အမြန်လမ်းတွင် အောက်တိုဘာလ အတွင်း ယာဉ်မတော်တဆမှုကြောင့် ၁၅ ဦးသေဆုံး

အမြန်လမ်းတွင် အောက်တိုဘာလ အတွင်း ယာဉ်မတော်တဆမှုကြောင့် ၁၅ ဦးသေဆုံး

အမြန်လမ်းတွင် အောက်တိုဘာလ အတွင်း ယာဉ်မတော်တဆမှုကြောင့် ၁၅ ဦးသေဆုံးခဲ့တယ်လို့ အမြန် လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၁)ရက် နေ့မှ (၂၇) ရက်နေ့ အထိ အမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆမှု ၆၃ မှုဖြစ်ပွားခဲ့ရာ ကျား ၁၂ ဦး မ ၃ ဦး စုစုပေါင်း ၁၅ ဦးသေဆုံးခဲ့ပါတယ်။လူသေဆုံးမှု အများအဆုံးအဖြစ် အောက်တိုဘာလ ၂၄ ရက်နေ့က မိုင်တိုင် ၂၀/၄-၂၀/၅ အကြားတွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ ကျား ၃ ဦး ၊  မ (၁) ဦးသေဆုံးခဲ့ပါတယ်။

၂၀၁၉ ခုနှစ် စက်တင်ဘာလ အတွင်း ယာဉ်မတော်တဆမှုများကြောင့် ကျား ၇ ဦး မ ၁ ဦးသေဆုံး ခဲ့တဲ့ အတွက် အောက်တိုဘာလအတွင်း ဖြစ်ပွားသည့် ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးမှုများသည် စက်တင်ဘာလကထက် ၂ ဆခန့်ပိုမို သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။ အောက်တိုဘာလ အတွင်း ယာဉ်မတော်တဆမှုများ ပိုမိုများပြားလာတဲ့ အတွက် အောက်တိုဘာလ ၁၇ ရက် နေ့က မိုင်တိုင် ၂၁၈/၄ - ၂၁၈/၅ အကြားတွင် ၃ ရက်တိုင်တိုင် မေတ္တာသုတ်ပွားများ ရွတ်ဖတ်ခြင်း ၊အမျှပေး ဝေခြင်းများ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အမြန်လမ်းမကြီးတလျောက်တွင် လမ်း၏ အမြန်လမ်းမကြီး တစ်ခု အရည်အသွေး သတ်မှတ်စံနှုန်း မကိုက်ညီခြင်း ၊ယာဉ်မောင်းများ၏ စည်းကမ်းလိုက်နာမှု အားနည်းခြင်းနှင့် မဆင်မခြင် မောင်းနှင်ခြင်း၊ ယာဉ်ကြံခိုင်မှုနှင့် အသုံးပြုမှုအခြေအနေ လိုက်လျောညီထွေ မရှိခြင်း ၊ဒေသခံပြည်သူ များ၏ အသိပညာ နှင့် လူနေမှု ဘဝ အခြေအနေ မြှင့်တင်ရန် လိုအပ်ခြင်း များကြောင့် ယာဉ်မတော်တဆမှုများဖြစ်ပွားပြီး လူထိခိုက် သေဆုံးမှုများ ဖြစ်ပေါ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ အောက်တိုဘာ ၃၁

(  Zawgyi  )

 အျမန္လမ္းတြင္ ေအာက္တိုဘာလ အတြင္း ယာဥ္မေတာ္တဆမႈေၾကာင့္ ၁၅ ဦးေသဆုံးခဲ့တယ္လို႔ အျမန္ လမ္းမႀကီးရဲတပ္ဖြဲ႕မႉး႐ုံးမွ သတင္းထုတ္ျပန္ခဲ့ပါတယ္။ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလ (၁)ရက္ ေန႔မွ (၂၇) ရက္ေန႔ အထိ အျမန္လမ္းေပၚတြင္ ယာဥ္မေတာ္တဆမႈ ၆၃ မႈျဖစ္ပြားခဲ့ရာ က်ား ၁၂ ဦး မ ၃ ဦး စုစုေပါင္း ၁၅ ဦးေသဆုံးခဲ့ပါတယ္။လူေသဆုံးမႈ အမ်ားအဆုံးအျဖစ္ ေအာက္တိုဘာလ ၂၄ ရက္ေန႔က မိုင္တိုင္ ၂၀/၄-၂၀/၅ အၾကားတြင္ ယာဥ္မေတာ္တဆမႈျဖစ္ပြားခဲ့ရာ က်ား ၃ ဦး ၊  မ (၁) ဦးေသဆုံးခဲ့ပါတယ္။

၂၀၁၉ ခုႏွစ္ စက္တင္ဘာလ အတြင္း ယာဥ္မေတာ္တဆမႈမ်ားေၾကာင့္ က်ား ၇ ဦး မ ၁ ဦးေသဆုံး ခဲ့တဲ့ အတြက္ ေအာက္တိုဘာလအတြင္း ျဖစ္ပြားသည့္ ယာဥ္မေတာ္တဆမႈေၾကာင့္ လူေသဆုံးမႈမ်ားသည္ စက္တင္ဘာလကထက္ ၂ ဆခန႔္ပိုမို ေသဆုံးခဲ့ျခင္းျဖစ္ပါတယ္။ ေအာက္တိုဘာလ အတြင္း ယာဥ္မေတာ္တဆမႈမ်ား ပိုမိုမ်ားျပားလာတဲ့ အတြက္ ေအာက္တိုဘာလ ၁၇ ရက္ ေန႔က မိုင္တိုင္ ၂၁၈/၄ - ၂၁၈/၅ အၾကားတြင္ ၃ ရက္တိုင္တိုင္ ေမတၱာသုတ္ပြားမ်ား ႐ြတ္ဖတ္ျခင္း ၊အမွ်ေပး ေဝျခင္းမ်ား ျပဳလုပ္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။

အျမန္လမ္းမႀကီးတေလ်ာက္တြင္ လမ္း၏ အျမန္လမ္းမႀကီး တစ္ခု အရည္အေသြး သတ္မွတ္စံႏႈန္း မကိုက္ညီျခင္း ၊ယာဥ္ေမာင္းမ်ား၏ စည္းကမ္းလိုက္နာမႈ အားနည္းျခင္းႏွင့္ မဆင္မျခင္ ေမာင္းႏွင္ျခင္း၊ ယာဥ္ႀကံခိုင္မႈႏွင့္ အသုံးျပဳမႈအေျခအေန လိုက္ေလ်ာညီေထြ မရွိျခင္း ၊ေဒသခံျပည္သူ မ်ား၏ အသိပညာ ႏွင့္ လူေနမႈ ဘဝ အေျခအေန ျမႇင့္တင္ရန္ လိုအပ္ျခင္း မ်ားေၾကာင့္ ယာဥ္မေတာ္တဆမႈမ်ားျဖစ္ပြားၿပီး လူထိခိုက္ ေသဆုံးမႈမ်ား ျဖစ္ေပၚရတာျဖစ္တယ္လို႔ ဆိုပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ေအာက္တိုဘာ ၃၁