အလှကုန်ပစ္စည်းများ အွန်လိုင်းဈေးကွက်၌ တွင်ကျယ်လို့လာခဲ့

  အလှကုန်ပစ္စည်းများ အွန်လိုင်းဈေးကွက်၌ တွင်ကျယ်လို့လာခဲ့

အလှကုန်ပစ္စည်းတွေအနေနဲ့ လက်လီရောင်းချနေသော အခြေအနေတွေထက် အွန်လိုင်းပေါ်ကနေ ရောင်းနေတဲ့ ဈေးကွက်မှာ တွင်ကျယ်လာတဲ့ အခြေအနေမျိုးတွေ ရှိလာကြောင်း မြန်မာနိုင်ငံအလှကုန် အသင်းမှ သိရပါတယ်။
“အွန်လိုင်းမှာ ရောင်းချတဲ့အနေအထားဟာ နေ့စဉ်နဲ့အမျှကြီးထွားလာပါတယ်၊ နိုင်ငံတော်အနေနဲ့လည်း အခွန် ဘဏ္ဍာငွေများ ဆုံးရှုံးလျက်ရှိပါတယ်၊ အွန်လိုင်းပေါ်မှာရောင်းတဲ့ တစ်ချို့သော အလှကုန်တွေဟာ တရားမဝင် ပစ္စည်းတွေလည်း ပါနေသလို သုံးစွဲသူအတွက် ဘယ်လိုမှ အာမခံချက်မရှိတာမျိုးကို တွေ့ရပါတယ်၊ ဒါကြောင့်လည်း သက်ဆိုင်ရာဌာနတွေအနေနဲ့ ဌာနတွင်း ပူးပေါင်းညှိနှိုင်းပြီးတော့ အွန်လိုင်းပေါ်မှာ တွင်ကျယ် လာတဲ့ အရောင်းအဝယ်ကိစ္စတွေကို စီစစ်သင့်ပါတယ်”လို့ မြန်မာနိုင်ငံအလှကုန်အသင်း ဥက္ကဋ္ဌ ဦးကျော်မင်းက ပြောပါတယ်။
အဆိုပါ အွန်လိုင်းရောင်းဝယ်ရေး စနစ်တွင် ရောင်းချနေတဲ့ အလှကုန်တွေထဲမှာ အသားအရေကိုထိခိုက်စေတဲ့ ဓာတုဗေဒပါတဲ့ ပစ္စည်းတွေလည်း ပါဝင်တာတွေရှိသလို ကြပ်မတ်ကိုင်တွယ်နိုင်ဖို့အားနည်းကာ နိုင်ငံတော်မှ ရသင့်ရထိုက်တဲ့ အခွန်ငွေတွေလည်း ဆုံးရှုံးနေတဲ့ အခြေအနေမျိုးလည်း ရှိလာတယ်လို့သိရပါတယ်။

ဒါ့အပြင် စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီမှ  မြန်မာဘာသာဖြင့် စတေကာကပ်မယ့် Wording သတ်မှတ်ချက်များကို အမိန့် ကြော်ငြာစာ ထုတ်ပြန်တဲ့နေ့ကနေ ခြောက်လအတွင်း ပြုလုပ်ဖို့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်ကိုလည်း တခြားသင့်လျော်တဲ့ အချိန်ကာလတစ်ခုအဖြစ်သတ်မှတ် ရွှေ့ဆိုင်းဖို့လိုအပ်ကြောင်း၊ FDA Certificate သက်တမ်း နှစ်နှစ်ကုန်ဆုံးချိန်မှာ သက်တမ်း တိုးပြန်လည်လျှောက်ထားတဲ့အခါ ထုပ်ပိုးတဲ့အပေါ် သတင်းအချက်အလက်များဖော်ပြတာကို အသားတံဆိပ်မျိုးနဲ့မဟုတ်ဘဲ အင်္ဂလိပ်ဘာသာ သို့မဟုတ် မြန်မာဘာသာဖြင့် စတစ်ကာကပ်တာပဲ ဖြစ်ဖြစ်၊ အညွှန်းစာရွက်ပေါ်မှာ ရိုက်နှိပ်တာပဲဖြစ်ဖြစ် တွဲဖက်ကာ ဖော်ပြလုပ်ဆောင်တာကို ခွင့်ပြုပေးဖို့အတွက်ကိုလည်း ယင်းအသင်းက ကုန်သည်/စက်မှု အသင်းချုပ်ကနေ တစ်ဆင့် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများထံသို့ တင်ပြထားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဇွဲမာန်  
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ 

(  Zawgyi  )

