အမြန်လမ်းပေါ်တွင် လမ်းဘေး မြေသားပေါ်ရပ်ထားသည့် မော်တော်ယာဉ်အား အနောက်မှ ဝင်တိုက်

အမြန်လမ်းပေါ်တွင် လမ်းဘေး မြေသားပေါ်ရပ်ထားသည့် မော်တော်ယာဉ်အား အနောက်မှ ဝင်တိုက်

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယနေ့ သြဂုတ်လ ၁၉ ရက် နံနက်ပိုင်းက လမ်းဘေး မြေသားပေါ် ရပ်ထားသည့် မော်တော် ယာဉ်အား လားရာတူမောင်းနှင်လာသည့် မော်တော်ယာဉ်က အနောက်မှ ဝင်ရောက် တိုက်မှုဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ သြဂုတ်လ ၁၉ ရက် နံနက် ၆ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် နေပြည်တော်-ရန်ကုန်လမ်းပိုင်း မိုင်တိုင် ၆၈/၄ - ၅ ကြားတွင် ယာဉ်မောင်း ကိုကျော်ကျော် ၄၀ နှစ် မောင်းနှင်လာသည့် CROWN ယာဉ်သည် လမ်းဘေး မြေသားလမ်းပေါ်တွင် ကားရပ်နားနေစဉ် လားရာတူ မှ ကိုဇော်ဇော် ၃၉ နှစ် တစ်ဦးတည်း မောင်းနှင်လာသည့် MAZDA အဖြူ ရောင်ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်ပြီး မြေသားလမ်းပေါ်ရောက်ရှိကာ ရပ်ထား သည့် CROWN ယာဉ်အားဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ပါတယ်။

ယာဉ်မတော်တဆဖြစ်စဉ်ကြောင့် MAZDA ယာဉ်မောင်း ကိုဇော်ဇော်တွင် ဒဏ်ရာများရရှိခဲ့သည့် အတွက် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ အုတ်ရှစ် ကုန်းစခန်းမှ တပ်ဖွဲ့ဝင်များနှင့်အထောက်အကူ ပြုအဖွဲ့များ က ကူညီ ဆောင်ရွက်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ သြဂုတ် ၁၉
ဓာတ်ပုံ- အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး

(  Zawgyi  )

 ရန္ကုန္- မႏၲေလး အျမန္လမ္းမႀကီးေပၚတြင္ ယေန႔ ၾသဂုတ္လ ၁၉ ရက္ နံနက္ပိုင္းက လမ္းေဘး ေျမသားေပၚ ရပ္ထားသည့္ ေမာ္ေတာ္ ယာဥ္အား လားရာတူေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္က အေနာက္မွ ဝင္ေရာက္ တိုက္မႈျဖစ္ပြားခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က သတင္း ထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ ၾသဂုတ္လ ၁၉ ရက္ နံနက္ ၆ နာရီ ၁၅ မိနစ္အခ်ိန္ခန႔္တြင္ ေနျပည္ေတာ္-ရန္ကုန္လမ္းပိုင္း မိုင္တိုင္ ၆၈/၄ - ၅ ၾကားတြင္ ယာဥ္ေမာင္း ကိုေက်ာ္ေက်ာ္ ၄၀ ႏွစ္ ေမာင္းႏွင္လာသည့္ CROWN ယာဥ္သည္ လမ္းေဘး ေျမသားလမ္းေပၚတြင္ ကားရပ္နားေနစဥ္ လားရာတူ မွ ကိုေဇာ္ေဇာ္ ၃၉ ႏွစ္ တစ္ဦးတည္း ေမာင္းႏွင္လာသည့္ MAZDA အျဖဴ ေရာင္ယာဥ္သည္ ယာဥ္ေမာင္းအိပ္ငိုက္ၿပီး ေျမသားလမ္းေပၚေရာက္ရွိကာ ရပ္ထား သည့္ CROWN ယာဥ္အားဝင္ေရာက္တိုက္မိမႈျဖစ္ပြားခဲ့ပါတယ္။

ယာဥ္မေတာ္တဆျဖစ္စဥ္ေၾကာင့္ MAZDA ယာဥ္ေမာင္း ကိုေဇာ္ေဇာ္တြင္ ဒဏ္ရာမ်ားရရွိခဲ့သည့္ အတြက္ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕ အုတ္ရွစ္ ကုန္းစခန္းမွ တပ္ဖြဲ႕ဝင္မ်ားႏွင့္အေထာက္အကူ ျပဳအဖြဲ႕မ်ား က ကူညီ ေဆာင္႐ြက္ေပးခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ၾသဂုတ္ ၁၉
ဓာတ္ပုံ- အျမန္လမ္းမႀကီး ရဲတပ္ဖြဲ႕မႉး႐ုံး