အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ပြန်ပေးဆွဲခံရမှု သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌတို့ ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဟု ဆို

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ပြန်ပေးဆွဲခံရမှု သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌတို့ ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဟု ဆို

လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပျောက်ဆုံးသွားခြင်းသည် နိုင်ငံတော်၏ လုံခြုံရေးကို ထိပါးခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌတို့ ပူးပေါင်း၍ ဆောင်ရွက်စရာရှိသည်များကို ဆောင်ရွက်သွားမည်ဟု ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုး မှ ပြောကြားခဲ့ပါတယ်။

"အခုလက်ရှိကတော့ ဦးဝှေ့တင်း ပျောက်ဆုံးနေတယ်ဆိုတာပဲ သိရတယ်။ဆရာတို့ပါတီအနေနဲ့လည်း အတည်ပြုထားပြီးဖြစ်တယ်။ပျောက်ဆုံးနေတယ်ဆိုတာတော့ သေချာတယ်။ဘယ်နေရာမှာ ရောက်နေတယ်ဆိုတာလည်း မသိသေးဘူး။ဘာဖြစ်နေတယ်ဆိုတာလည်း အတိအကျ မသိသေးပါဘူး။သိလာတဲ့အချိန်မှာ ဆရာတို့ လွှတ်တော်ဘက်ကလည်း ဆောင်ရွက်စရာရှိတာတွေ ဆောင်ရွက်မှာဖြစ်ပါတယ်။သူ့ရဲ့ လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ နည်းဥပဒေအရ ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်။လွှတ်တော်က ဘာလုပ်လို့ရလည်းဆိုရင် ဒါကတော့ လုံခြုံရေးနဲ့ဆိုင်တဲ့ ကိစ္စဖြစ်တယ်။ကိုယ်စားလှယ်တစ်ယောက် ပျောက်ဆုံးသွားတယ်ဆိုတာ နိုင်ငံတော်ရဲ့လုံခြုံရေး ထိပါးတာဖြစ်တယ်။
အဲ့ဒီအတွက်ကြောင့်မလို့ လွှတ်တော်ဥက္ကဋ္ဌနဲ့ နိုင်ငံတော်သမ္မတတို့ ပူးပေါင်းပြီးတော့ ဆောင်ရွက်စရာရှိတာ ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်" ဟု ဒေါက်တာလှမိုး က ပြောကြားခဲ့ပါတယ်။

ယနေ့ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပျောက်ဆုံးနေခြင်းနှင့် ပတ်သက်၍ မည်သို့ဆောင်ရွက်သွားမလဲဆိုသည့် မီဒီယာများ၏ မေးမြန်းမှုကို ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုး က ဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် ကုလားတန်မြစ်အတွ င်းသွားလာနေသည့် စပိဘုတ်အား (AA) အဖွဲ့မှ ခေါ်ယူစစ်ဆေးရာတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း၊ အိန္ဒိယနိုင်ငံသား (၅) ဦး အပါအဝင် စုစုပေါင်း (၁၀) ဦး ပါဝင်ကြောင်း၊ နိုဝင်ဘာလ (၄) ရက်နေ့ နံနက် (၅) နာရီတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း မှ လွဲ၍ ကျန်လူအားလုံး လွှတ်ပေးခဲ့ကြောင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း အား ခေါ်ယူထိန်းသိမ်းထားခြင်းနှင့် ပတ်သက်၍ မကြာမီ သီးသန့်ထုတ်ပြန် ကြေငြာမည်ဖြစ်ကြောင်းလည်း (AA) အဖွဲ့မှ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

PTG
နေပြည်တော်၊ နိုဝင်ဘာ - ၄

( Zawgyi )

လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦး ေပ်ာက္ဆုံးသြားျခင္းသည္ ႏိုင္ငံေတာ္၏ လုံၿခဳံေရးကို ထိပါးျခင္းျဖစ္ၿပီး ႏိုင္ငံေတာ္သမၼတႏွင့္ လႊတ္ေတာ္ဥကၠ႒တို႔ ပူးေပါင္း၍ ေဆာင္႐ြက္စရာရွိသည္မ်ားကို ေဆာင္႐ြက္သြားမည္ဟု ျပည္သူ႔လႊတ္ေတာ္၊ လႊတ္ေတာ္အခြင့္အေရးေကာ္မတီ အတြင္းေရးမႉး ေဒါက္တာလွမိုး မွ ေျပာၾကားခဲ့ပါတယ္။

