အနည်းဆုံးအခကြေးငွေ ဥပဒေ မပြင်ဆင်ရန် အလုပ်သမားအဖွဲ့အစည်းများ တောင်းဆို

အနည်းဆုံးအခကြေးငွေ ဥပဒေ  မပြင်ဆင်ရန် အလုပ်သမားအဖွဲ့အစည်းများ တောင်းဆို

၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေ ဥပဒေပါပြဌာန်းချက်များကိုပြင်ဆင်ခြင်းမပြုဘဲမူလအတိုင်း ထားရှိပေးဖို့ အလုပ်သမား အဖွဲ့အစည်းများက တိုက်တွန်းတောင်းဆိုလိုက်ကြပါတယ်။ယခု ၂၀၂၀ ခုနှစ်၊ဇန်နဝါရီ ၃၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ဒုတိယ အကြိမ်၊အမျိုးသား လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းဝေးတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်တွင်း၊ပြည်ပ အလုပ်သမား ဆိုင်ရာကော်မတီ ဥက္ကဌ ဦးကျော်ထွေးတင်သွင်းခဲ့တဲ့ အနည်းဆုံးအခကြေးငွေဥပဒေ  ၂၀၁၃ ခုနှစ်ကို ပြင်ဆင်သည့် ဥပဒေကြမ်းပါ မူလဥပဒေပြဌာန်းချက်ဖြစ်သည့် အနည်းဆုံး အခကြေးငွေကို ၂ နှစ်လျှင် အနည်းဆုံးတစ်ကြိမ်ပြင် ဆင်သတ်မှတ် ရမည်ကို ပြောင်းလဲ မည့် ပြင်ဆင်ချက်အား ကန့်ကွက်ကြောင်းကိုလည်း အလုပ်သမားအဖွဲ့အစည်းများက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါကိစ္စရပ်တွေနှင့်ပတ်သက်ပြီး အလုပ်သမားအဖွဲ့အစည်းများကပူးပေါင်း၍ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကိုလည်း  ဖေဖော်ဝါရီ ၃ ရက်နေ့က  ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်မှာရှိတဲ့ SKY HOTEL မှာပြု လုပ်ခဲ့ ကြတာပါ။ “အနည်းဆုံးအခကြေးငွေ ဥပဒေပြင်ဆင်မှုကို ဘာကြောင့်ကန့်ကွက်ရသလဲဆိုရင် အခုက ကျနော်တို့နိုင်ငံ ရဲ့အခြေအနေအရ  သုံးနှစ်၊လေးနှစ်ဖြစ်လို့မရဘူး။ ကျနော်တို့နိုင်ငံက တစ်နေ့ တစ်နေ့ ကုန်ဈေးနှုန်းကတအား ကိုတိုးလာတာများတယ်။ ကျနော်တို့ရတဲ့လုပ်ခလစာနဲ့ မကာမိဘူး။အဲ့တော့ကျနော်တို့ အခုကတစ်နှစ် တစ်ကြိမ် လို့တောင်တောင်းဆိုနေတာ  အခုနှစ်နှစ်တစ်ကြိမ်သာဖြစ်ရင် စိုးရိမ်ဖွယ်ရာဖြစ်တယ်လို့ ကျနော်တို့အနေနဲ့ယူဆ ပါတယ်။

ဒါကြောင့်လည်း ကျနော်တို့ကန့်ကွက်ပါတယ်။နောက်တစ်ခုကတော့ အလုပ်သမားတွေက  ပိတ်ဆို့ဆန္ဒပြ တယ်ဆိုတာက  အလုပ်သမား တွေ ဆန္ဒပြတာ ပိတ်ဆို့တာကိုပဲပြောနေတယ်။အလုပ်ရှင်နဲ့အစိုးရက  အဲ့အလုပ်သမားတွေ ဘာလို့ပိတ်ဆို့တာလဲဆိုတာကို မဆွေးနွေး ပါဘူး။အဲ့တော့ကျနော်ပြောချင်တာက အဲ့အလုပ်သမား တွေရဲ့တောင်းဆိုချက်တွေကို သွားကြည့်လိုက်ပါ လို့ပြောချင်ပါတယ် ”လို့ မြန်မာနိုင်ငံစက်မှု၊လက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS)မှ ကိုနေလင်းအောင် ကပြောပါတယ်။

