အာဆီယံ အစားအစာပွဲတော် မန္တလေးတွင် ကျင်းပမည်

အာဆီယံ အစားအစာပွဲတော် မန္တလေးတွင် ကျင်းပမည်

တိုင်းရင်းသား အစားအစာတွေနဲ့ အာဆီယံဒေသတွင်း နိုင်ငံတွေရဲ့အစားအစာတွေ တည်ခင်းပြသ ရောင်းချပေးမယ့် ASEAN Food Festival 2019 အာဆီယံ အစားအစာပွဲတော် (မန္တလေး) ၂၀၁၉ ကို မန္တလေးမြို့မှာ လာမယ့် သြဂုတ်လ ၁၇ ရက်နဲ့ ၁၈ ရက် နှစ်ရက်ကျင်းပသွားမှာ ဖြစ်ပါတယ်။

မန္တလေး၊ ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်းပေါ်က Mandalay Convention Center မှာ ကျင်းပသွားမှာပဲဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းနဲ့ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်တာလို့ သိရပါတယ်။

"ကျွန်တော်တို့နိုင်ငံရဲ့ တိုင်းရင်းသားရိုးရာ အစားအစာတွေ ဒေသအစားအစာတွေ ဒေသထွက် ထုတ်ကုန်ပစ္စည်းတွေနဲ့ အာဆီယံနိုင်ငံတွေက အစားအစာတွေ ရောင်းချပေးသွားမှာပါ၊ အမှတ်တရပစ္စည်း ရောင်းချမယ့် ဆိုင်ခန်းတွေလည်း ပါပါတယ်၊ အဓိက ကတော့ မြန်မာနိုင်ငံက အစားအစာတွေကို နိုင်ငံတကာက သိရှိပြီး အခြားနိုင်ငံတွေနဲ့လည်း ရင်းနှီးကျွမ်းဝင်အောင် ရည်ရွယ်တာပါ" လို့ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်အေးဟန် က ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်တစ်ချို့နဲ့ ပတ်သက်ပြီး ပြောပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းက တိုင်းရင်းသားအသီးသီးတို့ရဲ့ ရိုးရာအစားအစာတွေ ဒေသအစားအစာတွေ ဒေသထွက် ထုတ်ကုန်ပစ္စည်းတွေနဲ့ အာဆီယံနိုင်ငံအတွင်းက အစားအစာတွေ ရောင်းချပေးသွားမှာပဲဖြစ်ပြီး အမှတ်တရပစ္စည်းရောင်းချမယ့် ဆိုင်ခန်းတွေ အပါအဝင် ဆိုင်ခန်းပေါင်း ပြခန်းပေါင်း ၁၁၀ ကျော်နဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာလို့လည်း သိရပါတယ်။

တစ်ခြားတင်ဆက်မှု အစီအစဉ်တွေလည်း ပါပါမယ်၊ ဒေသထွက် ရိုးရာအစားအစာလုပ်တာတွေ တင်ဆက်တာတို့ တိုင်းရင်းသားအကတွေနဲ့ ဖျော်ဖြေတင်ဆက်တာတို့ပေါ့၊ ဖိတ်ထားတဲ့ အဖွဲ့အစည်းတွေကလည်း Demonstration တွေ ပြသသွားမှာပါလို့လည်း ၎င်းက ဆိုပါတယ်။

မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းရဲ့ အသင်းခွဲများအလိုက် ဒေသထွက် ရိုးရာအစားအစာများ တင်ဆက်ပြသခြင်း၊ တိုင်းရင်းသား အကအလှများ တင်ဆက်ကပြခြင်းနဲ့ Myanmar Chefs Association၊ Myanmar Coffee Association နဲ့ Bartender Association Myanmar တို့က ပြပွဲအတွက် Demonstration များ ပြုလုပ်ပြသပေးသွားမှာလည်းဖြစ်ပြီး အထူးသဖြင့် မြန်မာနိုင်ငံက အစားအစာတွေကို နိုင်ငံတကာက သိရှိပြီး အခြားနိုင်ငံတွေနဲ့လည်း ရင်းနှီးကျွမ်းဝင်မှုဖြစ်အောင် ရည်ရွယ်ကျင်းပတာ ဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

ပွဲကို နေ့စဉ် မနက် ၁၀ နာရီကနေ ည ၉ နာရီအချိန်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်တာကြောင့် မည်သူမဆို လာရောက်ကြည့်ရှု ဝယ်ယူနိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။

KT
မန္တလေး၊ သြဂုတ် - ၈

( Zawgyi )

တိုင္းရင္းသား အစားအစာေတြနဲ႔ အာဆီယံေဒသတြင္း ႏိုင္ငံေတြရဲ႕အစားအစာေတြ တည္ခင္းျပသ ေရာင္းခ်ေပးမယ့္ ASEAN Food Festival 2019 အာဆီယံ အစားအစာပြဲေတာ္ (မႏၲေလး) ၂၀၁၉ ကို မႏၲေလးၿမိဳ႕မွာ လာမယ့္ ၾသဂုတ္လ ၁၇ ရက္နဲ႔ ၁၈ ရက္ ႏွစ္ရက္က်င္းပသြားမွာ ျဖစ္ပါတယ္။

