အနာကြီးရောဂါသည်များအား ခွဲခြားဆက်ဆံမှုမရှိအောင် လုပ်ဖို့သည် အားလုံး၏တာဝန်ဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်းပြောကြား

အနာကြီးရောဂါသည်များအား ခွဲခြားဆက်ဆံမှုမရှိအောင် လုပ်ဖို့သည် အားလုံး၏တာဝန်ဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်းပြောကြား

အနာကြီးရောဂါသည်များအား ခွဲခြားဆက်ဆံမှုမရှိအောင် လုပ်ဖို့သည် အားလုံး၏တာဝန်ဖြစ်ပြီး အစိုးရအနေနဲ့လည်း ဦးဆောင်ပြီးလုပ်ရန် တာဝန်ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက်၊ နံနက်ပိုင်းအချိန်က နေပြည်တော်၊ MICC-2 တွင် ကျင်းပပြုလုပ်တဲ့ အနာကြီးရောဂါ တိုက်ဖျက်ရေး ညီလာခံ ဖွင့်ပွဲအခမ်းအနားမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။

အခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အဖွင့်မိန့်ခွန်း ပြောကြားရာမှာ “ကျွန်မတို့ပြဿနာတစ်ခုကို ဖြေရှင်းချင်လို့ရှိရင် အဲ့ဒီပြဿနာနဲ့ ပတ်သက်တဲ့ အချက်အလက် စုံစုံလင်လင် သိနိုင်ဖို့ဟာ အရေးကြီးပါတယ်။ဒီတော့ ကျွန်မတို့ ပထမဦးဆုံး ကျွန်မတို့ နိုင်ငံသူနိုင်ငံသားများ နားလည်ဖို့ လိုတာက အနာကြီးရောဂါသည်ဟာ အပြစ်ရှိလို့ရတာ မဟုတ်ပါဘူး။တစ်ခြားသူတွေဆီက ကူးစက်တယ်ဆိုရင် ဘယ်လိုပုံစံနဲ့နေရင် ကူးစက်စရာအကြောင်း မရှိဘူးဆိုတာကိုလည်း လုံလုံလောက်လောက် ပညာပေးအစီအစဉ်တွေ မရှိလို့ဆိုတော့ ကျွန်မတို့ အုပ်ချုပ်ရေးပိုင်းက တာဝန်ယူရမှာပေါ့။ဒီလို ပညာပေးဖက်မှာ အားနည်းနေတယ်ဆိုရင် ဒါဟာ နိုင်ငံတော်အစိုးရရဲ့ တာဝန်သာဖြစ်တယ်။ပညာပေးရတဲ့နေရာမှာ ကျယ်ကျယ်ပြန့်ပြန့်ရနိုင်ဖို့ လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။မေမေက ငယ်ထဲက သင်ခဲ့တယ် အနာကြီးရောဂါသည်တွေကို ခွဲခြားမဆက်ဆံရဘူး၊ သူတို့နဲ့မထိရင် ဘယ်လို၊ သူတို့နဲ့ထိရင်ဘဲ ပြဿနာဖြစ်မလိုလို အဲ့သလိုစိတ်ထား မထားရဘူးလို့ သင်ခဲ့ရပါတယ်။ဒါဟာ ကျွန်မတို့ ပြည်သူပြည်သားအားလုံး သိဖို့လိုပါတယ်၊ သတိထားရမယ် အားလုံးကလည်း ဘယ်လိုပုံစံနဲ့နေလို့ရှိရင် ကူးနိုင်တယ်ဆိုတာကို သိဖို့လိုတယ်။သို့သော်ငြားလည်း အနာကြီးရောဂါသည်တွေကလည်း ဒီလိုပါဘဲ ဒီရောဂါရသွားတာကလွဲလို့ တခြား ကိုယ့်ထက်နိမ့်ကျသွားတာတွေ မရှိဘူးဆိုတာကို အားလုံးက နှလုံးသွင်းဖို့လိုပါတယ်။နောက်ဆုံးကျတော့ အဓိကဟာ စိတ်ဓာတ်ပါဘဲ၊ ဒီစိတ်ဓာတ်ကို ကျွန်မတို့ နိုင်ငံသူနိုင်ငံသားအားလုံး စိတ်ဓာတ်မြှင့်တင်ပေးဖို့ လုပ်တဲ့အခါမှာ ဘယ်ရောဂါသည်ကိုဘဲဖြစ်ဖြစ် ကျွန်မတို့ ခွဲခြားပြီး ဆက်ဆံတာ မသင့်တော်ပါဘူး။ဒါကြောင့် ခွဲခြားဆက်ဆံမှု မရှိအောင်လို့ လုပ်ဖို့ဟာ အားလုံးရဲ့တာဝန်ဖြစ်တယ်၊ ဒါဟာလူမှုပြဿနာတစ်ခု၊ လူမှုရေးပြဿနာတစ်ခုဘဲ အစိုးရအနေနဲ့ ဦးဆောင်ပြီးလုပ်ဖို့ တာဝန်ရှိပါတယ်” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။  

