အရောက်သင်အသက်မွေးဝမ်းကြောင်း ပညာသင်ကြားပေးရေး အစီအစဉ်ကို NLD အဖွဲ့ချုပ် ပညာရေးကွန်ရက်မှ စတင်ဆောင်ရွက် လျက်ရှိဟု ဆို

အရောက်သင်အသက်မွေးဝမ်းကြောင်း ပညာသင်ကြားပေးရေး အစီအစဉ်ကို NLD အဖွဲ့ချုပ် ပညာရေးကွန်ရက်မှ စတင်ဆောင်ရွက် လျက်ရှိဟု ဆို

အရောက်သင်အသက်မွေးဝမ်းကြောင်းပညာသင်ကြားပေးရေးအစီအစဉ်ကို NLD အဖွဲ့ချုပ်ပညာရေးကွန်ရက်မှ စတင်လုပ်ဆောင်လျက်ရှိပြီး လက်ရှိမှာတော့ တောင်ဒဂုံမြို့နယ်နှင့်လှိုင်သာယာမြို့နယ် တို့မှာအဆိုပါ အစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

ယင်းသင်တန်းတွေကနေ ကျွမ်းကျင်လုပ်သားဖြစ်တဲ့အထိသင်တန်းသားတွေကို သင်ကြားပို့ချသွားမည့်အပြင် သင်တန်းပြီးဆုံးပါကလည်း အသိအမှတ်ပြု(Certificate)လက်မှတ်များကိုလည်းထုတ်ပေးသွားမှဖြစ်တယ်လို့ တောင်ဒဂုံမဲဆန္ဒနယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီ ကပြောပါတယ်။

“အရောက်သင်အသက်မွေးဝမ်းကြောင်းပညာသင်ကြားပေးရေးအစီအစဉ်ကို သိပ်ကျယ်ကျယ်ပြန့်ပြန့် တော့ မလုပ်နိုင်သေးပါဘူး။ ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်အောင်လို့တော့ ကျနော်တို့ကြိုးစားနေပါတယ်။NLD ပညာရေး ကွန်ရက်ကနေလူထုကိုပညာရည်တွေေ ပးတဲ့ ဟာတွေကို ကျနော်တို့ ရှင်းပြပါတယ်။ကျနော်တို့ အဖွဲ့ချုပ် ပညာ ရေး ကွန်ရက်ကိုတည်ထောင်လာတာ အခုနိုင်ငံတေ်ာအတိုင်ပင်ခံပေါ့နော်။ ကျနေ်ာတို့ အဖွဲ့ချုပ် ရဲ့ခေါင်းဆောင် အမေစုကနေပြီးတော့ ဒါကိုလမ်းညွှန်ခဲ့တာပါ။အဖွဲ့ချုပ်ဗဟိုအလုပ်အမှု ဆောင်တွေရဲ့ဦးဆောင်လမ်းညွှန်မှုနဲ့ အတူတူပေါ့ကျနော်တို့အဖွဲ့ချုပ်ပညာရေးကွန်ရက်ကတိုင်းနဲ့ပြည်နယ်တော်တော်များများမှာ ကျနော်တို့သင်တန်း တွေဖွင့်လှစ်ပေးနေပါတယ်။

ကိုးတန်း ဆယ်တန်းကို ပညာသင်ကြားရေးကိုသင်ပေးသလိုပေါ့ အခုတော့ အဓိက ဖြစ်တဲ့ အသက်မွေးဝမ်းကြောင်း ပညာသင်ကြားရေးကို သင်ကြားပေးနေတာဖြစ်ပါတယ်။ အဲ့ဒီထက်နောက်ထပ် ခြေလှမ်းတစ်လှမ်းကတော့ဝန်ကြီးနဲ့တွေ့တဲ့အခါမှာ Mobile School ဆိုတဲ့ ရွှေ့လျား သင်ကြားပေးရေးစနစ်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက်ကိုလည်းဆွေးနွေးခဲ့ပါတယ်။အဲ့မှာလည်း ပြည်ထောင်စုဝန်ကြီးက တောင် ဒဂုံနဲ့လှိုင်သာယာကိုသူအရမ်းစလုပ် ချင်တဲ့ဟာကိုပြောတဲ့အခါမှာအဖွဲ့ချုပ်ပညာရေးကွန်ရက်နဲ့ ILBC နဲ့ပေါင်း စည်းပြီး တော့ အရောက်သင် အသက်မွေးဝမ်းကြောင်းပညာသင်ကြားပေးရေးကိုစတင်နေတာကျနော်တို့ သုံးပတ်ရှိသွားပါပြီ။တစ်ပတ်ကိုနှစ်ရက်ပါ”လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်ကျောင်းကိုမသွားနိုင်တဲ့ကျောင်းသားတွေအတွက်လည်း Mobile School လို့ခေါ်တဲ့ အရောက်သင် ပညာရေးစနစ်နဲ့အရောက်သင် အသက်မွေးဝမ်းကြောင်းပညာသင်ကြားရေးတို့ကိုလည်း ဆောင်ရွက်ပေးလျက် ရှိတယ်လု့ိ ၎င်းက ဆိုပါတယ်။ “ကျောင်းသားတွေသည်ကျောင်းကိုသွားရတယ်။ကျောင်းကိုမသွားနိုင်တဲ့ကျောင်းသားတွေအတွက် ကျနော်တို့ က ဘာပြန်လုပ်ရမလဲ အဲ့ကျောင်းကြီးကိုရွှေ့လျားနေ တဲ့ ကားကြီးလိုသွားဖို့အတွက် စနစ်ပေါ့ ဒါကို ကျနော်တို့ စဉ်းစားတယ်။အဲ့ဒါကိုလည်းဆောင်ရွက်နေပါပြီ။အခုနောက်ထပ်ခြေတစ်လှမ်းကတော့ Mobile School လို့ခေါ်တဲ့ သက်မွေးဝမ်းကြောင်းပညာရပ်တွေကို အရောက်သင် အသက်မွေးဝမ်းကြောင်း ပညာသင်ကြား ပေးရေးအစီအစဉ်ကို ကျနော်တို့အဖွဲ့ချုပ်ပညာရေးကွန်ရက်ကစလိုက်တာ အခုတောင်ဒဂုံမှာ စတင်သင်ကြား ပေးနေပြီ။

