အန္တရာယ်ရှိ လုပ်ငန်းခွင်များမှာ အလုပ်လုပ်နေရတဲ့ ကလေးအလုပ်သမား (၆) သိန်းကျော်ရှိနေ အမျိုးသားအဆင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ဒုသမ္မတ ပြောကြား

အန္တရာယ်ရှိ လုပ်ငန်းခွင်များမှာ အလုပ်လုပ်နေရတဲ့ ကလေးအလုပ်သမား (၆) သိန်းကျော်ရှိနေ အမျိုးသားအဆင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ဒုသမ္မတ ပြောကြား

လုပ်ငန်းခွင်များမှ ကလေးများကို ကာကွယ်စောင့်ရှောက်ပေးရန်နှင့် အမျိုးသားအဆင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ က ဒီကနေ့ ဒီဇင်ဘာ ၁၂  ရက်၊ နံနက်ပိုင်းအချိန်မှာ နေပြည်တော်ရှိ  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ ကောက်ခဲ့တဲ့ (Labour Force Survey) အရ မြန်မာနိုင်ငံမှာ ကလေးဦးရေ (၁၂) သန်းကျော် ရှိရာမှာ ကလေးအလုပ်သမား (၁.၁) သန်းကျော်ရှိပြီး အဲ့ဒီအထဲမှာရှိတဲ့ (၆) သိန်းကျော်ခန့်ဟာ အန္တရာယ်ရှိတဲ့ အလုပ်များမှာ လုပ်ကိုင်နေရတဲ့ အသက် (၁၈) နှစ်အောက် ကလေးများဖြစ်တာကို တွေ့ရှိရတာကြောင့် ယင်းလုပ်ငန်းခွင်များမှ ကလေးများကို ကာကွယ်စောင့်ရှောက်ပေးဖို့နဲ့ အမျိုးသားအဆင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေ က ဒီကနေ့ အစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ယနေ့ကျင်းပတဲ့ အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ က “ကမ္ဘာ့စစ်တမ်းများအရ ကမ္ဘာပေါ်မှာ အသက် (၅) နှစ်မှ (၁၇) နှစ်အကြား ကလေးအလုပ်သမား (၁၅၂) သန်းခန့်ရှိပြီး ၎င်းတို့အထဲတွင် (၇.၄) ရာခိုင်နှုန်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်တဲ့ အာရှနှင့် ပစိဖိတ်ဒေသမှာရှိပြီး စိုက်ပျိုးရေးကဏ္ဍများမှာ အများစုဖြစ်တာကို တွေ့ရှိရပါတယ်။ဒေသတွင်း ဖွံ့ဖြိုးဆဲနိုင်ငံ အများစုမှာလည်း ကုန်ထုတ်စွမ်းအားကို အထောက်အကူဖြစ်စေသည့် လူငယ်လူရွယ်နှင့် ကလေးများကို အသုံးပြုလေ့ရှိတာကို တွေ့ရပြီး အထူးသဖြင့် ဆင်းရဲနွမ်းပါးမှုနှင့် ဆက်စပ်ပြီး စိန်ခေါ်မှုများ ကြုံတွေ့နေရတဲ့ နိုင်ငံများမှာ ကလေးအလုပ်သမားများကို ပိုပြီးအသုံးပြုနေတာကို တွေ့ရပါတယ်။” လို့ ပြောကြားခဲ့တာပါ။

ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က “မြန်မာနိုင်ငံမှာ (၁၈) နှစ်အောက် ကလေးဦးရေဟာ (၁၈) သန်းကျော်ခန့်ရှိပြီး ၂၀၁၇ ခုနှစ်၊ ပထမသုံးလပတ် အလုပ်သမား အင်အားစစ်တမ်းများအရ (၅) နှစ်မှ (၁၇) နှစ်အကြားရှိ ကလေးဦးရေ စုစုပေါင်း (၁၂) သန်းကျော် ရှိပါတယ်။အဲ့ဒီအထဲမှာ ကလေးလုပ်သား (၆) သိန်းကျော်ရှိပြီး အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်များမှာ မိသားစုစားဝတ်နေရေး အခြေအနေအရ အလုပ်လုပ်နေရတဲ့ ကလေးအလုပ်သမား (၆) သိန်းကျော် ပါဝင်နေပါတယ်။အသက် (၅) နှစ်မှ (၁၇) နှစ်ကြား ကလေးစုစုပေါင်းရဲ့ (၁၀.၅) ရာခိုင်နှုန်းခန့် (၁.၂၇၉) သန်းမှာ စီးပွားရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်လျက်ရှိတာကို စစ်တမ်းများအရ သိရှိရပါတယ်။ဒါကြောင့် ကလေးအလုပ်သမား အရေးဟာ မြန်မာနိုင်ငံအတွက် အရေးကြီးသော စိန်ခေါ်မှုတစ်ရပ်အဖြစ် တည်ရှိနေတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါသေးတယ်။

PTG
နေပြည်တော်၊ ဒီဇင်ဘာ - ၁၂

( Zawgyi )

လုပ္ငန္းခြင္မ်ားမွ ကေလးမ်ားကို ကာကြယ္ေစာင့္ေရွာက္ေပးရန္ႏွင့္ အမ်ိဳးသားအဆင့္ ကေလးအလုပ္သမား ပေပ်ာက္ေရးဆိုင္ရာ လုပ္ငန္းစီမံခ်က္ကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ဖို႔ ဒုတိယသမၼတ ဦးျမင့္ေဆြ က ဒီကေန႔ ဒီဇင္ဘာ ၁၂  ရက္၊ နံနက္ပိုင္းအခ်ိန္မွာ ေနျပည္ေတာ္ရွိ  အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာနတြင္ ျပဳလုပ္ခဲ့တဲ့ ျမန္မာႏိုင္ငံ ကေလးအလုပ္သမား ပေပ်ာက္ေရးဆိုင္ရာ အမ်ိဳးသားေကာ္မတီ၏ ဒုတိယအႀကိမ္ အစည္းအေဝးမွာ ေျပာၾကားခဲ့ပါတယ္။

