အများပြည်သူ အကြည်ညို မပျက်စေရန် ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီ စေတနာ ထား ဆောင်ရွက်ကြဖို့ ရန်ကုန်မြို့တော်ဝန် လမ်းညွှန်မှာကြား

အများပြည်သူ အကြည်ညို မပျက်စေရန် ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီ စေတနာ ထား ဆောင်ရွက်ကြဖို့ ရန်ကုန်မြို့တော်ဝန် လမ်းညွှန်မှာကြား

အများပြည်သူအကြည်ညိုမပျက်စေရန် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စေတနာထား ဆောင်ရွက် ကြ ဖို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ကလမ်းညွှန်မှာကြားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါလမ်းညွှန်မှာကြားမှုကို သြဂုတ် ၁၁ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမမှာပြုလုပ်ခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေစီးရေလာနှင့်ရေဆိုးစီမံခန့်ခွဲမှု လုပ်ငန်း တာဝန်ခံ အဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးနှင့် ဈေးများလုပ်ငန်းတာဝန်ခံအဖွဲ့ဝင်များ မြို့နယ် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်များနှင့်တွေ့ဆုံစဉ် ရန်ကုန်မြို့တော်ဝန်က လုပ်ငန်းဆိုင်ရာ ဩဝါဒ မှာကြားရာမှာ အထက်ပါအတိုင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ယင်းကဲ့သို့တွေ့ဆုံစဉ် ရန်ကုန်မြို့တော်ဝန်က ယခုအခါ ရာသီဥတုဆိုးရွားပြီး မိုးဆက်တိုက် ရွာသွန်း မှုကြောင့် မြို့နယ်များအတွင်းရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး အများပြည်သူအခက်အခဲ မရှိစေရေး ယခု တက်ရောက်လာသည့် အဖွဲ့အစည်းများ၊ တာဝန်ရှိသူများ က အားသွန်ခွန်စိုက် ရှင်းလင်းဆောင် ရွက်ကြရန်နှင့် မြို့နယ်အတွင်းလုပ်ငန်းများလုပ်ဆောင်ရာတွင် အများပြည်သူအကြည်ညိုမပျက်စေရန် ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီစေတနာထား ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြား ခဲ့တာဖြစ် တယ်လို့ သိရပါတယ်။

လက်ရှိကာလမှာလည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အချို့နှင့်ဆင်ခြေဖုံးမြို့နယ်များ၊အနိမ့်ပိုင်းရပ်ကွက်များတွင်ရေကြီးရေလျှံမှုများနှင့်ကြုံတွေ့ရလျက် ရှိနေတာ လည်းဖြစ်ပါတယ်။

ပြေသိမ်း
ရန်ကုန်၊သြဂုတ် ၁၂
ဓါတ်ပုံ - ရန်ကုန်မြို့တော်စည်ပင်

(  Zawgyi  )

 အမ်ားျပည္သူအၾကည္ညိဳမပ်က္ေစရန္ ဥပေဒလုပ္ထုံးလုပ္နည္းႏွင့္အညီ ေစတနာထား ေဆာင္႐ြက္ ၾက ဖို႔ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုး ကလမ္းၫႊန္မွာၾကားခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါလမ္းၫႊန္မွာၾကားမႈကို ၾသဂုတ္ ၁၁ ရက္ေန႔က ရန္ကုန္ၿမိဳ႕ေတာ္ခန္းမမွာျပဳလုပ္ခဲ့တဲ့ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ ေရစီးေရလာႏွင့္ေရဆိုးစီမံခန႔္ခြဲမႈ လုပ္ငန္း တာဝန္ခံ အဖြဲ႕ဝင္မ်ား၊ ျပည္သူ႔က်န္းမာေရးႏွင့္ ေဈးမ်ားလုပ္ငန္းတာဝန္ခံအဖြဲ႕ဝင္မ်ား ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီ အဖြဲ႕ဝင္မ်ားႏွင့္ေတြ႕ဆုံစဥ္ ရန္ကုန္ၿမိဳ႕ေတာ္ဝန္က လုပ္ငန္းဆိုင္ရာ ဩဝါဒ မွာၾကားရာမွာ အထက္ပါအတိုင္းေျပာၾကားခဲ့တာျဖစ္ပါတယ္။

ယင္းကဲ့သို႔ေတြ႕ဆုံစဥ္ ရန္ကုန္ၿမိဳ႕ေတာ္ဝန္က ယခုအခါ ရာသီဥတုဆိုး႐ြားၿပီး မိုးဆက္တိုက္ ႐ြာသြန္း မႈေၾကာင့္ ၿမိဳ႕နယ္မ်ားအတြင္းေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚေနၿပီး အမ်ားျပည္သူအခက္အခဲ မရွိေစေရး ယခု တက္ေရာက္လာသည့္ အဖြဲ႕အစည္းမ်ား၊ တာဝန္ရွိသူမ်ား က အားသြန္ခြန္စိုက္ ရွင္းလင္းေဆာင္ ႐ြက္ၾကရန္ႏွင့္ ၿမိဳ႕နယ္အတြင္းလုပ္ငန္းမ်ားလုပ္ေဆာင္ရာတြင္ အမ်ားျပည္သူအၾကည္ညိဳမပ်က္ေစရန္ ဥပေဒလုပ္ထုံးလုပ္နည္းႏွင့္ အညီေစတနာထား ေဆာင္႐ြက္ၾကရန္ လမ္းၫႊန္မွာၾကား ခဲ့တာျဖစ္ တယ္လို႔ သိရပါတယ္။

လက္ရွိကာလမွာလည္း မိုးအဆက္မျပတ္႐ြာသြန္းမႈေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္ အခ်ိဳ႕ႏွင့္ဆင္ေျခဖုံးၿမိဳ႕နယ္မ်ား၊အနိမ့္ပိုင္းရပ္ကြက္မ်ားတြင္ေရႀကီးေရလွ်ံမႈမ်ားႏွင့္ႀကဳံေတြ႕ရလ်က္ ရွိေနတာ လည္းျဖစ္ပါတယ္။

ေျပသိမ္း
ရန္ကုန္၊ၾသဂုတ္ ၁၂
ဓါတ္ပုံ - ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္