အမေရိကန်ဒေါ်လာ ၄၂ သန်းကျော်တန်ဖိုးရှိသည့်မူးယစ်ဆေးဝါးများ မန္တလေးမြို့တွင် မီးရှို့ဖျက်ဆီး

အမေရိကန်ဒေါ်လာ ၄၂ သန်းကျော်တန်ဖိုးရှိသည့်မူးယစ်ဆေးဝါးများ မန္တလေးမြို့တွင် မီးရှို့ဖျက်ဆီး

အမေရိကန်ဒေါ်လာ ၄၂ သန်းကျော်တန်ဖိုးရှိသည့်မူးယစ်ဆေးဝါးတွေကို မန္တလေးမြို့မှာ ဒီနေ့မနက်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။(၃၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် အခမ်းအနားနဲ့တစ်ကွ မီးရှို့ဖျက်ဆီးခဲ့တာပဲဖြစ်ပြီး မူးယစ်ဆေးဝါးမျိုးစုံ ၃၂ မျိုး ကာလတန်ဖိုးအမေရိကန်ဒေါ်လာ ၄၂ ဒသမ ၁၈ သန်း မီးရှို့ဖျက်ဆီးခဲ့တာ လို့ သိရ ပါတယ်။

ဒါဟာ အရင်နှစ်ကနဲ့နှိုင်းယှဉ်ရင် ဖမ်းဆီးရမိမှုပမာဏနဲ့တန်ဖိုးတိုးတက်လာတာပဲဖြစ်ပြီး ဒါနဲ့ပတ်သက်လို့လည်း အမှတ်(၁) မူးယစ် တပ်ဖွဲ့ခွဲ (မန္တလေး)မှဒုတိယရဲမှုူးကြီးမျိုးအောင်က "ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေရဲ့ ကြိုးစားအားထုတ်မှုကြောင့်အခုလိုဖမ်းဆီးရမိမှုတိုးလာတာပါ အခုမီးရှို့ဖျက်ဆီးတာတွေက မနှစ်ကထက်တန်ဖိုးပိုများပါတယ်" လို့ ပြောပါတယ်။

ဒီနေ့မီးရှို့ဖျက်ဆီးခဲ့တဲ့မူးယစ်ဆေးဝါးတွေဟာ မန္တလေးတိုင်းဒေသကြီးအတွင်း  တစ်နှစ်တာဖမ်းဆီးရမိခဲ့တဲ့မူးယစ်ဆေးဝါးတွေပဲဖြစ်ပြီး မနှစ်က မီးရှို့ဖျက်ဆီးခဲ့တဲ့မူးယစ်ဆေးဝါးတန်ဖိုးက အမေရိကန်ဒေါ်လာ ၁၁၃ သိန်းဖြစ်တာကြောင့် အခုနှစ်မီးရှို့ဖျက်ဆီးမှု တန်ဖိုးက ပိုများနေ လို့လည်းသိရပါတယ်။

မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးခြင်းအခမ်းအနားကို မန္တလေး အောင်မြေသာစံမြို့နယ် ရွှေမန်းတောင်အားကစားကွင်းအတွင်းပြုလုပ်တာပဲဖြစ်ပြီး ဒေသအစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကိုယ်တိုင်တက်ရောက်စစ်ဆေးခဲ့တာပါ။"နိုင်ငံတော်အဆင့် နဲ့ Drug Free Nation ဖြစ်ဖို့ဆောင်ရွက်နေသလိုပဲ ကျွန်တော်တို့ကလည်း  ကျွန်တော်တို့တိုင်းဒေသကြီးကို မူးယစ်ဆေးဝါးကင်းမဲ့ဒေသဖြစ်လာဖို့ဆောင်ရွက်နေပါတယ်" လို့ ဝန်ကြီးချုပ်ကပြောပါတယ်။

(၃၂) ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံမှာ နေပြည်တော်၊ ကချင်နဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ ဒေသအလိုက်ဖမ်းဆီးရမိခဲ့တဲ့မူးယစ်ဆေးဝါး ၃၂ မျိုး ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၁၁၃ ဒသမ ၂၇ သန်းကျော် မီးရှို့ဖျက်ဆီးခဲ့ တယ်လို့ သိရပါတယ်။

KT
မန္တလေး၊ ဇွန် ၂၆

(  Zawgyi  )

