အိန္ဒိယ-မြန်မာ ကုန်သွယ်မှု ယခုဘဏ္ဍာနှစ်အတွင်း ကန်ဒေါ်လာ တစ်ဘီလျံကျော် ရှိလာ

အိန္ဒိယ-မြန်မာ ကုန်သွယ်မှု ယခုဘဏ္ဍာနှစ်အတွင်း ကန်ဒေါ်လာ တစ်ဘီလျံကျော် ရှိလာ

ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်သည့် စာရင်းအချက်အလက်များအရ ယခုဘဏ္ဍာနှစ် ကိုးလအတွင်း မြန်မာနှင့် အိန္ဒိယကြား ကုန်သွယ်မှုမှာ ကန်ဒေါ်လာ တစ်ဘီလျံကျော်ထိ ရှိလာပြီး ထိုပမာဏမှာ ယခင်ဘဏ္ဍာနှစ်များအတွင်း ဖြစ်ပေါ်ခဲ့သည့် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏကို မီလာနိုင်ကြောင်း သိရပါတယ်။

ယခင်ထုတ်ပြန်ခဲ့သည့် ကုန်သွယ်ရေးဦးစီးဌာန၏ ဘဏ္ဍာနှစ်အလိုက် ပုံမှန်/နယ်စပ် (နိုင်ငံအလိုက်) ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှုပမာဏ အခြေအနေဖော်ပြချက်အရ အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား လစဉ် ကုန်သွယ်မှုပမာဏမှာ ကန်ဒေါ်လာ သန်း ၁၀၀ ဝန်းကျင် ရှိကြောင်း သိရပါတယ်။

အဆိုပါစာရင်းအချက်အလက်များအရ ယခုဘဏ္ဍာနှစ် ဇွန်လအထိ မြန်မာဘက်မှ အိန္ဒိယဘက်သို့ ကန်ဒေါ်လာ ၄၅၀ ဒသမ ၇၃၅ သန်း တင်ပို့ကာ အိန္ဒိယဘက်မှ မြန်မာဘက်သို့ ကန်ဒေါ်လာ သန်း ၆၁၀ ဒသမ ၅၁၈ သန်း ပြန်လည်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

ကိုးလတာအတွင်း နှစ်နိုင်ငံကုန်သွယ်မှုမှာ ကန်ဒေါ်လာ ၁၀၆၁ ဒသမ ၂၅၃ သန်း (တစ်ဘီလျံကျော်) ကုန်သွယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“ဒီဘက်မှာက ပုံမှန်အတိုင်း တင်ပို့ပေမယ့် တကယ်က ပင်လယ်ရေကြောင်းကနေ သွားတာပိုများပါတယ်။ဆန်တို့ ပဲတို့က ပင်လယ်ရေကြောင်းဘက်ကနေ ပို့တာ။နယ်စပ်ကတော့ အခြေအနေမကောင်းတာက များနေတဲ့အတွက် အရင်လိုမတည်ငြိမ်ဘူး။ပလက်ဝတံတားပြီးရင် ဒီဘက်ကောင်းလာမယ် ထင်ပေမယ့် လက်နက်ကိုင်ဘေးကလည်း ရှိသေးတယ်။ကုလားတန်စီမံကိန်းကို မျှော်ပေမယ့် ကုန်စည်က စောင့်နေလို့မှမရတာ။ဖြစ်တဲ့နည်းနဲ့ ရောင်းဝယ်နေရတာပဲ” လို့ တမူးအခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။

ငါးနှစ်တာ ကာလအတွင်း အိန္ဒိယ-မြန်မာကြား ကုန်သွယ်မှုမှာ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၆၃၆ ဒသမ ၉၃၁ သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃၄၀ ဒသမ ၅၈၁ သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၇၁၁ ဒသမ ၅၁၈ သန်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၉၄၃ ဒသမ ၁၆၄ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၄၆၈ ဒသမ ၁၉၅ သန်း၊ ၂၀၁၈ ကာလတိုဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၈၀၀ ဒသမ ၄၃၇ သန်း အသီးသီးကုန်သွယ်ခဲ့ကြောင်း သိရပါတယ်။

PWA
ရန်ကုန်၊ သြဂုတ် - ၁၄

( Zawgyi )

