အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် မိုးထစ်ချုန်း ရွာမည်

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင်  မိုးထစ်ချုန်း ရွာမည်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအရှိန်ကြောင့် ယနေ့ ဒီဇင်ဘာလ ၁၇ ရက် နံနက် ၇ နာရီမှ နောက် ၄၈ နာရီအတွင်း  မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများတွင် မိုးထစ်ချုန်း ရွာနိုင်တယ်လို့ မိုး/ဇလ ကသတင်းထုတ် ပြန်ခဲ့ပါတယ်။

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း"ဖီထိုင်း"(PHETHAI)၏ အရှိန် ကြောင့် နောက်(၄၈) နာရီအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နဲ့ ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ် (တောင်ပိုင်း နဲ့ အရှေ့ပိုင်း) ၊ ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင် တယ်လို့ဆိုပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအမြင့် ၆ ပေ မှ ၉ ပေခန့် အထိရှိနိုင်တယ်လို့ ဆိုပါတယ်။

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း "ဖီထိုင်း"(PHETHAI)သည် အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့၏ အရှေ့ မြောက်ဘက် မိုင်(၁၄၀)ခန့်၊ မာချီလီ ပတ္တနမ်မြို့ ၏ အရှေ့တောင်ဘက် (၁၁၅)မိုင်ခန့်၊ ကာကီနာဒါ မြို့၏ တောင်ဘက် (၁၄၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွှေ့လျှားမည့် အခြေအနေမရှိဘူးလို့ ဆိုပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ 

 

( Zawgyi  )

 ဘဂၤလားပင္လယ္ေအာ္တြင္ ျဖစ္ေပၚေနေသာ အားေကာင္းေသာ ဆိုင္ကလုန္း မုန္တိုင္းအရွိန္ေၾကာင့္ ယေန႔ ဒီဇင္ဘာလ ၁၇ ရက္ နံနက္ ၇ နာရီမွ ေနာက္ ၄၈ နာရီအတြင္း  ျမန္မာႏိုင္ငံ အထက္ပိုင္း ေဒသမ်ားတြင္ မိုးထစ္ခ်ဳန္း ႐ြာႏိုင္တယ္လို႔ မိုး/ဇလ ကသတင္းထုတ္ ျပန္ခဲ့ပါတယ္။

အားေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း"ဖီထိုင္း"(PHETHAI)၏ အရွိန္ ေၾကာင့္ ေနာက္(၄၈) နာရီအတြင္း စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နဲ႔ ခ်င္းျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲမွ ေနရာစိပ္စိပ္ ၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ ရွမ္း ျပည္နယ္ (ေတာင္ပိုင္း နဲ႔ အေရွ႕ပိုင္း) ၊ ရခိုင္ျပည္နယ္တို႔တြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာႏိုင္ တယ္လို႔ဆိုပါတယ္။

ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ တစ္ခါတစ္ရံ မိုးသက္ေလျပင္းမ်ား က်ေရာက္ၿပီး လႈိင္းအျမင့္ ၆ ေပ မွ ၉ ေပခန႔္ အထိရွိႏိုင္တယ္လို႔ ဆိုပါတယ္။

အားေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း "ဖီထိုင္း"(PHETHAI)သည္ အိႏၵိယႏိုင္ငံ၊ ခ်င္းႏိုင္ၿမိဳ႕၏ အေရွ႕ ေျမာက္ဘက္ မိုင္(၁၄၀)ခန႔္၊ မာခ်ီလီ ပတၱနမ္ၿမိဳ႕ ၏ အေရွ႕ေတာင္ဘက္ (၁၁၅)မိုင္ခန႔္၊ ကာကီနာဒါ ၿမိဳ႕၏ ေတာင္ဘက္ (၁၄၅)မိုင္ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳ ေနၿပီး ျမန္မာႏိုင္ငံဘက္သို႔ ဦးတည္ေ႐ႊ႕လွ်ားမည့္ အေျခအေနမရွိဘူးလို႔ ဆိုပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဒီဇင္ဘာ ၁၇