အပ်ထားသည့် မြေအား အလွဲသုံးစားရောင်းချခဲ့သည့် အုပ်ချုပ်ရေးမှူးကို အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်

အပ်ထားသည့် မြေအား အလွဲသုံးစားရောင်းချခဲ့သည့် အုပ်ချုပ်ရေးမှူးကို အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာအုပ်စုအတွင်း မြေ ၂ ဒသမ ၃၀ ဧကကို အလွဲသုံးစားပြုပြီး ရောင်းချခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သူရလှိုင် ကို မွန်ပြည်နယ် တရားလွှတ်တော်က အလုပ်နဲ့ ထောင်ဒဏ် ခုနစ်နှစ် အမိန့်ချမှတ်လိုက်တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်တစ်ရပ်အရ သိရပါတယ်။

အဆိုပါဖြစ်စဉ်ဟာ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက သူပိုင်ဆိုင်တဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၇၅)၊ ကဒတ်ချောင်းအပြင်ကွင်း၊ ဦးပိုင်အမှတ် (N-18)၊ ဧရိယာ ၂ ဒသမ ၃၀ ဧကကို ဆေးကုသမှုခံယူနေစဉ်အတွင်း စောင့်ရှောက်ဖို့အတွက် စာရွက်စာတမ်းတွေနဲ့ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးကျော်သူရလှိုင် ထံသို့ လွှဲပြောင်းခဲ့ရာ ဦးကျော်သူရလှိုင် က ဘယ်သူမှမသိဘဲ ၎င်းမြေကွက်ရဲ့ ပုံစံ (၇) ကို တရားမဝင် ထုတ်ယူပြီး ပုံစံ (၇) စာရွက်စာတမ်းများကို အကြောင်းပြုကာ မြေဝယ်ယူသူထံကနေ ကျပ်သိန်း ၃၉၅၀ ကို လက်ခံရယူတဲ့အပေါ် ယင်းနစ်နာသူက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံကို တိုင်ကြားခဲ့ပါတယ်။

ထိုတိုင်ကြားလာမှုအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးခဲ့ရာတွင် ဦးကျော်သူရလှိုင် ဟာ သူတာဝန်ထမ်းဆောင်နေတဲ့ ကာလထဲမှာ အခွင့်အာဏာကို အလွဲသုံးစားလုပ်ပြီး အဂတိလိုက်စားမှုကို ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ မွန်ပြည်နယ် တရားလွှတ်တော်မှာ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၃၁ ရက်က တရားစွဲဆို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

ထိုတရားစွဲဆိုမှုအပေါ် မွန်ပြည်နယ် တရားလွှတ်တော်က ရာဇဝတ်ကြီးမှုအမှတ် ၃/၂၀၁၇ဖြင့် လက်ခံစစ်ဆေးခဲ့ပြီးတဲ့နောက် ပြစ်မှုထင်ရှားကြောင်းကို စစ်ဆေးတွေ့ရတဲ့အတွက် ကင်မွန်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်သူရလှိုင် ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ အလုပ်နဲ့ ထောင်ဒဏ် ခုနစ်နှစ်ကို ဒီဇင်ဘာ ၁၃ ရက်မှာ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဒီဇင်ဘာ - ၁၈

( Zawgyi )

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္၊ ကင္မြန္းေခ်ာင္းေက်း႐ြာအုပ္စုအတြင္း ေျမ ၂ ဒသမ ၃၀ ဧကကို အလြဲသုံးစားျပဳၿပီး ေရာင္းခ်ခဲ့တဲ့ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္သူရလႈိင္ ကို မြန္ျပည္နယ္ တရားလႊတ္ေတာ္က အလုပ္နဲ႔ ေထာင္ဒဏ္ ခုနစ္ႏွစ္ အမိန႔္ခ်မွတ္လိုက္တယ္လို႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ရဲ႕ သတင္းထုတ္ျပန္ခ်က္တစ္ရပ္အရ သိရပါတယ္။

အဆိုပါျဖစ္စဥ္ဟာ ရန္ကုန္တိုင္းေဒသႀကီး၊ သဃၤန္းကြၽန္းၿမိဳ႕နယ္မွာ ေနထိုင္သူတစ္ဦးက သူပိုင္ဆိုင္တဲ့ မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္၊ ကင္မြန္းေခ်ာင္းေက်း႐ြာအုပ္စု၊ ကြင္းအမွတ္ (၁၇၅)၊ ကဒတ္ေခ်ာင္းအျပင္ကြင္း၊ ဦးပိုင္အမွတ္ (N-18)၊ ဧရိယာ ၂ ဒသမ ၃၀ ဧကကို ေဆးကုသမႈခံယူေနစဥ္အတြင္း ေစာင့္ေရွာက္ဖို႔အတြက္ စာ႐ြက္စာတမ္းေတြနဲ႔ က်ိဳက္ထိုၿမိဳ႕နယ္၊ ကင္မြန္းေခ်ာင္းေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉးဦးေက်ာ္သူရလႈိင္ ထံသို႔ လႊဲေျပာင္းခဲ့ရာ ဦးေက်ာ္သူရလႈိင္ က ဘယ္သူမွမသိဘဲ ၎ေျမကြက္ရဲ႕ ပုံစံ (၇) ကို တရားမဝင္ ထုတ္ယူၿပီး ပုံစံ (၇) စာ႐ြက္စာတမ္းမ်ားကို အေၾကာင္းျပဳကာ ေျမဝယ္ယူသူထံကေန က်ပ္သိန္း ၃၉၅၀ ကို လက္ခံရယူတဲ့အေပၚ ယင္းနစ္နာသူက အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ထံကို တိုင္ၾကားခဲ့ပါတယ္။

ထိုတိုင္ၾကားလာမႈအေပၚ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္က စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းၿပီး စစ္ေဆးခဲ့ရာတြင္ ဦးေက်ာ္သူရလႈိင္ ဟာ သူတာဝန္ထမ္းေဆာင္ေနတဲ့ ကာလထဲမွာ အခြင့္အာဏာကို အလြဲသုံးစားလုပ္ၿပီး အဂတိလိုက္စားမႈကို က်ဴးလြန္ခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့တာေၾကာင့္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၆ အရ မြန္ျပည္နယ္ တရားလႊတ္ေတာ္မွာ ၂၀၁၇ ခုႏွစ္ ဇူလိုင္လ ၃၁ ရက္က တရားစြဲဆို တင္ပို႔ခဲ့တယ္လို႔ သိရပါတယ္။

ထိုတရားစြဲဆိုမႈအေပၚ မြန္ျပည္နယ္ တရားလႊတ္ေတာ္က ရာဇဝတ္ႀကီးမႈအမွတ္ ၃/၂၀၁၇ျဖင့္ လက္ခံစစ္ေဆးခဲ့ၿပီးတဲ့ေနာက္ ျပစ္မႈထင္ရွားေၾကာင္းကို စစ္ေဆးေတြ႕ရတဲ့အတြက္ ကင္မြန္းေခ်ာင္းေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉးေဟာင္း ဦးေက်ာ္သူရလႈိင္ ကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၆ အရ အလုပ္နဲ႔ ေထာင္ဒဏ္ ခုနစ္ႏွစ္ကို ဒီဇင္ဘာ ၁၃ ရက္မွာ ခ်မွတ္လိုက္တယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဒီဇင္ဘာ - ၁၈