အမရပူရမြို့နယ်ရှိ ဘုန်းကြီးကျောင်းတိုက်ဝန်းအတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ ဆက်စပ်ပတ်သက်သူများကို စုံစမ်းဖော်ထုတ်လျက်ရှိဟု ဆို

အမရပူရမြို့နယ်ရှိ ဘုန်းကြီးကျောင်းတိုက်ဝန်းအတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ ဆက်စပ်ပတ်သက်သူများကို စုံစမ်းဖော်ထုတ်လျက်ရှိဟု ဆို

အမရပူရမြို့နယ်ရှိ ဘုန်းကြီးကျောင်းတိုက်ဝန်းအတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့ပြီး ယင်းတရားမဝင်သစ်များနှင့် ဆက်စပ်ပတ်သက်သူများကိုလည်း စုံစမ်းဖော်ထုတ်လျက်ရှိတယ်လို့ သစ်တောဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဖြစ်စဉ်မှာ  ဒီဇင်ဘာ ၁၁ ရက်နေ့က မန္တလေးတိုင်းဒေသကြီးနှင့် မဟာအောင်မြေမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ် စုံစမ်းရှာဖွေဖော်ထုတ်ခြင်း ဆောင်ရွက်ခဲ့ရာ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ စပါးတောကျောင်းတိုက်ဝန်းအတွင်းမှ တရားမဝင် ပိတောက်/ တမလန်ဓါးရွေ (၁၄၆) ချောင်း (၇.၂၈၇၈) တန်အား ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ယင်းကဲ့သို့ ဖမ်းဆီးရမိသစ်များနှင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိတယ်လို့လည်း သိရပါတယ်။

ပြေသိမ်း
ဓါတ်ပုံ - Forest Department.
မန္တလေး၊ ဒီဇင်ဘာ - ၁၃

( Zawgyi )

အမရပူရၿမိဳ႕နယ္ရွိ ဘုန္းႀကီးေက်ာင္းတိုက္ဝန္းအတြင္းမွ တရားမဝင္သစ္မ်ား ဖမ္းဆီးရမိခဲ့ၿပီး ယင္းတရားမဝင္သစ္မ်ားႏွင့္ ဆက္စပ္ပတ္သက္သူမ်ားကိုလည္း စုံစမ္းေဖာ္ထုတ္လ်က္ရွိတယ္လို႔ သစ္ေတာဦးစီးဌာနရဲ႕ သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

ျဖစ္စဥ္မွာ  ဒီဇင္ဘာ ၁၁ ရက္ေန႔က မႏၲေလးတိုင္းေဒသႀကီးႏွင့္ မဟာေအာင္ေျမၿမိဳ႕နယ္၊ သစ္ေတာဦးစီးဌာနမွ သစ္ေတာဝန္ထမ္းမ်ား၊ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ တရားမဝင္သစ္ စုံစမ္းရွာေဖြေဖာ္ထုတ္ျခင္း ေဆာင္႐ြက္ခဲ့ရာ အမရပူရၿမိဳ႕နယ္၊ မွန္တန္းရပ္ကြက္၊ စပါးေတာေက်ာင္းတိုက္ဝန္းအတြင္းမွ တရားမဝင္ ပိေတာက္/ တမလန္ဓါးေ႐ြ (၁၄၆) ေခ်ာင္း (၇.၂၈၇၈) တန္အား ဖမ္းဆီးရမိခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ယင္းကဲ့သို႔ ဖမ္းဆီးရမိသစ္မ်ားႏွင့္ ဆက္စပ္ပတ္သက္ေသာ တရားခံမ်ားအား စုံစမ္းေဖာ္ထုတ္၍ ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ေရး စီစဥ္ေဆာင္႐ြက္လ်က္ ရွိတယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း
ဓါတ္ပုံ - Forest Department.
မႏၲေလး၊ ဒီဇင္ဘာ - ၁၃