လုပ်ငန်းခွင်တွေကိုသွားပြီးတော့လေ့လာမယ်။လုပ်ငန်းခွင်တွေကိုပြမယ်။ဒါကတော့သံရိုက်နည်း ဒါကတော့အုတ်စီနည်း အဲ့လိုပုံစံလေးတွေနဲ့ အရောက်သင်အသက်မွေးဝမ်းကျောင်းပညာသင်ကြားပေးရေး အစီအစဉ်ကိုစတင်နေပါပြီ။စကေးလေဘာဖြစ်လာတဲ့အထိ ကျနော်တို့ သင်ကြား မှာဖြစ်ပါတယ်။”လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက Opinion Leaders Media သို့ပြောကြားခဲ့ပါတယ်။

ပြေသိမ်း
ရန်ကုန်၊သြဂုတ် ၁၄

(  Zawgyi  )

 အေရာက္သင္အသက္ေမြးဝမ္းေၾကာင္းပညာသင္ၾကားေပးေရးအစီအစဥ္ကို NLD အဖြဲ႕ခ်ဳပ္ပညာေရးကြန္ရက္မွ စတင္လုပ္ေဆာင္လ်က္ရွိၿပီး လက္ရွိမွာေတာ့ ေတာင္ဒဂုံၿမိဳ႕နယ္ႏွင့္လႈိင္သာယာၿမိဳ႕နယ္ တို႔မွာအဆိုပါ အစီအစဥ္ကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိတယ္လို႔ သိရပါတယ္။

ယင္းသင္တန္းေတြကေန ကြၽမ္းက်င္လုပ္သားျဖစ္တဲ့အထိသင္တန္းသားေတြကို သင္ၾကားပို႔ခ်သြားမည့္အျပင္ သင္တန္းၿပီးဆုံးပါကလည္း အသိအမွတ္ျပဳ(Certificate)လက္မွတ္မ်ားကိုလည္းထုတ္ေပးသြားမွျဖစ္တယ္လို႔ ေတာင္ဒဂုံမဲဆႏၵနယ္မွ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးညီညီ ကေျပာပါတယ္။

“အေရာက္သင္အသက္ေမြးဝမ္းေၾကာင္းပညာသင္ၾကားေပးေရးအစီအစဥ္ကို သိပ္က်ယ္က်ယ္ျပန႔္ျပန႔္ ေတာ့ မလုပ္ႏိုင္ေသးပါဘူး။ က်ယ္က်ယ္ျပန႔္ျပန႔္လုပ္ႏိုင္ေအာင္လို႔ေတာ့ က်ေနာ္တို႔ႀကိဳးစားေနပါတယ္။NLD ပညာေရး ကြန္ရက္ကေနလူထုကိုပညာရည္ေတြေ ပးတဲ့ ဟာေတြကို က်ေနာ္တို႔ ရွင္းျပပါတယ္။က်ေနာ္တို႔ အဖြဲ႕ခ်ဳပ္ ပညာ ေရး ကြန္ရက္ကိုတည္ေထာင္လာတာ အခုႏိုင္ငံေတ္ာအတိုင္ပင္ခံေပါ့ေနာ္။ က်ေန္ာတို႔ အဖြဲ႕ခ်ဳပ္ ရဲ႕ေခါင္းေဆာင္ အေမစုကေနၿပီးေတာ့ ဒါကိုလမ္းၫႊန္ခဲ့တာပါ။အဖြဲ႕ခ်ဳပ္ဗဟိုအလုပ္အမႈ ေဆာင္ေတြရဲ႕ဦးေဆာင္လမ္းၫႊန္မႈနဲ႔ အတူတူေပါ့က်ေနာ္တို႔အဖြဲ႕ခ်ဳပ္ပညာေရးကြန္ရက္ကတိုင္းနဲ႔ျပည္နယ္ေတာ္ေတာ္မ်ားမ်ားမွာ က်ေနာ္တို႔သင္တန္း ေတြဖြင့္လွစ္ေပးေနပါတယ္။