ဆက်လက်၍  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က “အနာကြီးရောဂါသည်တွေကို ခွဲခြားဆက်ဆံမှုမရှိအောင် လုပ်ဖို့ဆိုလို့ရှိရင် အနာကြီးရောဂါသည်တွေအနေနဲ့ မိမိတို့စွမ်းအားတွေပြနိုင်တဲ့ အခွင့်အရေး ဖန်တီးပေးရပါလိမ့်မယ်။ရောဂါပျောက်အောင် ကုပေးရုံနဲ့မ လုံလောက်ဘူး၊ ဘေးကလူတွေ ခွဲခြားဆက်ဆံမှုမရှိအောင် သင်ပေးဖို့နဲ့ မလုံလောက်ဘူး ရောဂါသည်တွေကိုယ်တိုင် သူတို့ရဲ့ဘဝမှာ အဓိပ္ပါယ်ရှိအောင် နေနိုင်ဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးဖို့လိုတယ်။ဒါက ကျန်းမာရေးဝန်ကြီးဌာနနဲ့ လူကယ်ပြန်ဝန်ကြီးဌာနနဲ့တင် မကဘူး၊ လူမှုရေးအသိုင်းအဝိုင်းကနေ ဝိုင်းဝန်းပြီး လုပ်ပေးရမှာပါ။အရေးကြီးတာက ပညာပေးပေါ့၊ ဘယ်လိုကဏ္ဍတွေမှာ၊ ဘယ်လိုနေရာတွေမှာ မိမိကိုယ်ကို အသုံးကျအောင်၊ အဖိုးတန်အောင် လုပ်နိုင်မလဲဆိုတာ သိအောင်ပညာပေးရမယ် အခွင့်အလမ်းတွေလည်း ဖန်တီးပေးရမယ်။အဲ့ဒါကိုတော့ အဓိကထားပြီး စဉ်းစားပေးစေချင်တယ်၊ ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်ပြီး၊ လူကယ်ပြန်ဌာနက ပါဝင်ရမယ်၊ ပညာရေးဌာနကလည်း ပါဝင်ရမယ်။” လို့ ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

PTG
နေပြည်တော်၊ ဒီဇင်ဘာ - ၁၂

( Zawgyi )

အနာႀကီးေရာဂါသည္မ်ားအား ခြဲျခားဆက္ဆံမႈမရွိေအာင္ လုပ္ဖို႔သည္ အားလုံး၏တာဝန္ျဖစ္ၿပီး အစိုးရအေနနဲ႔လည္း ဦးေဆာင္ၿပီးလုပ္ရန္ တာဝန္ရွိတယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ဒီကေန႔ ဒီဇင္ဘာ ၁၂ ရက္၊ နံနက္ပိုင္းအခ်ိန္က ေနျပည္ေတာ္၊ MICC-2 တြင္ က်င္းပျပဳလုပ္တဲ့ အနာႀကီးေရာဂါ တိုက္ဖ်က္ေရး ညီလာခံ ဖြင့္ပြဲအခမ္းအနားမွာ တိုက္တြန္းေျပာၾကားလိုက္ပါတယ္။