ဒါ့အပြင် ၂၀၁၃ ခုနှစ်၊အနည်းဆုံးအခကြေးငွေဥပဒေကို ပြင်ဆင်ရန်အတွက် အမျိုးသားလွှတ်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ကော်မတီနှင့်အစိုးရ ၊အလုပ်ရှင် အလုပ်သမား သုံးပွင့်ဆိုင်တို့သည်  (၂)ကြိမ်တွေ့ဆုံခဲ့သော်လည်း    မည်သည့် သဘောတူညီချက်မျှကိုမရရှိခဲ့ဘူးလို့လည်း အလုပ်သမားအဖွဲ့အစည်းများက ဆိုပါတယ်။  

“ပြည်သူလူထုတွေ အလုပ်သမားတွေ လယ်သမားတွေအားလုံးက ယုံယုံကြည်ကြည်နဲ့ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ် အဲ့ဒီအစိုးရတစ်ရပ်အနေနဲ့ ကျနော်တို့ လက်ရှိတည်ဆဲဥပဒေပြဌာန်းချက်တွေကိုပြောင်းလဲပြင်ဆင်ဖို့ကြိုးစားတဲ့ အခါမှာ တချို့ ဥပဒေ အားနည်းချက်တွေ  ဥပဒေပြဌာန်းချက်ဖောင်းပွမှုတွေ ပြုပြင်ပြောင်းလဲတာ အချိန်ယူပြီး ပြင်ဆင်ပြောင်းလဲတာကို ကျနော်တို့ လက်ခံ လို့ရပါတယ်။ဒါပေမယ့် ကျနော်တို့ အနည်းဆုံးအခကြေးငွေ ဥပဒေကို ပြောင်းလဲဖို့ကြိုးစားတာကိုတော့  ကျနော်တို့လက်မခံနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့  တနေ့ထက်တနေ့ ကျနော်တို့  နေထိုင်စားသောက်ရတဲ့ မြေပြင်အခြေအနေတွေက မတူညီကြပါဘူး။ ဘာလို့လဲဆိုတော့  နေ့စဉ်နဲ့အမျှတက်လာတဲ့ ကုန်ဈေးနှုန်းတွေ ငွေကြေးဖောင်းပွမှုတွေရှိပါတယ်။”လို့ အခြေခံ အလုပ်သမားများ
ကွန်ရက်မှ မလှလှကပြောပါတယ်။

ယခုကဲ့သို့ ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေ ဥပဒေပါပြဌာန်းချက်များကို ပြင်ဆင်ခြင်း မပြုဘဲ မူလအတိုင်း ထားရှိပေးဖို့ တောင်းဆိုရတာဟာ ဆင်းရဲမွဲတေခြင်း ဆင်းရဲချမ်းသာကွာခြားချက်ကြီးမားခြင်း၊ တန်းတူညီမျှမှုမရှိခြင်း၊ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် စားသုံးသူအညွှန်းကိန်းများတိုးတက်နေခြင်း စသည့်အချက်များကြောင့်ဖြစ်တယ်လို့ အလုပ်သမားအဖွဲ့အစည်းများက ဆိုပါတယ်။

ပြေသိမ်း
ရန်ကုန်၊ဖေဖော်ဝါရီ ၄

(  Zawgyi  )