မႏၲေလး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ သိပၸံလမ္းေပၚက Mandalay Convention Center မွာ က်င္းပသြားမွာပဲျဖစ္ၿပီး ဟိုတယ္ႏွင့္ ခရီးသြားလာေရး ဝန္ႀကီးဌာန၊ မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕၊ ျမန္မာႏိုင္ငံ စားေသာက္ဆိုင္လုပ္ငန္းရွင္မ်ားအသင္းနဲ႔ ျမန္မာႏိုင္ငံ ဟိုတယ္လုပ္ငန္းရွင္မ်ားအသင္းတို႔ ပူးေပါင္းစီစဥ္တာလို႔ သိရပါတယ္။

"ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ တိုင္းရင္းသား႐ိုးရာ အစားအစာေတြ ေဒသအစားအစာေတြ ေဒသထြက္ ထုတ္ကုန္ပစၥည္းေတြနဲ႔ အာဆီယံႏိုင္ငံေတြက အစားအစာေတြ ေရာင္းခ်ေပးသြားမွာပါ၊ အမွတ္တရပစၥည္း ေရာင္းခ်မယ့္ ဆိုင္ခန္းေတြလည္း ပါပါတယ္၊ အဓိက ကေတာ့ ျမန္မာႏိုင္ငံက အစားအစာေတြကို ႏိုင္ငံတကာက သိရွိၿပီး အျခားႏိုင္ငံေတြနဲ႔လည္း ရင္းႏွီးကြၽမ္းဝင္ေအာင္ ရည္႐ြယ္တာပါ" လို႔ ဟိုတယ္ႏွင့္ ခရီးသြား ၫႊန္ၾကားမႈဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉး ဦးေအာင္ေအးဟန္ က ပြဲက်င္းပရတဲ့ ရည္႐ြယ္ခ်က္တစ္ခ်ိဳ႕နဲ႔ ပတ္သက္ၿပီး ေျပာပါတယ္။

ျပည္ေထာင္စုျမန္မာႏိုင္ငံအတြင္းက တိုင္းရင္းသားအသီးသီးတို႔ရဲ႕ ႐ိုးရာအစားအစာေတြ ေဒသအစားအစာေတြ ေဒသထြက္ ထုတ္ကုန္ပစၥည္းေတြနဲ႔ အာဆီယံႏိုင္ငံအတြင္းက အစားအစာေတြ ေရာင္းခ်ေပးသြားမွာပဲျဖစ္ၿပီး အမွတ္တရပစၥည္းေရာင္းခ်မယ့္ ဆိုင္ခန္းေတြ အပါအဝင္ ဆိုင္ခန္းေပါင္း ျပခန္းေပါင္း ၁၁၀ ေက်ာ္နဲ႔ စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြားမွာလို႔လည္း သိရပါတယ္။

တစ္ျခားတင္ဆက္မႈ အစီအစဥ္ေတြလည္း ပါပါမယ္၊ ေဒသထြက္ ႐ိုးရာအစားအစာလုပ္တာေတြ တင္ဆက္တာတို႔ တိုင္းရင္းသားအကေတြနဲ႔ ေဖ်ာ္ေျဖတင္ဆက္တာတို႔ေပါ့၊ ဖိတ္ထားတဲ့ အဖြဲ႕အစည္းေတြကလည္း Demonstration ေတြ ျပသသြားမွာပါလို႔လည္း ၎က ဆိုပါတယ္။

ျမန္မာႏိုင္ငံ စားေသာက္ဆိုင္လုပ္ငန္းရွင္မ်ားအသင္းရဲ႕ အသင္းခြဲမ်ားအလိုက္ ေဒသထြက္ ႐ိုးရာအစားအစာမ်ား တင္ဆက္ျပသျခင္း၊ တိုင္းရင္းသား အကအလွမ်ား တင္ဆက္ကျပျခင္းနဲ႔ Myanmar Chefs Association၊ Myanmar Coffee Association နဲ႔ Bartender Association Myanmar တို႔က ျပပြဲအတြက္ Demonstration မ်ား ျပဳလုပ္ျပသေပးသြားမွာလည္းျဖစ္ၿပီး အထူးသျဖင့္ ျမန္မာႏိုင္ငံက အစားအစာေတြကို ႏိုင္ငံတကာက သိရွိၿပီး အျခားႏိုင္ငံေတြနဲ႔လည္း ရင္းႏွီးကြၽမ္းဝင္မႈျဖစ္ေအာင္ ရည္႐ြယ္က်င္းပတာ ျဖစ္တယ္လို႔ ၎က ေျပာပါတယ္။

ပြဲကို ေန႔စဥ္ မနက္ ၁၀ နာရီကေန ည ၉ နာရီအခ်ိန္အထိ စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြားမွာျဖစ္တာေၾကာင့္ မည္သူမဆို လာေရာက္ၾကည့္ရႈ ဝယ္ယူႏိုင္တယ္လို႔ ဖိတ္ေခၚထားပါတယ္။

KT
မႏၲေလး၊ ၾသဂုတ္ - ၈