အခမ္းအနားတြင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က အဖြင့္မိန႔္ခြန္း ေျပာၾကားရာမွာ “ကြၽန္မတို႔ျပႆနာတစ္ခုကို ေျဖရွင္းခ်င္လို႔ရွိရင္ အဲ့ဒီျပႆနာနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ စုံစုံလင္လင္ သိႏိုင္ဖို႔ဟာ အေရးႀကီးပါတယ္။ဒီေတာ့ ကြၽန္မတို႔ ပထမဦးဆုံး ကြၽန္မတို႔ ႏိုင္ငံသူႏိုင္ငံသားမ်ား နားလည္ဖို႔ လိုတာက အနာႀကီးေရာဂါသည္ဟာ အျပစ္ရွိလို႔ရတာ မဟုတ္ပါဘူး။
တစ္ျခားသူေတြဆီက ကူးစက္တယ္ဆိုရင္ ဘယ္လိုပုံစံနဲ႔ေနရင္ ကူးစက္စရာအေၾကာင္း မရွိဘူးဆိုတာကိုလည္း လုံလုံေလာက္ေလာက္ ပညာေပးအစီအစဥ္ေတြ မရွိလို႔ဆိုေတာ့ ကြၽန္မတို႔ အုပ္ခ်ဳပ္ေရးပိုင္းက တာဝန္ယူရမွာေပါ့။ဒီလို ပညာေပးဖက္မွာ အားနည္းေနတယ္ဆိုရင္ ဒါဟာ ႏိုင္ငံေတာ္အစိုးရရဲ႕ တာဝန္သာျဖစ္တယ္။ပညာေပးရတဲ့ေနရာမွာ က်ယ္က်ယ္ျပန႔္ျပန႔္ရႏိုင္ဖို႔ လုပ္ေဆာင္ေပးရမွာ ျဖစ္ပါတယ္။ေမေမက ငယ္ထဲက သင္ခဲ့တယ္ အနာႀကီးေရာဂါသည္ေတြကို ခြဲျခားမဆက္ဆံရဘူး၊ သူတို႔နဲ႔မထိရင္ ဘယ္လို၊ သူတို႔နဲ႔ထိရင္ဘဲ ျပႆနာျဖစ္မလိုလို အဲ့သလိုစိတ္ထား မထားရဘူးလို႔ သင္ခဲ့ရပါတယ္။ဒါဟာ ကြၽန္မတို႔ ျပည္သူျပည္သားအားလုံး သိဖို႔လိုပါတယ္၊ သတိထားရမယ္ အားလုံးကလည္း ဘယ္လိုပုံစံနဲ႔ေနလို႔ရွိရင္ ကူးႏိုင္တယ္ဆိုတာကို သိဖို႔လိုတယ္။သို႔ေသာ္ျငားလည္း အနာႀကီးေရာဂါသည္ေတြကလည္း ဒီလိုပါဘဲ ဒီေရာဂါရသြားတာကလြဲလို႔ တျခား ကိုယ့္ထက္နိမ့္က်သြားတာေတြ မရွိဘူးဆိုတာကို အားလုံးက ႏွလုံးသြင္းဖို႔လိုပါတယ္။ေနာက္ဆုံးက်ေတာ့ အဓိကဟာ စိတ္ဓာတ္ပါဘဲ၊ ဒီစိတ္ဓာတ္ကို ကြၽန္မတို႔ ႏိုင္ငံသူႏိုင္ငံသားအားလုံး စိတ္ဓာတ္ျမႇင့္တင္ေပးဖို႔ လုပ္တဲ့အခါမွာ ဘယ္ေရာဂါသည္ကိုဘဲျဖစ္ျဖစ္ ကြၽန္မတို႔ ခြဲျခားၿပီး ဆက္ဆံတာ မသင့္ေတာ္ပါဘူး။ဒါေၾကာင့္ ခြဲျခားဆက္ဆံမႈ မရွိေအာင္လို႔ လုပ္ဖို႔ဟာ အားလုံးရဲ႕တာဝန္ျဖစ္တယ္၊ ဒါဟာလူမႈျပႆနာတစ္ခု၊ လူမႈေရးျပႆနာတစ္ခုဘဲ အစိုးရအေနနဲ႔ ဦးေဆာင္ၿပီးလုပ္ဖို႔ တာဝန္ရွိပါတယ္” လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။  

ဆက္လက္၍  ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က “အနာႀကီးေရာဂါသည္ေတြကို ခြဲျခားဆက္ဆံမႈမရွိေအာင္ လုပ္ဖို႔ဆိုလို႔ရွိရင္ အနာႀကီးေရာဂါသည္ေတြအေနနဲ႔ မိမိတို႔စြမ္းအားေတြျပႏိုင္တဲ့ အခြင့္အေရး ဖန္တီးေပးရပါလိမ့္မယ္။ေရာဂါေပ်ာက္ေအာင္ ကုေပး႐ုံနဲ႔မ လုံေလာက္ဘူး၊ ေဘးကလူေတြ ခြဲျခားဆက္ဆံမႈမရွိေအာင္ သင္ေပးဖို႔နဲ႔ မလုံေလာက္ဘူး ေရာဂါသည္ေတြကိုယ္တိုင္ သူတို႔ရဲ႕ဘဝမွာ အဓိပၸါယ္ရွိေအာင္ ေနႏိုင္ဖို႔ အခြင့္အလမ္းေတြ ဖန္တီးေပးဖို႔လိုတယ္။ဒါက က်န္းမာေရးဝန္ႀကီးဌာနနဲ႔ လူကယ္ျပန္ဝန္ႀကီးဌာနနဲ႔တင္ မကဘူး၊ လူမႈေရးအသိုင္းအဝိုင္းကေန ဝိုင္းဝန္းၿပီး လုပ္ေပးရမွာပါ။အေရးႀကီးတာက ပညာေပးေပါ့၊ ဘယ္လိုက႑ေတြမွာ၊ ဘယ္လိုေနရာေတြမွာ မိမိကိုယ္ကို အသုံးက်ေအာင္၊ အဖိုးတန္ေအာင္ လုပ္ႏိုင္မလဲဆိုတာ သိေအာင္ပညာေပးရမယ္ အခြင့္အလမ္းေတြလည္း ဖန္တီးေပးရမယ္။အဲ့ဒါကိုေတာ့ အဓိကထားၿပီး စဥ္းစားေပးေစခ်င္တယ္၊ က်န္းမာေရးဝန္ႀကီးဌာနက ဦးေဆာင္ၿပီး၊ လူကယ္ျပန္ဌာနက ပါဝင္ရမယ္၊ ပညာေရးဌာနကလည္း ပါဝင္ရမယ္။” လို႔ ထပ္ေလာင္းေျပာၾကားခဲ့ပါေသးတယ္။

PTG
ေနျပည္ေတာ္၊ ဒီဇင္ဘာ - ၁၂