အမြန်လမ်းတွင် ခရီးသည် Express ယာဉ် ၃ စီး ဆင့်တိုက်မှုဖြစ်ပွား

အမြန်လမ်းတွင် ခရီးသည် Express ယာဉ် ၃ စီး ဆင့်တိုက်မှုဖြစ်ပွား

နေပြည်တော်- ရန်ကုန် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်- ၂၁/၂ အနီး ခရီးသည်တွေ တင်ဆောင်လာတဲ့ Express ယာဉ် ၃ စီးမှာ ဒီကနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့၊ မနက် ၆ နာရီ၊ မိနစ် ၄ဝ ခန့်က ဆင့်တိုက်မှုဖြစ်ပွားခဲ့ တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။
ယာဉ်မောင်း ဦးအောင်ဇော်မိုး မောင်းနှင်လာတဲ့ King Long အမျိုးအစား တောင်ကြီး- ရန်ကုန် ရွှေကမ္ဘာ Express ယာဉ်၊ ယာဉ်မောင်း ဦးလှသိန်း မောင်းနှင်လာတဲ့ YUTONG အမျိုးအစား ဗန်းမော်- ရန်ကုန် Hight Class Express ယာဉ်နဲ့  ကိုဇော်မင်းလှိုင် မောင်းနှင်လာတဲ့ King Long အမျိုးအစား တောင်ကြီး- ရန်ကုန် ဝေဖြိုးအောင် Express ယာဉ်တို့ ဆင့်တိုက်မှုဖြစ်ပွားခဲ့တာပါ။

ဖြစ်စဉ်ကတော့ မိုင်တိုင်-၂၁/၁- ၂၁/၂ ကြား အမြန်လမ်းမပေါ်မှာ ယာဉ်ငယ်တစ်စီး ယာဉ်မတော်တဆဖြစ်စဉ်ကို ရဲတပ်ဖွဲ့က ရှင်းလင်းနေတဲ့ အတွက် ရွှေကမ္ဘာ Express ယာဉ်နဲ့ Hight Class Express ယာဉ် ၂ စီးက ရပ်တန့် စောင့်ဆိုင်းနေစဉ်မှာပဲ လားရာတူ နောက်ကနေ ဝေဖြိုးအောင် Express ယာဉ်က အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိ ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယာဉ်ဆင့်တိုက်မှုဖြစ်ပွားခဲ့တဲ့ ရွှေကမ္ဘာ Express ယာဉ်ပေါ်မှာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်အပါအဝင် ခရီးသည် ၂၉ ဦး၊ Hight Class Express ယာဉ်ပေါ်မှာ ၃၉ ဦးနဲ့ ဝေဖြိုးအောင် Express ယာဉ်ပေါ်မှာ လူ ၄ဝ ဦးထိ လိုက်ပါလာခဲ့တာဖြစ်ပေမယ့် ယာဉ်ဆင့်တိုက်မှုကြောင့် တစ်ဦးမှ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိဘူးလို့ အမြန်လမ်းရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရဲနိုင်(လောက်ကိုင်)
ရန်ကုန်၊ နိုဝင်ဘာလ ၁၈
ဓာတ်ပုံ- အမြန်လမ်းရဲတပ်ဖွဲ့

(  Zawgyi  )

 ေနျပည္ေတာ္- ရန္ကုန္ အျမန္လမ္းမႀကီး၊ မိုင္တိုင္အမွတ္- ၂၁/၂ အနီး ခရီးသည္ေတြ တင္ေဆာင္လာတဲ့ Express ယာဥ္ ၃ စီးမွာ ဒီကေန႔ ႏိုဝင္ဘာလ ၁၈ ရက္ေန႔၊ မနက္ ၆ နာရီ၊ မိနစ္ ၄ဝ ခန႔္က ဆင့္တိုက္မႈျဖစ္ပြားခဲ့ တယ္လို႔ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕မႉး႐ုံးမွ သိရပါတယ္။
ယာဥ္ေမာင္း ဦးေအာင္ေဇာ္မိုး ေမာင္းႏွင္လာတဲ့ King Long အမ်ိဳးအစား ေတာင္ႀကီး- ရန္ကုန္ ေ႐ႊကမာၻ Express ယာဥ္၊ ယာဥ္ေမာင္း ဦးလွသိန္း ေမာင္းႏွင္လာတဲ့ YUTONG အမ်ိဳးအစား ဗန္းေမာ္- ရန္ကုန္ Hight Class Express ယာဥ္နဲ႔  ကိုေဇာ္မင္းလႈိင္ ေမာင္းႏွင္လာတဲ့ King Long အမ်ိဳးအစား ေတာင္ႀကီး- ရန္ကုန္ ေဝၿဖိဳးေအာင္ Express ယာဥ္တို႔ ဆင့္တိုက္မႈျဖစ္ပြားခဲ့တာပါ။

ျဖစ္စဥ္ကေတာ့ မိုင္တိုင္-၂၁/၁- ၂၁/၂ ၾကား အျမန္လမ္းမေပၚမွာ ယာဥ္ငယ္တစ္စီး ယာဥ္မေတာ္တဆျဖစ္စဥ္ကို ရဲတပ္ဖြဲ႕က ရွင္းလင္းေနတဲ့ အတြက္ ေ႐ႊကမာၻ Express ယာဥ္နဲ႔ Hight Class Express ယာဥ္ ၂ စီးက ရပ္တန႔္ ေစာင့္ဆိုင္းေနစဥ္မွာပဲ လားရာတူ ေနာက္ကေန ေဝၿဖိဳးေအာင္ Express ယာဥ္က အရွိန္မထိန္းႏိုင္ဘဲ ဝင္တိုက္မိ ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ယာဥ္ဆင့္တိုက္မႈျဖစ္ပြားခဲ့တဲ့ ေ႐ႊကမာၻ Express ယာဥ္ေပၚမွာ ယာဥ္ေမာင္း၊ ယာဥ္ေနာက္လိုက္အပါအဝင္ ခရီးသည္ ၂၉ ဦး၊ Hight Class Express ယာဥ္ေပၚမွာ ၃၉ ဦးနဲ႔ ေဝၿဖိဳးေအာင္ Express ယာဥ္ေပၚမွာ လူ ၄ဝ ဦးထိ လိုက္ပါလာခဲ့တာျဖစ္ေပမယ့္ ယာဥ္ဆင့္တိုက္မႈေၾကာင့္ တစ္ဦးမွ ထိခိုက္ဒဏ္ရာ ရရွိခဲ့ျခင္း မရွိဘူးလို႔ အျမန္လမ္းရဲတပ္ဖြဲ႕ရဲ႕ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ရဲႏိုင္(ေလာက္ကိုင္)
ရန္ကုန္၊ ႏိုဝင္ဘာလ ၁၈
ဓာတ္ပုံ- အျမန္လမ္းရဲတပ္ဖြဲ႕