အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ၏ တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေး ရန်ကုန်မြို့တွင် စတင်ကျင်းပ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ၏ တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေး ရန်ကုန်မြို့တွင် စတင်ကျင်းပ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ၏ တတိယအကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ဒီကနေ့ စက်တင်ဘာ ၂၁ ရက်၊နံနက်ပိုင်းအချိန်မှ စတင်၍ ရန်ကုန်မြို့၊ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ  ကျင်းပပြုလုပ်လျက်ရှိပြီး သဘာပတိဦးတင်ထွဋ်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

အဆိုပါအစည်းအဝေးကို ဒီကနေ့ စက်တင်ဘာ၂၁ ရက်မှ ၂၂ ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ပြီး အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ နိုင်ငံရေးအစီရင်ခံစာတင်သွင်းခြင်း၊ ဗဟိုလုပ်ငန်းကော်မတီများ၏ အစီရင်ခံစာများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကိုယ်စားပြု ဗဟိုကော်မတီဝင်များ နှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှတင်သွင်းသည့်စာတမ်းများဖတ်ကြားခြင်းတို့ကိုဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ပြေသိမ်း
ရန်ကုန်၊ စက်တင်ဘာ - ၂၁
ဓါတ်ပုံ - NLD(Page)

( Zawgyi )

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဒုတိယဗဟိုေကာ္မတီ၏ တတိယအႀကိမ္ေျမာက္ပုံမွန္အစည္းအေဝးကို ဒီကေန႔ စက္တင္ဘာ ၂၁ ရက္၊နံနက္ပိုင္းအခ်ိန္မွ စတင္၍ ရန္ကုန္ၿမိဳ႕၊ဗဟန္းၿမိဳ႕နယ္ရွိ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္႐ုံးမွာ  က်င္းပျပဳလုပ္လ်က္ရွိၿပီး သဘာပတိဦးတင္ထြဋ္ဦးမွ အဖြင့္အမွာစကားေျပာၾကားခဲ့ပါတယ္။

အဆိုပါအစည္းအေဝးကို ဒီကေန႔ စက္တင္ဘာ၂၁ ရက္မွ ၂၂ ရက္ေန႔အထိ ႏွစ္ရက္ၾကာ က်င္းပမည္ျဖစ္ၿပီး အစည္းအေဝးတြင္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕၏ ႏိုင္ငံေရးအစီရင္ခံစာတင္သြင္းျခင္း၊ ဗဟိုလုပ္ငန္းေကာ္မတီမ်ား၏ အစီရင္ခံစာမ်ား၊ ျပည္နယ္ႏွင့္တိုင္းေဒသႀကီး ကိုယ္စားျပဳ ဗဟိုေကာ္မတီဝင္မ်ား ႏွင့္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမ်ားမွတင္သြင္းသည့္စာတမ္းမ်ားဖတ္ၾကားျခင္းတို႔ကိုေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔သိရပါတယ္။

ေျပသိမ္း
ရန္ကုန္၊ စက္တင္ဘာ - ၂၁
ဓါတ္ပုံ - NLD(Page)