အမှတ်(၃)လမ်းဆုံအနီး ကုန်သေတ္တာတင်ယာဉ်နှစ်စီး တိုက်ရာမှ ယာဉ်မောင်းညပ်နေ

အမှတ်(၃)လမ်းဆုံအနီး ကုန်သေတ္တာတင်ယာဉ်နှစ်စီး တိုက်ရာမှ ယာဉ်မောင်းညပ်နေ

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်း (အမှတ်(၃)လမ်းဆုံအနီး)မှာ မေလ ၁၄ရက် ည ၁၁ နာရီအချိန်ခန့်က ကုန်သေတ္တာတင်ယာဉ်နှစ်စီး ဆင့်ကဲတိုက်မိတဲ့ ဖြစ်စဉ်တစ်ခု ကြုံခဲ့ကာ ယာဉ်မောင်း ညပ်နေတာကြောင့် ကူညီကယ်ဆယ်တာတွေ လုပ်ဆောင်ရတယ်လို့ ကူညီဖို့သွားရောက်ခဲ့တဲ့ စမ်းချောင်းမြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

အဆိုပါကူညီကယ်ဆယ်တာတွေကို ပုလဲအရန်မီးသတ်တပ်ဖွဲ့နဲ့အတူ လိုအပ်တဲ့ကူညီမှုတွေ လုပ်ဆောင် ခဲ့ကြတယ်လို့ သိရပါတယ်။ မေလ ၁၄ ရက် ည ၆နာရီအချိန်ခန့်ကလည်း မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းက ၁၀၆ မှတ်တိုင်နားမှာ ဟိုက်ဂျက်ယာဉ်တစ်စီးဟာ သစ်ပင်ကို ဝင်တိုက်မိတဲ့ ဖြစ်ရပ်တစ်ခု ကြုံတွေ့ခဲ့သလို တစ်ချိန်တည်းမှာပဲ ယင်းအနီးက ဓာတ်အားလိုင်းတွေမှာ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့တာကြောင့် မီးငြှိမ်းသတ်တာတွေကို လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ မေ ၁၅

(  Zawgyi  )

 ရန္ကုန္တိုင္းေဒသႀကီး မဂၤလာဒုံၿမိဳ႕နယ္ ခေရပင္လမ္း (အမွတ္(၃)လမ္းဆုံအနီး)မွာ ေမလ ၁၄ရက္ ည ၁၁ နာရီအခ်ိန္ခန႔္က ကုန္ေသတၱာတင္ယာဥ္ႏွစ္စီး ဆင့္ကဲတိုက္မိတဲ့ ျဖစ္စဥ္တစ္ခု ႀကဳံခဲ့ကာ ယာဥ္ေမာင္း ညပ္ေနတာေၾကာင့္ ကူညီကယ္ဆယ္တာေတြ လုပ္ေဆာင္ရတယ္လို႔ ကူညီဖို႔သြားေရာက္ခဲ့တဲ့ စမ္းေခ်ာင္းၿမိဳ႕နယ္အရန္မီးသတ္တပ္ဖြဲ႕မွ သိရပါတယ္။

အဆိုပါကူညီကယ္ဆယ္တာေတြကို ပုလဲအရန္မီးသတ္တပ္ဖြဲ႕နဲ႔အတူ လိုအပ္တဲ့ကူညီမႈေတြ လုပ္ေဆာင္ ခဲ့ၾကတယ္လို႔ သိရပါတယ္။ ေမလ ၁၄ ရက္ ည ၆နာရီအခ်ိန္ခန႔္ကလည္း မဂၤလာဒုံၿမိဳ႕နယ္ ခေရပင္လမ္းက ၁၀၆ မွတ္တိုင္နားမွာ ဟိုက္ဂ်က္ယာဥ္တစ္စီးဟာ သစ္ပင္ကို ဝင္တိုက္မိတဲ့ ျဖစ္ရပ္တစ္ခု ႀကဳံေတြ႕ခဲ့သလို တစ္ခ်ိန္တည္းမွာပဲ ယင္းအနီးက ဓာတ္အားလိုင္းေတြမွာ လွ်ပ္စစ္ဝါယာေရွာ့ခ္ျဖစ္ၿပီး မီးေလာင္ကြၽမ္းခဲ့တာေၾကာင့္ မီးျငႇိမ္းသတ္တာေတြကို လုပ္ေဆာင္ခဲ့ရတယ္လို႔ သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ေမ ၁၅