အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင် အပါအဝင် ဝန်ထမ်းများ၊ အရပ်သားများအား ဖမ်းဆီးထားခြင်းကို AA အနေဖြင့် အန္တရာယ် ကင်းစွာ ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ အဆိုအား ပြည်ထောင်စုလွှတ်တော် အတည်ပြု

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင် အပါအဝင် ဝန်ထမ်းများ၊ အရပ်သားများအား ဖမ်းဆီးထားခြင်းကို AA အနေဖြင့် အန္တရာယ် ကင်းစွာ ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ အဆိုအား ပြည်ထောင်စုလွှတ်တော် အတည်ပြု

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင် အပါအဝင် ဝန်ထမ်းများ၊အရပ်သားများအားဖမ်းဆီးထားခြင်းကို AA အနေဖြင့် လုံခြုံစိတ်ချ အန္တရာယ်ကင်းစွာဖြင့်ချွင်းချက်မရှိအမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုသည့်အရေးကြီး အဆိုအားပြည်ထောင်စုလွှတ်တော် မှအတည်ပြု လိုက်ပါတယ်။

ဒီကနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အောင်မြေသာဇံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စာလှယ်ဒေါက်တာလှမိုး က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင်အား ရခိုင်လက်နက်ကိုင်(AA)မှအကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်ထားခြင်းသည် နိုင်ငံတော်မှေ ဆာင်ရွက်နေသည့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့အပြင် ပြည်သူလူထုဆန္ဒနှင့် ကိုယ်စားပြုမှုအပေါ် တိုက်ရိုက် ဆန့်ကျင်အကြမ်းဖက်ခြင်းဖြစ်သဖြင့်ပြည်ထောင်စုလွှတ်တော်မှပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းနှင့် ဦးဝှေ့တင် အပါအဝင် ဝန်ထမ်း များ၊အရပ်သားများအားဖမ်းဆီးထားခြင်းမှလုံခြုံစိတ်ချအန္တရာယ်ကင်းရှင်းစွာချွင်းချက်မရှိအမြန်ဆုံးပြန်လည်လွှတ်ပေးရန်တောင်းဆိုကြောင်းအရေးကြီးအဆိုကိုတင်သွင်းခဲ့တာဖြစ်ပြီး အဆိုပါ အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် (၈)ဦး တို့ကဆွေးနွေး ခဲ့ကြတာဖြစ်ပါတယ်။

ယင်းအဆိုနှင့်ပတ်သက်၍ပြည်ထောင်စုလွှတ်တော်နာယကဦးတီခွန်မြတ်မှအဆိုအားအဆုံးအဖြတ်ရယူခြင်းအားစက်ခလုတ်အသုံးပြု၍ဆောင်ရွက်ခဲ့ရာအဆိုအားဆန္ဒမဲပေးခွင့်ရှိသူပေါင်း(၅၇၆)ဦးရှိရာထောက်ခံမဲ(၃၇၆)မဲ၊ကန်ကွက်မဲ(၇)ကြားနေမဲ(၃)ရရှိပြီးသဖြင့်ထောက်ခံမဲများသဖြင့်အဆိုအာအတည်ပြုကြောင်းကြေငြာခဲ့ပါတယ်။

PTG
နေပြည်တော်၊နိုဝင်ဘာ ၁၈

(  Zawgyi  )

 အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ဦးေဝွ႔တင္ အပါအဝင္ ဝန္ထမ္းမ်ား၊အရပ္သားမ်ားအားဖမ္းဆီးထားျခင္းကို AA အေနျဖင့္ လုံၿခဳံစိတ္ခ် အႏၲရာယ္ကင္းစြာျဖင့္ခြၽင္းခ်က္မရွိအျမန္ဆုံးျပန္လႊတ္ေပးဖို႔ ေတာင္းဆိုသည့္အေရးႀကီး အဆိုအားျပည္ေထာင္စုလႊတ္ေတာ္ မွအတည္ျပဳ လိုက္ပါတယ္။

ဒီကေန႔ က်င္းပသည့္ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးတြင္ ေအာင္ေျမသာဇံမဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စာလွယ္ေဒါက္တာလွမိုး က အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ဦးေဝွ႔တင္အား ရခိုင္လက္နက္ကိုင္(AA)မွအၾကမ္းဖက္ဖမ္းဆီးေခၚေဆာင္ထားျခင္းသည္ ႏိုင္ငံေတာ္ေမွ ဆာင္႐ြက္ေနသည့္ အမ်ိဳးသားျပန္လည္ရင္ၾကားေစ့ေရးႏွင့္ၿငိမ္းခ် မ္းေရးေဖာ္ေဆာင္မႈတို႔အျပင္ ျပည္သူလူထုဆႏၵႏွင့္ ကိုယ္စားျပဳမႈအေပၚ တိုက္႐ိုက္ ဆန႔္က်င္အၾကမ္းဖက္ျခင္းျဖစ္သျဖင့္ျပည္ေထာင္စုလႊတ္ေတာ္မွျပင္းထန္စြာကန႔္ကြက္ရႈတ္ခ်ေၾကာင္းႏွင့္ ဦးေဝွ႔တင္ အပါအဝင္ ဝန္ထမ္း မ်ား၊အရပ္သားမ်ားအားဖမ္းဆီးထားျခင္းမွ လုံၿခဳံစိတ္ခ်အႏၲ ရာယ္ကင္း ရွင္းစြာခြၽင္းခ်က္မရွိ အျမန္ဆုံးျပန္လည္လႊ တ္ေပးရန္ေတာင္း ဆိုေၾကာင္းအေရးႀကီးအဆိုကိုတင္သြင္းခဲ့တာျဖစ္ၿပီး အဆိုပါ အေရးႀကီးအဆိုကို ျပည္ေထာင္စုလႊတ္ေတာ္တြင္ လႊတ္ေတာ္ကိုယ္စားလွယ္ (၈)ဦး တို႔ကေဆြးေႏြး ခဲ့ၾကတာျဖစ္ပါတယ္။

ယင္းအဆိုႏွင့္ပတ္သက္၍ျပည္ေထာင္စုလႊတ္ေတာ္နာယကဦးတီခြန္ျမတ္မွအဆိုအားအဆုံးအျဖတ္ရယူျခင္းအားစက္ခလုတ္အသုံးျပဳ၍ေဆာင္႐ြက္ခဲ့ရာအဆိုအားဆႏၵမဲေပးခြင့္ရွိသူေပါင္း(၅၇၆)ဦးရွိရာေထာက္ခံမဲ(၃၇၆)မဲ၊ကန္ကြက္မဲ(၇)ၾကားေနမဲ(၃)ရရွိၿပီးသျဖင့္ေထာက္ခံမဲမ်ားသျဖင့္အဆိုအာအတည္ျပဳေၾကာင္းေၾကျငာခဲ့ပါတယ္။

PTG
ေနျပည္ေတာ္၊ႏိုဝင္ဘာ ၁၈