၂၀၁၅ ခုႏွစ္မွာ ေကာက္ခဲ့တဲ့ (Labour Force Survey) အရ ျမန္မာႏိုင္ငံမွာ ကေလးဦးေရ (၁၂) သန္းေက်ာ္ ရွိရာမွာ ကေလးအလုပ္သမား (၁.၁) သန္းေက်ာ္ရွိၿပီး အဲ့ဒီအထဲမွာရွိတဲ့ (၆) သိန္းေက်ာ္ခန႔္ဟာ အႏၲရာယ္ရွိတဲ့ အလုပ္မ်ားမွာ လုပ္ကိုင္ေနရတဲ့ အသက္ (၁၈) ႏွစ္ေအာက္ ကေလးမ်ားျဖစ္တာကို ေတြ႕ရွိရတာေၾကာင့္ ယင္းလုပ္ငန္းခြင္မ်ားမွ ကေလးမ်ားကို ကာကြယ္ေစာင့္ေရွာက္ေပးဖို႔နဲ႔ အမ်ိဳးသားအဆင့္ ကေလးအလုပ္သမား ပေပ်ာက္ေရးဆိုင္ရာ လုပ္ငန္းစီမံခ်က္ကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားဖို႔ လိုအပ္ေၾကာင္း ဒုတိယသမၼတ ဦးျမင့္ေဆြ က ဒီကေန႔ အစည္းအေဝးမွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ယေန႔က်င္းပတဲ့ အစည္းအေဝးတြင္ ဒုတိယသမၼတ ဦးျမင့္ေဆြ က “ကမာၻ႔စစ္တမ္းမ်ားအရ ကမာၻေပၚမွာ အသက္ (၅) ႏွစ္မွ (၁၇) ႏွစ္အၾကား ကေလးအလုပ္သမား (၁၅၂) သန္းခန႔္ရွိၿပီး ၎တို႔အထဲတြင္ (၇.၄) ရာခိုင္ႏႈန္းဟာ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားျဖစ္တဲ့ အာရွႏွင့္ ပစိဖိတ္ေဒသမွာရွိၿပီး စိုက္ပ်ိဳးေရးက႑မ်ားမွာ အမ်ားစုျဖစ္တာကို ေတြ႕ရွိရပါတယ္။ေဒသတြင္း ဖြံ႕ၿဖိဳးဆဲႏိုင္ငံ အမ်ားစုမွာလည္း ကုန္ထုတ္စြမ္းအားကို အေထာက္အကူျဖစ္ေစသည့္ လူငယ္လူ႐ြယ္ႏွင့္ ကေလးမ်ားကို အသုံးျပဳေလ့ရွိတာကို ေတြ႕ရၿပီး အထူးသျဖင့္ ဆင္းရဲႏြမ္းပါးမႈႏွင့္ ဆက္စပ္ၿပီး စိန္ေခၚမႈမ်ား ႀကဳံေတြ႕ေနရတဲ့ ႏိုင္ငံမ်ားမွာ ကေလးအလုပ္သမားမ်ားကို ပိုၿပီးအသုံးျပဳေနတာကို ေတြ႕ရပါတယ္။” လို႔ ေျပာၾကားခဲ့တာပါ။

ထို႔ေနာက္ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြ က “ျမန္မာႏိုင္ငံမွာ (၁၈) ႏွစ္ေအာက္ ကေလးဦးေရဟာ (၁၈) သန္းေက်ာ္ခန႔္ရွိၿပီး ၂၀၁၇ ခုႏွစ္၊ ပထမသုံးလပတ္ အလုပ္သမား အင္အားစစ္တမ္းမ်ားအရ (၅) ႏွစ္မွ (၁၇) ႏွစ္အၾကားရွိ ကေလးဦးေရ စုစုေပါင္း (၁၂) သန္းေက်ာ္ ရွိပါတယ္။အဲ့ဒီအထဲမွာ ကေလးလုပ္သား (၆) သိန္းေက်ာ္ရွိၿပီး အႏၲရာယ္ရွိတဲ့ လုပ္ငန္းခြင္မ်ားမွာ မိသားစုစားဝတ္ေနေရး အေျခအေနအရ အလုပ္လုပ္ေနရတဲ့ ကေလးအလုပ္သမား (၆) သိန္းေက်ာ္ ပါဝင္ေနပါတယ္။အသက္ (၅) ႏွစ္မွ (၁၇) ႏွစ္ၾကား ကေလးစုစုေပါင္းရဲ႕ (၁၀.၅) ရာခိုင္ႏႈန္းခန႔္ (၁.၂၇၉) သန္းမွာ စီးပြားေရးလုပ္ငန္းမ်ားတြင္ ပါဝင္လုပ္ကိုင္လ်က္ရွိတာကို စစ္တမ္းမ်ားအရ သိရွိရပါတယ္။ဒါေၾကာင့္ ကေလးအလုပ္သမား အေရးဟာ ျမန္မာႏိုင္ငံအတြက္ အေရးႀကီးေသာ စိန္ေခၚမႈတစ္ရပ္အျဖစ္ တည္ရွိေနတာကို ေတြ႕ရွိရမွာ ျဖစ္ပါတယ္။” လို႔ ေျပာၾကားခဲ့ပါေသးတယ္။

PTG
ေနျပည္ေတာ္၊ ဒီဇင္ဘာ - ၁၂