမ်ားစုမွာ အၿပိဳင္အဆိုင္နဲ႔ က်ယ္က်ယ္ျပန႔္ျပန႔္ တည္ေဆာက္လာတဲ့ အေျခအေနမ်ိဳးျဖစ္လာခဲ့ပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ၾသဂုတ္ ၉