အနောက်နိုင်ငံမှ ခရီးသွားကျဆင်းသော်လည်း အာရှဒေသမှ ခရီးသွားများပြားလာကာ တရုတ်ခရီးသွားဧည့်သည် ရှစ်သိန်းကျော် ဝင်ရောက်ခဲ့

အနောက်နိုင်ငံမှ ခရီးသွားကျဆင်းသော်လည်း အာရှဒေသမှ ခရီးသွားများပြားလာကာ တရုတ်ခရီးသွားဧည့်သည် ရှစ်သိန်းကျော် ဝင်ရောက်ခဲ့

ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ ပြည်တွင်းသို့ ဝင်ရောက်လာတဲ့အခါ အနောက်နိုင်ငံမှ ခရီးသွားကျဆင်းသော်လည်း အာရှဒေသမှ ခရီးသွားများပြားလာကာ ယင်းအနက်တွင် တရုတ်ခရီးသွားဧည့်သည် ၈၅၀၀၀၀ ကျော် ဝင်ရောက်ခဲ့တယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန် က ပြောပါတယ်။

“အနောက်နိုင်ငံကလာတာ နည်းသွားတာကလည်း နိုင်ငံရေးအခြေအနေကြောင့်လည်း ပါသလို စီးပွားရေးအခြေအနေတွေကြောင့်လည်းပါတယ်၊ အောက်တိုဘာလကနေ စပြီးတော့ ဗီဇာဖြေလျှော့ပေးခဲ့တဲ့ နိုင်ငံတစ်ချို့မှာတော့ ခရီးသွားဧည့်သည်တွေရဲ့ လာရောက်မှုက သိသိသာသာ တက်မလာပေမယ့် ဗီဇာဖြေလျှော့တာတွေကို တစ်နှစ်သက်တမ်း တိုးပေးထားတဲ့ တရုတ် အပါအဝင် နိုင်ငံလေးနိုင်ငံကတော့ ဝင်ရောက်မှုများလာပါတယ်” လို့ ၎င်းက ရှင်းပြပါတယ်။

လွန်ခဲ့တဲ့ အောက်တိုဘာ ၁ ရက်မှ စတင်ကာ ဗီဇာဖြေလျှော့မှု လုပ်ဆောင်ပေးခဲ့သော ဆွစ်ဇာလန်၊ အီတလီ၊ ဂျာမနီ၊ သြစတြေးလျ၊ စပိန်၊ ရုရှား စတဲ့ နိုင်ငံတွေက ဧည့်သည်ဝင်ရောက်မှုဟာ သိသိသာသာ တက်မလာဘဲ သြစတြေးလျမှ ၁၆၅၅၆ ဦးဖြင့် ယင်းနိုင်ငံတွေထဲမှာ အများဆုံးဝင်ရောက်ခဲ့သလို ဂျာမနီမှ ၁၅၅၆၇ ဦး၊ အီတလီမှ ၁၁၆၆၃ ဦး၊ စပိန်မှ ၈၉၀၆ ဦး၊ ဆွစ်ဇာလန်မှ ၄၆၂၂ ဦး၊ ရုရှားမှ ၂၅၃၆ ဦးဖြင့် ဝင်ရောက်လာခဲ့ကြောင်း၊ အာရှဒေသများနဲ့ အရှေ့တိုင်းဒေသရှိ နိုင်ငံများမှ လာရောက်တဲ့ ဧည့်သည်များလာကာ တရုတ်ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ယခု ၂၀၁၉ ခုနှစ်ထဲ ၈၅၂၉၁၃ ဦး အထိ ရှိလာခဲ့တယ်လို့လည်း သိရပါတယ်။

ယခုအခါ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ လုပ်ဆောင်နေတာတွေရှိသလို Zero ဘတ်ဂျက် ခရီးသွားများနဲ့ ပတ်သက်ပြီး ထိန်းသိမ်းနိုင်ဖို့ကိုလည်း အစိုးရပိုင်းနဲ့ ပုဂ္ဂလိကအသင်းအဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဒီဇင်ဘာ - ၄

( Zawgyi )