အေမရိကန္ေဒၚလာ ၄၂ သန္းေက်ာ္တန္ဖိုးရွိသည့္မူးယစ္ေဆးဝါးေတြကို မႏၲေလးၿမိဳ႕မွာ ဒီေန႔မနက္ပိုင္းက မီးရႈိ႕ဖ်က္ဆီးခဲ့ပါတယ္။(၃၂) ႀကိမ္ေျမာက္ အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါးအလြဲသုံးမႈႏွင့္ တရားမဝင္ေရာင္းဝယ္မႈတိုက္ဖ်က္ေရးေန႔အထိမ္းအမွတ္အျဖစ္ အခမ္းအနားနဲ႔တစ္ကြ မီးရႈိ႕ဖ်က္ဆီးခဲ့တာပဲျဖစ္ၿပီး မူးယစ္ေဆးဝါးမ်ိဳးစုံ ၃၂ မ်ိဳး ကာလတန္ဖိုးအေမရိကန္ေဒၚလာ ၄၂ ဒသမ ၁၈ သန္း မီးရႈိ႕ဖ်က္ဆီးခဲ့တာ လို႔ သိရ ပါတယ္။

ဒါဟာ အရင္ႏွစ္ကနဲ႔ႏႈိင္းယွဥ္ရင္ ဖမ္းဆီးရမိမႈပမာဏနဲ႔တန္ဖိုးတိုးတက္လာတာပဲျဖစ္ၿပီး ဒါနဲ႔ပတ္သက္လို႔လည္း အမွတ္(၁) မူးယစ္ တပ္ဖြဲ႕ခြဲ (မႏၲေလး)မွဒုတိယရဲမႈူးႀကီးမ်ိဳးေအာင္က "ကြၽန္ေတာ္တို႔တပ္ဖြဲ႕ဝင္ေတြရဲ႕ ႀကိဳးစားအားထုတ္မႈေၾကာင့္အခုလိုဖမ္းဆီးရမိမႈတိုးလာတာပါ အခုမီးရႈိ႕ဖ်က္ဆီးတာေတြက မႏွစ္ကထက္တန္ဖိုးပိုမ်ားပါတယ္" လို႔ ေျပာပါတယ္။

ဒီေန႔မီးရႈိ႕ဖ်က္ဆီးခဲ့တဲ့မူးယစ္ေဆးဝါးေတြဟာ မႏၲေလးတိုင္းေဒသႀကီးအတြင္း  တစ္ႏွစ္တာဖမ္းဆီးရမိခဲ့တဲ့မူးယစ္ေဆးဝါးေတြပဲျဖစ္ၿပီး မႏွစ္က မီးရႈိ႕ဖ်က္ဆီးခဲ့တဲ့မူးယစ္ေဆးဝါးတန္ဖိုးက အေမရိကန္ေဒၚလာ ၁၁၃ သိန္းျဖစ္တာေၾကာင့္ အခုႏွစ္မီးရႈိ႕ဖ်က္ဆီးမႈ တန္ဖိုးက ပိုမ်ားေန လို႔လည္းသိရပါတယ္။

မူးယစ္ေဆးဝါးမီးရႈိ႕ဖ်က္ဆီးျခင္းအခမ္းအနားကို မႏၲေလး ေအာင္ေျမသာစံၿမိဳ႕နယ္ ေ႐ႊမန္းေတာင္အားကစားကြင္းအတြင္းျပဳလုပ္တာပဲျဖစ္ၿပီး ေဒသအစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္ကိုယ္တိုင္တက္ေရာက္စစ္ေဆးခဲ့တာပါ။"ႏိုင္ငံေတာ္အဆင့္ နဲ႔ Drug Free Nation ျဖစ္ဖို႔ေဆာင္႐ြက္ေနသလိုပဲ ကြၽန္ေတာ္တို႔ကလည္း  ကြၽန္ေတာ္တို႔တိုင္းေဒသႀကီးကို မူးယစ္ေဆးဝါးကင္းမဲ့ေဒသျဖစ္လာဖို႔ေဆာင္႐ြက္ေနပါတယ္" လို႔ ဝန္ႀကီးခ်ဳပ္ကေျပာပါတယ္။

(၃၂) ႀကိမ္ေျမာက္အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါးအလြဲသုံးမႈႏွင့္ တရားမဝင္ေရာင္းဝယ္မႈတိုက္ဖ်က္ေရးေန႔အထိမ္းအမွတ္အျဖစ္ ျမန္မာႏိုင္ငံမွာ ေနျပည္ေတာ္၊ ကခ်င္နဲ႔ ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး နဲ႔ မႏၲေလးတိုင္းေဒသႀကီးတို႔မွာ ေဒသအလိုက္ဖမ္းဆီးရမိခဲ့တဲ့မူးယစ္ေဆးဝါး ၃၂ မ်ိဳး ကာလတန္ဖိုး အေမရိကန္ေဒၚလာ ၁၁၃ ဒသမ ၂၇ သန္းေက်ာ္ မီးရႈိ႕ဖ်က္ဆီးခဲ့ တယ္လို႔ သိရပါတယ္။

KT
မႏၲေလး၊ ဇြန္ ၂၆