အနာကြီးရောဂါ ဖြစ်ပွားသူများအား စောစီးစွာ တွေ့ရှိကုသမှုပေးနိုင်ရန်အတွက် လူနာသစ်ရှာဖွေမှု လုပ်ငန်းများကို အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်မည်

အနာကြီးရောဂါ ဖြစ်ပွားသူများအား စောစီးစွာ တွေ့ရှိကုသမှုပေးနိုင်ရန်အတွက် လူနာသစ်ရှာဖွေမှု လုပ်ငန်းများကို အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်မည်

အနာကြီးရောဂါ ဖြစ်ပွားသူများအား စောစီးစွာ တွေ့ရှိကုသမှုပေးနိုင်ရန်အတွက် လူနာသစ်ရှာဖွေမှု လုပ်ငန်းများကို အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြောပါတယ်။

အဆိုပါပြောကြားမှုကို ဒီဇင်ဘာလ ၁၂ ရက်နေ့၊ ညနေပိုင်းက နေပြည်တော်ရှိ Royal President Hotel တွင် ကျင်းပပြုလုပ်ခဲ့တဲ့ အနာကြီးရောဂါ တိုက်ဖျက်ရေး ညီလာခံ (၂၀၁၈) အထိမ်းအမှတ် ညစာစားပွဲမှာ ပြောကြားခဲ့တာဘဲ ဖြစ်ပါတယ်။

ယင်း ညစာစားပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က “အနာကြီးရောဂါ ဖြစ်ပွားသူများအား ကုသမှုပေးခြင်းသာမက လူမှု၊စီးပွားဆိုင်ရာ ကိစ္စရပ်များကိုပါ ဝိုင်းဝန်း၍ ပံ့ပိုးကူညီ ဆောင်ရွက်နိုင်ရန်ကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။အနာကြီးရောဂါ ဖြစ်ပွားသူများအား လွှဲမှားသော အယူအဆများဖြင့် ခွဲခြားဆက်ဆံမှုများ လုံးဝပပျောက်သွားရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန တစ်ခုတည်းမှ လုပ်ဆောင်၍မရဘဲ နှီးနွယ်ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ INGO/NGO များ၊ အဖွဲ့အစည်းများအားလုံး ဝိုင်းဝန်းလုပ်ဆောင်မှသာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ဒါ့အပြင် ရောဂါဖြစ်ပွားသူများအား စောစီးစွာ တွေ့ရှိကုသမှုပေးနိုင်ရန်အတွက် လူနာသစ်ရှာဖွေမှု လုပ်ငန်းများကို အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ထို့အတူ အနာကြီးရောဂါ တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်တဲ့ အဖွဲ့အစည်းများနဲ့ တာဝန်ရှိသူများအနေဖြင့် ရရှိလာသော သတင်းအချက်အလက်များကို မျှဝေခြင်းနှင့် ညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် အနာကြီးရောဂါ လုံးဝကင်းစင် ပပျောက်တဲ့ မြန်မာနိုင်ငံ (Leprosy Free Myanmar) ဖြစ်လာစေနိုင်မှာပါ။” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အနာကြီးရောဂါ တိုက်ဖျက်ရေး ညီလာခံကြီး ကျင်းပပြုလုပ်နိုင်ရန်အတွက် အဓိကကူညီပံ့ပိုးပေးခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အနာကြီးရောဂါ တိုက်ဖျက်ရေး သံတမန်ဖြစ်သူ The Nippon Foundation ၏ ဥက္ကဌ Mr. Yohei Sasakawa ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါတယ်။

အဆိုပါ ညစာစားပွဲသို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr. Ichiro Maruyama ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အနာကြီးရောဂါ တိုက်ဖျက်ရေး စီမံချက်မန်နေဂျာနှင့် ဝန်ထမ်းများ၊ အနာကြီးရောဂါ တိုက်ဖျက်ရေး ကျွမ်းကျင်မှုဆိုင်ရာ အကြံပေးပညာရှင်များအဖွဲ့နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

ပြေသိမ်း
ဓါတ်ပုံ - ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
နေပြည်တော်၊ ဒီဇင်ဘာ - ၁၃

( Zawgyi )

အနာႀကီးေရာဂါ ျဖစ္ပြားသူမ်ားအား ေစာစီးစြာ ေတြ႕ရွိကုသမႈေပးႏိုင္ရန္အတြက္ လူနာသစ္ရွာေဖြမႈ လုပ္ငန္းမ်ားကို အရွိန္အဟုန္ တိုးျမႇင့္ေဆာင္႐ြက္သြားမွာ ျဖစ္တယ္လို႔ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး က ေျပာပါတယ္။