ကိုးတန္း ဆယ္တန္းကို ပညာသင္ၾကားေရးကိုသင္ေပးသလိုေပါ့ အခုေတာ့ အဓိက ျဖစ္တဲ့ အသက္ေမြးဝမ္းေၾကာင္း ပညာသင္ၾကားေရးကို သင္ၾကားေပးေနတာျဖစ္ပါတယ္။ အဲ့ဒီထက္ေနာက္ထပ္ ေျခလွမ္းတစ္လွမ္းကေတာ့ဝန္ႀကီးနဲ႔ေတြ႕တဲ့အခါမွာ Mobile School ဆိုတဲ့ ေ႐ႊ႕လ်ား သင္ၾကားေပးေရးစနစ္ကို အေကာင္အထည္ေဖာ္ႏိုင္ဖို႔အတြက္ကိုလည္းေဆြးေႏြးခဲ့ပါတယ္။အဲ့မွာလည္း ျပည္ေထာင္စုဝန္ႀကီးက ေတာင္ ဒဂုံနဲ႔လႈိင္သာယာကိုသူအရမ္းစလုပ္ ခ်င္တဲ့ဟာကိုေျပာတဲ့အခါမွာအဖြဲ႕ခ်ဳပ္ပညာေရးကြန္ရက္နဲ႔ ILBC နဲ႔ေပါင္း စည္းၿပီး ေတာ့ အေရာက္သင္ အသက္ေမြးဝမ္းေၾကာင္းပညာသင္ၾကားေပးေရးကိုစတင္ေနတာက်ေနာ္တို႔ သုံးပတ္ရွိသြားပါၿပီ။တစ္ပတ္ကိုႏွစ္ရက္ပါ”လို႔ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီညီ က ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ေက်ာင္းကိုမသြားႏိုင္တဲ့ေက်ာင္းသားေတြအတြက္လည္း Mobile School လို႔ေခၚတဲ့ အေရာက္သင္ ပညာေရးစနစ္နဲ႔အေရာက္သင္ အသက္ေမြးဝမ္းေၾကာင္းပညာသင္ၾကားေရးတို႔ကိုလည္း ေဆာင္႐ြက္ေပးလ်က္ ရွိတယ္လု႔ိ ၎က ဆိုပါတယ္။ “ေက်ာင္းသားေတြသည္ေက်ာင္းကိုသြားရတယ္။ေက်ာင္းကိုမသြားႏိုင္တဲ့ေက်ာင္းသားေတြအတြက္ က်ေနာ္တို႔ က ဘာျပန္လုပ္ရမလဲ အဲ့ေက်ာင္းႀကီးကိုေ႐ႊ႕လ်ားေန တဲ့ ကားႀကီးလိုသြားဖို႔အတြက္ စနစ္ေပါ့ ဒါကို က်ေနာ္တို႔ စဥ္းစားတယ္။အဲ့ဒါကိုလည္းေဆာင္႐ြက္ေနပါၿပီ။အခုေနာက္ထပ္ေျခတစ္လွမ္းကေတာ့ Mobile School လို႔ေခၚတဲ့ သက္ေမြးဝမ္းေၾကာင္းပညာရပ္ေတြကို အေရာက္သင္ အသက္ေမြးဝမ္းေၾကာင္း ပညာသင္ၾကား ေပးေရးအစီအစဥ္ကို က်ေနာ္တို႔အဖြဲ႕ခ်ဳပ္ပညာေရးကြန္ရက္ကစလိုက္တာ အခုေတာင္ဒဂုံမွာ စတင္သင္ၾကား ေပးေနၿပီ။

လုပ္ငန္းခြင္ေတြကိုသြားၿပီးေတာ့ေလ့လာမယ္။လုပ္ငန္းခြင္ေတြကိုျပမယ္။ဒါကေတာ့သံ႐ိုက္နည္း ဒါကေတာ့အုတ္စီနည္း အဲ့လိုပုံစံေလးေတြနဲ႔ အေရာက္သင္အသက္ေမြးဝမ္းေက်ာင္းပညာသင္ၾကားေပးေရး အစီအစဥ္ကိုစတင္ေနပါၿပီ။စေကးေလဘာျဖစ္လာတဲ့အထိ က်ေနာ္တို႔ သင္ၾကား မွာျဖစ္ပါတယ္။”လို႔ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီညီက Opinion Leaders Media သို႔ေျပာၾကားခဲ့ပါတယ္။

ေျပသိမ္း
ရန္ကုန္၊ၾသဂုတ္ ၁၄