အာဏာသုံးရပ်ကို ပြည်နယ်တိုင်းမှာရှိစေချင်ဟု NCA လက်မှတ်ရေးထိုးထားသည့် ALP ပါတီခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ပြောကြား

အာဏာသုံးရပ်ကို ပြည်နယ်တိုင်းမှာရှိစေချင်ဟု NCA လက်မှတ်ရေးထိုးထားသည့် ALP ပါတီခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ပြောကြား

အာဏာသုံးရပ်ကို ပြည်နယ်တိုင်းမှာရှိစေချင်တယ်လို့ NCA စာချုပ်ကို လက်မှတ်ရေးထိုးထားသည့် ရခိုင်လွတ်မြောက်ရေး ပါတီ (ALP)ပါတီမှခေါင်းဆောင်တစ်ဦးဖြစ်သူ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်စောမြရာဇာလင်း ကပြောကြားလိုက်ပါတယ်။

အဆိုပါပြောကြားမှုကို အောက်တိုဘာ ၂၈ ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ NCA (၄)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားအပြီးမှာ သတင်းထောက်များနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။“ကျမအနေနဲ့ပြောချင်တာကတော့ ဒီ NCA နှစ်ပတ်လည်ဟာဆိုလို့ရှိရင် ကျမတို့တိုင်းရင်းသားတွေအားလုံးရဲ့ကြိုးပမ်းလာမှု နိုင်ငံတော်အစိုးရအဆက်ဆက်က ကြိုးပမ်းလာမှု တွေကို  အသိအမှတ်ပြုတဲ့ပွဲ ဖြစ်တယ်။ဒီပွဲကနေပြီးတော့မှ အနာဂတ်တိုင်းပြည်ကောင်းစားရေးအ တွက်ပုံဖော်နိုင်ဖို့အတွက် တံတား တစ်ခုကိုကျမတို့ဘယ်လိုတည်ဆောက်နိုင်မလဲဆိုတာကို ကျမတို့ယုံကြည်ပါတယ်။လက်ရှိ ရှေ့ကိုဆက်ပြီးတော့လည်း ကျမတို့သွား ချင်ပါတယ်။ အဲ့လိုသွားတဲ့နေရာမှာသာတူညီမျှဖြစ်စေနိုင်မယ့်နည်းလမ်းဟာဆိုလို့ရှိရင်တိုင်းရင်းသားပေါင်းစုံ အခွင့်အရေး ရလာနိုင်တဲ့ နည်းလမ်းပဲဖြစ်ပါတယ်။”လို့ ဒေါ်စောမြရာဇာလင်း ကပြောကြားခဲ့တာပါ။

ဒါ့အပြင် ဒေါ်စောမြရာဇာလင်းက  တိုင်းပြည်မှာ သမာရိုးကျပြောင်းလဲမှုနည်းကိုထားပြီးတော့ရှေ့ကိုတိုးတက်မှုမြန်ဆန်နိုင်တဲ့ ပြောင်းလဲမှုတွေ ဘယ်လိုလုပ်နိုင်မလဲဆိုတာမျိုးကို အဓိကထားလုပ်ဆောင်ချင်တာ ၎င်းတို့ရဲ့အဓိကဆန္ဒပဲဖြစ်တယ်လို့လည်း ထပ်လောင်းပြောပြခဲ့ပါသေးတယ်။

ပြေသိမ်း
ရန်ကုန်၊အောက်တိုဘာ ၃၀

(  Zawgyi  )

အာဏာသုံးရပ္ကို ျပည္နယ္တိုင္းမွာရွိေစခ်င္တယ္လို႔ NCA စာခ်ဳပ္ကို လက္မွတ္ေရးထိုးထားသည့္ ရခိုင္လြတ္ေျမာက္ေရး ပါတီ (ALP)ပါတီမွေခါင္းေဆာင္တစ္ဦးျဖစ္သူ ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီဝင္ ေဒၚေစာျမရာဇာလင္း ကေျပာၾကားလိုက္ပါတယ္။

အဆိုပါေျပာၾကားမႈကို ေအာက္တိုဘာ ၂၈ ရက္ေန႔က ေနျပည္ေတာ္မွာျပဳလုပ္ခဲ့တဲ့ NCA (၄)ႏွစ္ျပည့္ ႏွစ္ပတ္လည္အခမ္းအနားအၿပီးမွာ သတင္းေထာက္မ်ားႏွင့္ေတြ႕ဆုံစဥ္ ၎က အထက္ပါအတိုင္းေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။“က်မအေနနဲ႔ေျပာခ်င္တာကေတာ့ ဒီ NCA ႏွစ္ပတ္လည္ဟာဆိုလို႔ရွိရင္ က်မတို႔တိုင္းရင္းသားေတြအားလုံးရဲ႕ႀကိဳးပမ္းလာမႈ ႏိုင္ငံေတာ္အစိုးရအဆက္ဆက္က ႀကိဳးပမ္းလာမႈ ေတြကို  အသိအမွတ္ျပဳတဲ့ပြဲ ျဖစ္တယ္။ဒီပြဲကေနၿပီးေတာ့မွ အနာဂတ္တိုင္းျပည္ေကာင္းစားေရးအ တြက္ပုံေဖာ္ႏိုင္ဖို႔အတြက္ တံတား တစ္ခုကိုက်မတို႔ဘယ္လိုတည္ေဆာက္ႏိုင္မလဲဆိုတာကို က်မတို႔ယုံၾကည္ပါတယ္။လက္ရွိ ေရွ႕ကိုဆက္ၿပီးေတာ့လည္း က်မတို႔သြား ခ်င္ပါတယ္။ အဲ့လိုသြားတဲ့ေနရာမွာသာတူညီမွ်ျဖစ္ေစႏိုင္မယ့္နည္းလမ္းဟာဆိုလို႔ရွိရင္တိုင္းရင္းသားေပါင္းစုံ အခြင့္အေရး ရလာႏိုင္တဲ့ နည္းလမ္းပဲျဖစ္ပါတယ္။”လို႔ ေဒၚေစာျမရာဇာလင္း ကေျပာၾကားခဲ့တာပါ။

ဒါ့အျပင္ ေဒၚေစာျမရာဇာလင္းက  တိုင္းျပည္မွာ သမာ႐ိုးက်ေျပာင္းလဲမႈနည္းကိုထားၿပီးေတာ့ေရွ႕ကိုတိုးတက္မႈျမန္ဆန္ႏိုင္တဲ့ ေျပာင္းလဲမႈေတြ ဘယ္လိုလုပ္ႏိုင္မလဲဆိုတာမ်ိဳးကို အဓိကထားလုပ္ေဆာင္ခ်င္တာ ၎တို႔ရဲ႕အဓိကဆႏၵပဲျဖစ္တယ္လို႔လည္း ထပ္ေလာင္းေျပာျပခဲ့ပါေသးတယ္။

ေျပသိမ္း
ရန္ကုန္၊ေအာက္တိုဘာ ၃၀