 ၂၀၁၃ ခုႏွစ္၊ အနည္းဆုံးအခေၾကးေငြ ဥပေဒပါျပဌာန္းခ်က္မ်ားကိုျပင္ဆင္ျခင္းမျပဳဘဲမူလအတိုင္း ထားရွိေပးဖို႔ အလုပ္သမား အဖြဲ႕အစည္းမ်ားက တိုက္တြန္းေတာင္းဆိုလိုက္ၾကပါတယ္။ယခု ၂၀၂၀ ခုႏွစ္၊ဇန္နဝါရီ ၃၀ ရက္ေန႔က က်င္းပျပဳလုပ္ခဲ့တဲ့ ဒုတိယ အႀကိမ္၊အမ်ိဳးသား လႊတ္ေတာ္ (၁၅)ႀကိမ္ေျမာက္ပုံမွန္အစည္းေဝးတြင္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္တြင္း၊ျပည္ပ အလုပ္သမား ဆိုင္ရာေကာ္မတီ ဥကၠဌ ဦးေက်ာ္ေထြးတင္သြင္းခဲ့တဲ့ အနည္းဆုံးအခေၾကးေငြဥပေဒ  ၂၀၁၃ ခုႏွစ္ကို ျပင္ဆင္သည့္ ဥပေဒၾကမ္းပါ မူလဥပေဒျပဌာန္းခ်က္ျဖစ္သည့္ အနည္းဆုံး အခေၾကးေငြကို ၂ ႏွစ္လွ်င္ အနည္းဆုံးတစ္ႀကိမ္ျပင္ ဆင္သတ္မွတ္ ရမည္ကို ေျပာင္းလဲ မည့္ ျပင္ဆင္ခ်က္အား ကန႔္ကြက္ေၾကာင္းကိုလည္း အလုပ္သမားအဖြဲ႕အစည္းမ်ားက ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

အဆိုပါကိစၥရပ္ေတြႏွင့္ပတ္သက္ၿပီး အလုပ္သမားအဖြဲ႕အစည္းမ်ားကပူးေပါင္း၍ သတင္းစာရွင္းလင္းပြဲ တစ္ရပ္ကိုလည္း  ေဖေဖာ္ဝါရီ ၃ ရက္ေန႔က  ရန္ကုန္ၿမိဳ႕၊လႈိင္သာယာၿမိဳ႕နယ္မွာရွိတဲ့ SKY HOTEL မွာျပဳ လုပ္ခဲ့ ၾကတာပါ။ “အနည္းဆုံးအခေၾကးေငြ ဥပေဒျပင္ဆင္မႈကို ဘာေၾကာင့္ကန႔္ကြက္ရသလဲဆိုရင္ အခုက က်ေနာ္တို႔ႏိုင္ငံ ရဲ႕အေျခအေနအရ  သုံးႏွစ္၊ေလးႏွစ္ျဖစ္လို႔မရဘူး။ က်ေနာ္တို႔ႏိုင္ငံက တစ္ေန႔ တစ္ေန႔ ကုန္ေဈးႏႈန္းကတအား ကိုတိုးလာတာမ်ားတယ္။ က်ေနာ္တို႔ရတဲ့လုပ္ခလစာနဲ႔ မကာမိဘူး။အဲ့ေတာ့က်ေနာ္တို႔ အခုကတစ္ႏွစ္ တစ္ႀကိမ္ လို႔ေတာင္ေတာင္းဆိုေနတာ  အခုႏွစ္ႏွစ္တစ္ႀကိမ္သာျဖစ္ရင္ စိုးရိမ္ဖြယ္ရာျဖစ္တယ္လို႔ က်ေနာ္တို႔အေနနဲ႔ယူဆ ပါတယ္။

ဒါေၾကာင့္လည္း က်ေနာ္တို႔ကန႔္ကြက္ပါတယ္။ေနာက္တစ္ခုကေတာ့ အလုပ္သမားေတြက  ပိတ္ဆို႔ဆႏၵျပ တယ္ဆိုတာက  အလုပ္သမား ေတြ ဆႏၵျပတာ ပိတ္ဆို႔တာကိုပဲေျပာေနတယ္။အလုပ္ရွင္နဲ႔အစိုးရက  အဲ့အလုပ္သမားေတြ ဘာလို႔ပိတ္ဆို႔တာလဲဆိုတာကို မေဆြးေႏြး ပါဘူး။အဲ့ေတာ့က်ေနာ္ေျပာခ်င္တာက အဲ့အလုပ္သမား ေတြရဲ႕ေတာင္းဆိုခ်က္ေတြကို သြားၾကည့္လိုက္ပါ လို႔ေျပာခ်င္ပါတယ္ ”လို႔ ျမန္မာႏိုင္ငံစက္မႈ၊လက္မႈႏွင့္ ဝန္ေဆာင္မႈလုပ္ငန္းေပါင္းစုံ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္(MICS)မွ ကိုေနလင္းေအာင္ ကေျပာပါတယ္။