"အခုလက္ရွိကေတာ့ ဦးေဝွ႔တင္း ေပ်ာက္ဆုံးေနတယ္ဆိုတာပဲ သိရတယ္။ဆရာတို႔ပါတီအေနနဲ႔လည္း အတည္ျပဳထားၿပီးျဖစ္တယ္။ေပ်ာက္ဆုံးေနတယ္ဆိုတာေတာ့ ေသခ်ာတယ္။ဘယ္ေနရာမွာ ေရာက္ေနတယ္ဆိုတာလည္း မသိေသးဘူး။ဘာျဖစ္ေနတယ္ဆိုတာလည္း အတိအက် မသိေသးပါဘူး။သိလာတဲ့အခ်ိန္မွာ ဆရာတို႔ လႊတ္ေတာ္ဘက္ကလည္း ေဆာင္႐ြက္စရာရွိတာေတြ ေဆာင္႐ြက္မွာျဖစ္ပါတယ္။သူ႔ရဲ႕ လႊတ္ေတာ္ရဲ႕ လုပ္ထုံးလုပ္နည္း၊ ဥပေဒ၊ နည္းဥပေဒအရ ဆက္လက္ေဆာင္႐ြက္မွာ ျဖစ္ပါတယ္။လႊတ္ေတာ္က ဘာလုပ္လို႔ရလည္းဆိုရင္ ဒါကေတာ့ လုံၿခဳံေရးနဲ႔ဆိုင္တဲ့ ကိစၥျဖစ္တယ္။ကိုယ္စားလွယ္တစ္ေယာက္ ေပ်ာက္ဆုံးသြားတယ္ဆိုတာ ႏိုင္ငံေတာ္ရဲ႕လုံၿခဳံေရး ထိပါးတာျဖစ္တယ္။
အဲ့ဒီအတြက္ေၾကာင့္မလို႔ လႊတ္ေတာ္ဥကၠ႒နဲ႔ ႏိုင္ငံေတာ္သမၼတတို႔ ပူးေပါင္းၿပီးေတာ့ ေဆာင္႐ြက္စရာရွိတာ ဆက္လက္ေဆာင္႐ြက္မွာ ျဖစ္ပါတယ္" ဟု ေဒါက္တာလွမိုး က ေျပာၾကားခဲ့ပါတယ္။

ယေန႔က်င္းပျပဳလုပ္သည့္ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ (၁၄) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး ပထမေန႔တြင္ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦး ေပ်ာက္ဆုံးေနျခင္းႏွင့္ ပတ္သက္၍ မည္သို႔ေဆာင္႐ြက္သြားမလဲဆိုသည့္ မီဒီယာမ်ား၏ ေမးျမန္းမႈကို ျပည္သူ႔လႊတ္ေတာ္၊ လႊတ္ေတာ္အခြင့္အေရးေကာ္မတီ အတြင္းေရးမႉး ေဒါက္တာလွမိုး က ေျဖၾကားခဲ့ျခင္း ျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ (၃) ရက္ေန႔ နံနက္ (၁၀) နာရီအခ်ိန္တြင္ ကုလားတန္ျမစ္အတြ င္းသြားလာေနသည့္ စပိဘုတ္အား (AA) အဖြဲ႕မွ ေခၚယူစစ္ေဆးရာတြင္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဝွ႔တင္း၊ အိႏၵိယႏိုင္ငံသား (၅) ဦး အပါအဝင္ စုစုေပါင္း (၁၀) ဦး ပါဝင္ေၾကာင္း၊ ႏိုဝင္ဘာလ (၄) ရက္ေန႔ နံနက္ (၅) နာရီတြင္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဝွ႔တင္း မွ လြဲ၍ က်န္လူအားလုံး လႊတ္ေပးခဲ့ေၾကာင္း၊ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဝွ႔တင္း အား ေခၚယူထိန္းသိမ္းထားျခင္းႏွင့္ ပတ္သက္၍ မၾကာမီ သီးသန႔္ထုတ္ျပန္ ေၾကျငာမည္ျဖစ္ေၾကာင္းလည္း (AA) အဖြဲ႕မွ ထုတ္ျပန္ခ်က္အရ သိရွိရပါတယ္။

PTG
ေနျပည္ေတာ္၊ ႏိုဝင္ဘာ - ၄