အလုပ်ကိုင် အခွင့်အလမ်းပေါင်း (၅၉၀၀)ကျော် ဖန်တီးပေးနိုင်မည့် ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခု အား ရန်ကုန်တိုင်း အတွင်းဆောင်ရွက်ခွင့်ပြု

အလုပ်ကိုင် အခွင့်အလမ်းပေါင်း (၅၉၀၀)ကျော် ဖန်တီးပေးနိုင်မည့် ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခု အား ရန်ကုန်တိုင်း အတွင်းဆောင်ရွက်ခွင့်ပြု

အလုပ်ကိုင်အခွင့်အလမ်းပေါင်း(၅၉၀၀)ကျော်ဖန်တီးပေးနိုင်မည့် ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခု အား ရန်ကုန်တိုင်း အတွင်းဆောင်ရွက်နိုင်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁၃/၂၀၁၉)ဆုံးဖြတ်ချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၈)ခုနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁)ခုတို့ကို အတည်ပြုပေးခဲ့တာဖြစ်ပြီး အဆိုပါရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်းပမာဏစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂၃၉ သန်းနှင့်ကျပ် ၁၆၇၅ သန်းဖြစ်တယ်လို့ ဆိုပါတယ်။

ယင်းကဲ့သို့ ခွင့်ပြုပေးလိုက်သည့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းတွေကနေ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း (၅၉၆၇)ဦးအတွက် ဖန်တီးပေးနိုင် မှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ရင်းနှီးမြှုပ်နှံချင်လို့လာရောက်ဆွေးနွေးသည့် လုပ်ငန်းအများစုက လုပ်သားများများခန့်နိုင်မည့် အထည်ချုပ်လုပ်ငန်း၊ပလတ်စတစ်လုပ်ငန်းနှင့်မုန့်လုပ်ငန်းတို့ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ ရင်းနှီးမြှုပ်နှံမှုခွင့်ပြုပေးလိုက်သည့် လုပ်ငန်းများသည် ၃ လနှင့် ၆ လအကြာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပြန်လည်အစီရင်ခံရမည်ဖြစ်ပြီး ကတိကဝတ်ပြုထားတဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏအတိုင်း အမှန်တကယ် လုပ်ငန်းဆောင်ရွက် မှုရှိ၊မရှိကိုလည်း စိစစ်ရေးကော်မတီကနေ ပြန်လည်စစ်ဆေးမှုတွေကို ပြုလုပ်လျက်ရှိတယ်လို့လည်း သြဂုတ် ၁၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီ၏ သတင်းစာရှင်းလင်းပွဲမှ သိရပါတယ်။

ပြေသိမ်း
ရန်ကုန်၊သြဂုတ် ၁၄

(  Zawgyi  )

 အလုပ္ကိုင္အခြင့္အလမ္းေပါင္း(၅၉၀၀)ေက်ာ္ဖန္တီးေပးႏိုင္မည့္ ျပည္တြင္း၊ျပည္ပ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း(၉)ခု အား ရန္ကုန္တိုင္း အတြင္းေဆာင္႐ြက္ႏိုင္ရန္ အတြက္ ရန္ကုန္တိုင္းေဒသႀကီးရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီမွ ခြင့္ျပဳေပးခဲ့တယ္လို႔ သိရပါတယ္။ ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ၏ အစည္းအေဝးအမွတ္စဥ္ (၁၃/၂၀၁၉)ဆုံးျဖတ္ခ်က္အရ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေဆာင္႐ြက္မည့္ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္း(၈)ခုႏွင့္ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း(၁)ခုတို႔ကို အတည္ျပဳေပးခဲ့တာျဖစ္ၿပီး အဆိုပါရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းမ်ား၏ မတည္ေငြရင္းပမာဏစုစုေပါင္းမွာ အေမရိကန္ေဒၚလာ ၁၀ ဒသမ ၂၃၉ သန္းႏွင့္က်ပ္ ၁၆၇၅ သန္းျဖစ္တယ္လို႔ ဆိုပါတယ္။

ယင္းကဲ့သို႔ ခြင့္ျပဳေပးလိုက္သည့္ ရင္းႏွီးျမႇပ္ႏွံမႈလုပ္ငန္းေတြကေန ျပည္တြင္းအလုပ္အကိုင္အခြင့္အလမ္း (၅၉၆၇)ဦးအတြက္ ဖန္တီးေပးႏိုင္ မွာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့အျပင္ ရန္ကုန္တိုင္းေဒသႀကီး အတြင္းမွာ ရင္းႏွီးျမႇဳပ္ႏွံခ်င္လို႔လာေရာက္ေဆြးေႏြးသည့္ လုပ္ငန္းအမ်ားစုက လုပ္သားမ်ားမ်ားခန႔္ႏိုင္မည့္ အထည္ခ်ဳပ္လုပ္ငန္း၊ပလတ္စတစ္လုပ္ငန္းႏွင့္မုန႔္လုပ္ငန္းတို႔ အမ်ားဆုံးျဖစ္တယ္လို႔ ဆိုပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီမွ ရင္းႏွီးျမႇဳပ္ႏွံမႈခြင့္ျပဳေပးလိုက္သည့္ လုပ္ငန္းမ်ားသည္ ၃ လႏွင့္ ၆ လအၾကာတြင္ တိုင္းေဒသႀကီး အစိုးရအဖြဲ႕သို႔ ျပန္လည္အစီရင္ခံရမည္ျဖစ္ၿပီး ကတိကဝတ္ျပဳထားတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏအတိုင္း အမွန္တကယ္ လုပ္ငန္းေဆာင္႐ြက္ မႈရွိ၊မရွိကိုလည္း စိစစ္ေရးေကာ္မတီကေန ျပန္လည္စစ္ေဆးမႈေတြကို ျပဳလုပ္လ်က္ရွိတယ္လို႔လည္း ၾသဂုတ္ ၁၃ ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ ရန္ကုန္တိုင္းေဒသႀကီးရင္းႏွီးျမဳပ္ႏွံမႈေကာ္မတီ၏ သတင္းစာရွင္းလင္းပြဲမွ သိရပါတယ္။

ေျပသိမ္း
ရန္ကုန္၊ၾသဂုတ္ ၁၄