ကမာၻလွည့္ခရီးသြား ဧည့္သည္မ်ား ျပည္တြင္းသို႔ ဝင္ေရာက္လာတဲ့အခါ အေနာက္ႏိုင္ငံမွ ခရီးသြားက်ဆင္းေသာ္လည္း အာရွေဒသမွ ခရီးသြားမ်ားျပားလာကာ ယင္းအနက္တြင္ တ႐ုတ္ခရီးသြားဧည့္သည္ ၈၅၀၀၀၀ ေက်ာ္ ဝင္ေရာက္ခဲ့တယ္လို႔ ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္းမွ ဥကၠ႒ ဦးေနာင္းေနာင္းဟန္ က ေျပာပါတယ္။

“အေနာက္ႏိုင္ငံကလာတာ နည္းသြားတာကလည္း ႏိုင္ငံေရးအေျခအေနေၾကာင့္လည္း ပါသလို စီးပြားေရးအေျခအေနေတြေၾကာင့္လည္းပါတယ္၊ ေအာက္တိုဘာလကေန စၿပီးေတာ့ ဗီဇာေျဖေလွ်ာ့ေပးခဲ့တဲ့ ႏိုင္ငံတစ္ခ်ိဳ႕မွာေတာ့ ခရီးသြားဧည့္သည္ေတြရဲ႕ လာေရာက္မႈက သိသိသာသာ တက္မလာေပမယ့္ ဗီဇာေျဖေလွ်ာ့တာေတြကို တစ္ႏွစ္သက္တမ္း တိုးေပးထားတဲ့ တ႐ုတ္ အပါအဝင္ ႏိုင္ငံေလးႏိုင္ငံကေတာ့ ဝင္ေရာက္မႈမ်ားလာပါတယ္” လို႔ ၎က ရွင္းျပပါတယ္။

လြန္ခဲ့တဲ့ ေအာက္တိုဘာ ၁ ရက္မွ စတင္ကာ ဗီဇာေျဖေလွ်ာ့မႈ လုပ္ေဆာင္ေပးခဲ့ေသာ ဆြစ္ဇာလန္၊ အီတလီ၊ ဂ်ာမနီ၊ ၾသစေၾတးလ်၊ စပိန္၊ ႐ုရွား စတဲ့ ႏိုင္ငံေတြက ဧည့္သည္ဝင္ေရာက္မႈဟာ သိသိသာသာ တက္မလာဘဲ ၾသစေၾတးလ်မွ ၁၆၅၅၆ ဦးျဖင့္ ယင္းႏိုင္ငံေတြထဲမွာ အမ်ားဆုံးဝင္ေရာက္ခဲ့သလို ဂ်ာမနီမွ ၁၅၅၆၇ ဦး၊ အီတလီမွ ၁၁၆၆၃ ဦး၊ စပိန္မွ ၈၉၀၆ ဦး၊ ဆြစ္ဇာလန္မွ ၄၆၂၂ ဦး၊ ႐ုရွားမွ ၂၅၃၆ ဦးျဖင့္ ဝင္ေရာက္လာခဲ့ေၾကာင္း၊ အာရွေဒသမ်ားနဲ႔ အေရွ႕တိုင္းေဒသရွိ ႏိုင္ငံမ်ားမွ လာေရာက္တဲ့ ဧည့္သည္မ်ားလာကာ တ႐ုတ္ခရီးသြားဧည့္သည္ ဝင္ေရာက္မႈမွာ ယခု ၂၀၁၉ ခုႏွစ္ထဲ ၈၅၂၉၁၃ ဦး အထိ ရွိလာခဲ့တယ္လို႔လည္း သိရပါတယ္။

ယခုအခါ ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးဖို႔ လုပ္ေဆာင္ေနတာေတြရွိသလို Zero ဘတ္ဂ်က္ ခရီးသြားမ်ားနဲ႔ ပတ္သက္ၿပီး ထိန္းသိမ္းႏိုင္ဖို႔ကိုလည္း အစိုးရပိုင္းနဲ႔ ပုဂၢလိကအသင္းအဖြဲ႕ေတြက ပူးေပါင္းလုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဒီဇင္ဘာ - ၄