အရှိန်မထိန်းနိုင်သည့်ယာဉ် အမြန်လမ်းတွင် ဘာရီယာတုံး ဝင်တိုက်သဖြင့် တစ်ဦးသေကာ ၁၂ ဦး ဒဏ်ရာရ

အရှိန်မထိန်းနိုင်သည့်ယာဉ် အမြန်လမ်းတွင် ဘာရီယာတုံး ဝင်တိုက်သဖြင့် တစ်ဦးသေကာ ၁၂ ဦး ဒဏ်ရာရ

မန္တလေး - နေပြည်တော် လမ်း၊ မိုင်တိုင်အမှတ် ၂၇၆/၅ အနီးမှာ လူ ၁၃ ဦး လိုက်ပါလာတဲ့ ယာဉ်တစ်စီး အောက်တိုဘာလ ၁၉ ရက်နေ့၊ မနက်ပိုင်းက အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ဘာရီယာတုံးတွေကို ဝင်တိုက်ခဲ့ပါတယ်။

အဆိုပါယာဉ်တိုက်မှုက မနက် ၁ နာရီ၊ ၅၅ မိနစ်လောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ ကျန် ၁၂ ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ယာဉ်တိုက်မှုကို သွားရောက်ကူညီပေးခဲ့တဲ့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ လိုက်ထရပ်ယာဉ်ဟာ မိုင်တိုင်အမှတ် ၂၇၆/၅ အနီး အရောက်မှာ ယာဉ်မောင်းဖြစ်သူ အသက် ၆၄ နှစ်အရွယ် ဦးစန်းမောင် အိပ်ငိုက်သွားတဲ့အတွက် အရှိန်မထိန်းနိုင်တော့ဘဲ လမ်းလယ်ကျွန်းရှိ ဘာရီယာတုံးတွေကို တိုက်မိပြီး ယာဉ်က လမ်းလယ်ကျွန်းပေါ်မှာ ရပ်တန့်သွားခဲ့တာဖြစ်တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့က ဖြစ်စဉ်ကို ထုတ်ပြန်ထားပါတယ်။

လူသေဆုံးမှုအထိ ဖြစ်ပွားခဲ့တဲ့ အဲ့ဒီယာဉ်တိုက်မှုကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့၊ ပေပင်လေးစခန်းမှ တပ်ဖွဲ့များနဲ့ အထောက်အကူပြုအဖွဲ့တွေက သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

ရဲနိုင်(လောက်ကိုင်)
ရန်ကုန်၊ အောက်တိုဘာ - ၁၉
ဓာတ်ပုံ - အမြန်လမ်းရဲတပ်ဖွဲ့

( Zawgyi )

မႏၲေလး - ေနျပည္ေတာ္ လမ္း၊ မိုင္တိုင္အမွတ္ ၂၇၆/၅ အနီးမွာ လူ ၁၃ ဦး လိုက္ပါလာတဲ့ ယာဥ္တစ္စီး ေအာက္တိုဘာလ ၁၉ ရက္ေန႔၊ မနက္ပိုင္းက အရွိန္မထိန္းႏိုင္ဘဲ လမ္းလယ္ကြၽန္းရွိ ဘာရီယာတုံးေတြကို ဝင္တိုက္ခဲ့ပါတယ္။

အဆိုပါယာဥ္တိုက္မႈက မနက္ ၁ နာရီ၊ ၅၅ မိနစ္ေလာက္မွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့ကာ က်န္ ၁၂ ဦးက ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ယာဥ္တိုက္မႈကို သြားေရာက္ကူညီေပးခဲ့တဲ့ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕မွ သိရပါတယ္။

ယာဥ္တိုက္မႈျဖစ္ပြားခဲ့တဲ့ လိုက္ထရပ္ယာဥ္ဟာ မိုင္တိုင္အမွတ္ ၂၇၆/၅ အနီး အေရာက္မွာ ယာဥ္ေမာင္းျဖစ္သူ အသက္ ၆၄ ႏွစ္အ႐ြယ္ ဦးစန္းေမာင္ အိပ္ငိုက္သြားတဲ့အတြက္ အရွိန္မထိန္းႏိုင္ေတာ့ဘဲ လမ္းလယ္ကြၽန္းရွိ ဘာရီယာတုံးေတြကို တိုက္မိၿပီး ယာဥ္က လမ္းလယ္ကြၽန္းေပၚမွာ ရပ္တန္႔သြားခဲ့တာျဖစ္တယ္လို႔ အျမန္လမ္းရဲတပ္ဖြဲ႕က ျဖစ္စဥ္ကို ထုတ္ျပန္ထားပါတယ္။

လူေသဆုံးမႈအထိ ျဖစ္ပြားခဲ့တဲ့ အဲ့ဒီယာဥ္တိုက္မႈကို အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕၊ ေပပင္ေလးစခန္းမွ တပ္ဖြဲ႕မ်ားနဲ႔ အေထာက္အကူျပဳအဖြဲ႕ေတြက သြားေရာက္ကူညီ ေဆာင္႐ြက္ေပးခဲ့တယ္လို႔ သိရပါတယ္။

ရဲႏိုင္(ေလာက္ကိုင္)
ရန္ကုန္၊ ေအာက္တိုဘာ - ၁၉
ဓာတ္ပုံ - အျမန္လမ္းရဲတပ္ဖြဲ႕