အဆိုပါေျပာၾကားမႈကို ဒီဇင္ဘာလ ၁၂ ရက္ေန႔၊ ညေနပိုင္းက ေနျပည္ေတာ္ရွိ Royal President Hotel တြင္ က်င္းပျပဳလုပ္ခဲ့တဲ့ အနာႀကီးေရာဂါ တိုက္ဖ်က္ေရး ညီလာခံ (၂၀၁၈) အထိမ္းအမွတ္ ညစာစားပြဲမွာ ေျပာၾကားခဲ့တာဘဲ ျဖစ္ပါတယ္။

ယင္း ညစာစားပြဲတြင္ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး က “အနာႀကီးေရာဂါ ျဖစ္ပြားသူမ်ားအား ကုသမႈေပးျခင္းသာမက လူမႈ၊စီးပြားဆိုင္ရာ ကိစၥရပ္မ်ားကိုပါ ဝိုင္းဝန္း၍ ပံ့ပိုးကူညီ ေဆာင္႐ြက္ႏိုင္ရန္ကိုလည္း ထည့္သြင္းစဥ္းစား ေဆာင္႐ြက္ရမွာ ျဖစ္ပါတယ္။အနာႀကီးေရာဂါ ျဖစ္ပြားသူမ်ားအား လႊဲမွားေသာ အယူအဆမ်ားျဖင့္ ခြဲျခားဆက္ဆံမႈမ်ား လုံးဝပေပ်ာက္သြားရန္အတြက္ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန တစ္ခုတည္းမွ လုပ္ေဆာင္၍မရဘဲ ႏွီးႏြယ္ဝန္ႀကီးဌာနမ်ား၊ ဦးစီးဌာနမ်ား၊ INGO/NGO မ်ား၊ အဖြဲ႕အစည္းမ်ားအားလုံး ဝိုင္းဝန္းလုပ္ေဆာင္မွသာ ေအာင္ျမင္ႏိုင္မွာ ျဖစ္ပါတယ္။ဒါ့အျပင္ ေရာဂါျဖစ္ပြားသူမ်ားအား ေစာစီးစြာ ေတြ႕ရွိကုသမႈေပးႏိုင္ရန္အတြက္ လူနာသစ္ရွာေဖြမႈ လုပ္ငန္းမ်ားကို အရွိန္အဟုန္ တိုးျမႇင့္ေဆာင္႐ြက္မွာ ျဖစ္ပါတယ္။ထို႔အတူ အနာႀကီးေရာဂါ တိုက္ဖ်က္ေရး လုပ္ငန္းေတြမွာ ပါဝင္ေဆာင္႐ြက္တဲ့ အဖြဲ႕အစည္းမ်ားနဲ႔ တာဝန္ရွိသူမ်ားအေနျဖင့္ ရရွိလာေသာ သတင္းအခ်က္အလက္မ်ားကို မွ်ေဝျခင္းႏွင့္ ညီၫြတ္စြာျဖင့္ ပူးေပါင္းေဆာင္႐ြက္ျခင္းတို႔ျဖင့္ အနာႀကီးေရာဂါ လုံးဝကင္းစင္ ပေပ်ာက္တဲ့ ျမန္မာႏိုင္ငံ (Leprosy Free Myanmar) ျဖစ္လာေစႏိုင္မွာပါ။” လို႔ ေျပာၾကားခဲ့ပါတယ္။

ဆက္လက္၍ ျပည္ေထာင္စုဝန္ႀကီးက အနာႀကီးေရာဂါ တိုက္ဖ်က္ေရး ညီလာခံႀကီး က်င္းပျပဳလုပ္ႏိုင္ရန္အတြက္ အဓိကကူညီပံ့ပိုးေပးခဲ့သည့္ ကမာၻ႔က်န္းမာေရးအဖြဲ႕၏ အနာႀကီးေရာဂါ တိုက္ဖ်က္ေရး သံတမန္ျဖစ္သူ The Nippon Foundation ၏ ဥကၠဌ Mr. Yohei Sasakawa ကိုလည္း ေက်းဇူးတင္ရွိပါေၾကာင္း ေျပာၾကားခဲ့ပါတယ္။

အဆိုပါ ညစာစားပြဲသို႔ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ေဒါက္တာျမေလးစိန္၊ ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္ႏိုင္ငံ သံအမတ္ႀကီး Mr. Ichiro Maruyama ၊ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ား၊ အနာႀကီးေရာဂါ တိုက္ဖ်က္ေရး စီမံခ်က္မန္ေနဂ်ာႏွင့္ ဝန္ထမ္းမ်ား၊ အနာႀကီးေရာဂါ တိုက္ဖ်က္ေရး ကြၽမ္းက်င္မႈဆိုင္ရာ အႀကံေပးပညာရွင္မ်ားအဖြဲ႕ႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့တယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း
ဓါတ္ပုံ - က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန
ေနျပည္ေတာ္၊ ဒီဇင္ဘာ - ၁၃