 အလွကုန္ပစၥည္းေတြအေနနဲ႔ လက္လီေရာင္းခ်ေနေသာ အေျခအေနေတြထက္ အြန္လိုင္းေပၚကေန ေရာင္းေနတဲ့ ေဈးကြက္မွာ တြင္က်ယ္လာတဲ့ အေျခအေနမ်ိဳးေတြ ရွိလာေၾကာင္း ျမန္မာႏိုင္ငံအလွကုန္ အသင္းမွ သိရပါတယ္။
“အြန္လိုင္းမွာ ေရာင္းခ်တဲ့အေနအထားဟာ ေန႔စဥ္နဲ႔အမွ်ႀကီးထြားလာပါတယ္၊ ႏိုင္ငံေတာ္အေနနဲ႔လည္း အခြန္ ဘ႑ာေငြမ်ား ဆုံးရႈံးလ်က္ရွိပါတယ္၊ အြန္လိုင္းေပၚမွာေရာင္းတဲ့ တစ္ခ်ိဳ႕ေသာ အလွကုန္ေတြဟာ တရားမဝင္ ပစၥည္းေတြလည္း ပါေနသလို သုံးစြဲသူအတြက္ ဘယ္လိုမွ အာမခံခ်က္မရွိတာမ်ိဳးကို ေတြ႕ရပါတယ္၊ ဒါေၾကာင့္လည္း သက္ဆိုင္ရာဌာနေတြအေနနဲ႔ ဌာနတြင္း ပူးေပါင္းညႇိႏႈိင္းၿပီးေတာ့ အြန္လိုင္းေပၚမွာ တြင္က်ယ္ လာတဲ့ အေရာင္းအဝယ္ကိစၥေတြကို စီစစ္သင့္ပါတယ္”လို႔ ျမန္မာႏိုင္ငံအလွကုန္အသင္း ဥကၠ႒ ဦးေက်ာ္မင္းက ေျပာပါတယ္။
အဆိုပါ အြန္လိုင္းေရာင္းဝယ္ေရး စနစ္တြင္ ေရာင္းခ်ေနတဲ့ အလွကုန္ေတြထဲမွာ အသားအေရကိုထိခိုက္ေစတဲ့ ဓာတုေဗဒပါတဲ့ ပစၥည္းေတြလည္း ပါဝင္တာေတြရွိသလို ၾကပ္မတ္ကိုင္တြယ္ႏိုင္ဖို႔အားနည္းကာ ႏိုင္ငံေတာ္မွ ရသင့္ရထိုက္တဲ့ အခြန္ေငြေတြလည္း ဆုံးရႈံးေနတဲ့ အေျခအေနမ်ိဳးလည္း ရွိလာတယ္လို႔သိရပါတယ္။

ဒါ့အျပင္ စားသုံးသူအကာအကြယ္ေပးေရးဗဟိုေကာ္မတီမွ  ျမန္မာဘာသာျဖင့္ စေတကာကပ္မယ့္ Wording သတ္မွတ္ခ်က္မ်ားကို အမိန႔္ ေၾကာ္ျငာစာ ထုတ္ျပန္တဲ့ေန႔ကေန ေျခာက္လအတြင္း ျပဳလုပ္ဖို႔ သတ္မွတ္ထားတဲ့ သတ္မွတ္ခ်က္ကိုလည္း တျခားသင့္ေလ်ာ္တဲ့ အခ်ိန္ကာလတစ္ခုအျဖစ္သတ္မွတ္ ေ႐ႊ႕ဆိုင္းဖို႔လိုအပ္ေၾကာင္း၊ FDA Certificate သက္တမ္း ႏွစ္ႏွစ္ကုန္ဆုံးခ်ိန္မွာ သက္တမ္း တိုးျပန္လည္ေလွ်ာက္ထားတဲ့အခါ ထုပ္ပိုးတဲ့အေပၚ သတင္းအခ်က္အလက္မ်ားေဖာ္ျပတာကို အသားတံဆိပ္မ်ိဳးနဲ႔မဟုတ္ဘဲ အဂၤလိပ္ဘာသာ သို႔မဟုတ္ ျမန္မာဘာသာျဖင့္ စတစ္ကာကပ္တာပဲ ျဖစ္ျဖစ္၊ အၫႊန္းစာ႐ြက္ေပၚမွာ ႐ိုက္ႏွိပ္တာပဲျဖစ္ျဖစ္ တြဲဖက္ကာ ေဖာ္ျပလုပ္ေဆာင္တာကို ခြင့္ျပဳေပးဖို႔အတြက္ကိုလည္း ယင္းအသင္းက ကုန္သည္/စက္မႈ အသင္းခ်ဳပ္ကေန တစ္ဆင့္ သက္ဆိုင္ရာ အစိုးရတာဝန္ရွိသူမ်ားထံသို႔ တင္ျပထားတာေတြလည္း ရွိတယ္လို႔ သိရပါတယ္။

ဇြဲမာန္  
ရန္ကုန္၊ ဒီဇင္ဘာ ၁၇