ဒါ့အျပင္ ၂၀၁၃ ခုႏွစ္၊အနည္းဆုံးအခေၾကးေငြဥပေဒကို ျပင္ဆင္ရန္အတြက္ အမ်ိဳးသားလႊတ္ေတာ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္တြင္း၊ ျပည္ပ အလုပ္အကိုင္ဆိုင္ရာ ေကာ္မတီႏွင့္အစိုးရ ၊အလုပ္ရွင္ အလုပ္သမား သုံးပြင့္ဆိုင္တို႔သည္  (၂)ႀကိမ္ေတြ႕ဆုံခဲ့ေသာ္လည္း    မည္သည့္ သေဘာတူညီခ်က္မွ်ကိုမရရွိခဲ့ဘူးလို႔လည္း အလုပ္သမားအဖြဲ႕အစည္းမ်ားက ဆိုပါတယ္။  

“ျပည္သူလူထုေတြ အလုပ္သမားေတြ လယ္သမားေတြအားလုံးက ယုံယုံၾကည္ၾကည္နဲ႔ေ႐ြးခ်ယ္တင္ေျမႇာက္ထားတဲ့ အစိုးရတစ္ရပ္ အဲ့ဒီအစိုးရတစ္ရပ္အေနနဲ႔ က်ေနာ္တို႔ လက္ရွိတည္ဆဲဥပေဒျပဌာန္းခ်က္ေတြကိုေျပာင္းလဲျပင္ဆင္ဖို႔ႀကိဳးစားတဲ့ အခါမွာ တခ်ိဳ႕ ဥပေဒ အားနည္းခ်က္ေတြ  ဥပေဒျပဌာန္းခ်က္ေဖာင္းပြမႈေတြ ျပဳျပင္ေျပာင္းလဲတာ အခ်ိန္ယူၿပီး ျပင္ဆင္ေျပာင္းလဲတာကို က်ေနာ္တို႔ လက္ခံ လို႔ရပါတယ္။ဒါေပမယ့္ က်ေနာ္တို႔ အနည္းဆုံးအခေၾကးေငြ ဥပေဒကို ေျပာင္းလဲဖို႔ႀကိဳးစားတာကိုေတာ့  က်ေနာ္တို႔လက္မခံႏိုင္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့  တေန႔ထက္တေန႔ က်ေနာ္တို႔  ေနထိုင္စားေသာက္ရတဲ့ ေျမျပင္အေျခအေနေတြက မတူညီၾကပါဘူး။ ဘာလို႔လဲဆိုေတာ့  ေန႔စဥ္နဲ႔အမွ်တက္လာတဲ့ ကုန္ေဈးႏႈန္းေတြ ေငြေၾကးေဖာင္းပြမႈေတြရွိပါတယ္။”လို႔ အေျခခံ အလုပ္သမားမ်ား
ကြန္ရက္မွ မလွလွကေျပာပါတယ္။

ယခုကဲ့သို႔ ၂၀၁၃ ခုႏွစ္၊ အနည္းဆုံးအခေၾကးေငြ ဥပေဒပါျပဌာန္းခ်က္မ်ားကို ျပင္ဆင္ျခင္း မျပဳဘဲ မူလအတိုင္း ထားရွိေပးဖို႔ ေတာင္းဆိုရတာဟာ ဆင္းရဲမြဲေတျခင္း ဆင္းရဲခ်မ္းသာကြာျခားခ်က္ႀကီးမားျခင္း၊ တန္းတူညီမွ်မႈမရွိျခင္း၊ကုန္ေဈးႏႈန္းႀကီးျမင့္မႈႏွင့္ စားသုံးသူအၫႊန္းကိန္းမ်ားတိုးတက္ေနျခင္း စသည့္အခ်က္မ်ားေၾကာင့္ျဖစ္တယ္လို႔ အလုပ္သမားအဖြဲ႕အစည္းမ်ားက ဆိုပါတယ္။

ေျပသိမ္း
ရန္ကုန္၊ေဖေဖာ္ဝါရီ ၄