ကုန္သြယ္ေရးဦးစီးဌာနက ထုတ္ျပန္သည့္ စာရင္းအခ်က္အလက္မ်ားအရ ယခုဘ႑ာႏွစ္ ကိုးလအတြင္း ျမန္မာႏွင့္ အိႏၵိယၾကား ကုန္သြယ္မႈမွာ ကန္ေဒၚလာ တစ္ဘီလ်ံေက်ာ္ထိ ရွိလာၿပီး ထိုပမာဏမွာ ယခင္ဘ႑ာႏွစ္မ်ားအတြင္း ျဖစ္ေပၚခဲ့သည့္ ႏွစ္ႏိုင္ငံ ကုန္သြယ္မႈပမာဏကို မီလာႏိုင္ေၾကာင္း သိရပါတယ္။

ယခင္ထုတ္ျပန္ခဲ့သည့္ ကုန္သြယ္ေရးဦးစီးဌာန၏ ဘ႑ာႏွစ္အလိုက္ ပုံမွန္/နယ္စပ္ (ႏိုင္ငံအလိုက္) ပို႔ကုန္၊ သြင္းကုန္ ကုန္သြယ္မႈပမာဏ အေျခအေနေဖာ္ျပခ်က္အရ အိႏၵိယႏွင့္ ျမန္မာႏိုင္ငံအၾကား လစဥ္ ကုန္သြယ္မႈပမာဏမွာ ကန္ေဒၚလာ သန္း ၁၀၀ ဝန္းက်င္ ရွိေၾကာင္း သိရပါတယ္။

အဆိုပါစာရင္းအခ်က္အလက္မ်ားအရ ယခုဘ႑ာႏွစ္ ဇြန္လအထိ ျမန္မာဘက္မွ အိႏၵိယဘက္သို႔ ကန္ေဒၚလာ ၄၅၀ ဒသမ ၇၃၅ သန္း တင္ပို႔ကာ အိႏၵိယဘက္မွ ျမန္မာဘက္သို႔ ကန္ေဒၚလာ သန္း ၆၁၀ ဒသမ ၅၁၈ သန္း ျပန္လည္တင္ပို႔ခဲ့တယ္လို႔ သိရပါတယ္။

ကိုးလတာအတြင္း ႏွစ္ႏိုင္ငံကုန္သြယ္မႈမွာ ကန္ေဒၚလာ ၁၀၆၁ ဒသမ ၂၅၃ သန္း (တစ္ဘီလ်ံေက်ာ္) ကုန္သြယ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

“ဒီဘက္မွာက ပုံမွန္အတိုင္း တင္ပို႔ေပမယ့္ တကယ္က ပင္လယ္ေရေၾကာင္းကေန သြားတာပိုမ်ားပါတယ္။ဆန္တို႔ ပဲတို႔က ပင္လယ္ေရေၾကာင္းဘက္ကေန ပို႔တာ။နယ္စပ္ကေတာ့ အေျခအေနမေကာင္းတာက မ်ားေနတဲ့အတြက္ အရင္လိုမတည္ၿငိမ္ဘူး။ပလက္ဝတံတားၿပီးရင္ ဒီဘက္ေကာင္းလာမယ္ ထင္ေပမယ့္ လက္နက္ကိုင္ေဘးကလည္း ရွိေသးတယ္။ကုလားတန္စီမံကိန္းကို ေမွ်ာ္ေပမယ့္ ကုန္စည္က ေစာင့္ေနလို႔မွမရတာ။ျဖစ္တဲ့နည္းနဲ႔ ေရာင္းဝယ္ေနရတာပဲ” လို႔ တမူးအေျခစိုက္ ကုန္သည္တစ္ဦးက ဆိုပါတယ္။

ငါးႏွစ္တာ ကာလအတြင္း အိႏၵိယ-ျမန္မာၾကား ကုန္သြယ္မႈမွာ ၂၀၁၃ -၂၀၁၄ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၆၃၆ ဒသမ ၉၃၁ သန္း၊ ၂၀၁၄ -၂၀၁၅ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၃၄၀ ဒသမ ၅၈၁ သန္း၊ ၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၇၁၁ ဒသမ ၅၁၈ သန္း၊ ၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၉၄၃ ဒသမ ၁၆၄ သန္း၊ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၄၆၈ ဒသမ ၁၉၅ သန္း၊ ၂၀၁၈ ကာလတိုဘ႑ာႏွစ္တြင္ ကန္ေဒၚလာ ၈၀၀ ဒသမ ၄၃၇ သန္း အသီးသီးကုန္သြယ္ခဲ့ေၾကာင္း သိရပါတယ္။

PWA
ရန္ကုန္၊ ၾသဂုတ္ - ၁၄