အောက်တိုဘာ ပြည်ပခရီးစဉ်အချို့ Booking ဖျက်သိမ်းမှု များသော်လည်း နှစ်ကုန်ပိုင်း၌ ခရီးသွားမည့်သူ ပိုများလာနိုင်ဟု ဆို

အောက်တိုဘာ ပြည်ပခရီးစဉ်အချို့ Booking ဖျက်သိမ်းမှု များသော်လည်း နှစ်ကုန်ပိုင်း၌ ခရီးသွားမည့်သူ ပိုများလာနိုင်ဟု ဆို

လာမယ့် အောက်တိုဘာလထဲမှာ သီတင်းကျွတ်ပိတ်ရက် ကာလတွေထဲ ပြည်ပသွားရောက်လည်ပတ်မယ့် ခရီးစဉ်တွေအတွက် Booking ဖျက်သိမ်းမှု များပေမယ့် နှစ်ကုန်ပိုင်းလောက်မှာ ခရီးသွားမယ့်သူတွေ ပြန်လည်များပြားလာနိုင်တယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန် က ပြောပါတယ်။

“ဒါကကလည်း အခုပြည်တွင်းမှာ သဘာဝဘေးကြောင့် ရေကြီးတာတွေရှိမယ်၊ တခြားကိစ္စတွေပေါ့၊ ဒါတွေကြောင့်လည်း ယူဆရပါတယ်၊ ဒါပေမဲ့ ဒါတွေဟာ ခဏတာပါပဲ၊ နှစ်ကုန်ပိုင်းမှာ နှစ်သစ်ကူးပိတ်ရက်တွေနဲ့အတူ ခရီးသွားမယ့်သူတွေ ပိုပြီးများလာမှာ ဖြစ်ပါတယ်” လို့ သူက ရှင်းပြပါတယ်။

လာမယ့် အောက်တိုဘာ ပိတ်ရက်တွေထဲမှာ ပြည်ပနိုင်ငံများသို့ သွားရောက်လည်ပတ်ဖို့ Booking လုပ်ထားကြသော်လည်း အချို့မှာ Booking ပြန်ဖျက်တာတွေ များပြားတာဖြစ်ပါတယ်။

ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီတစ်ခုရဲ့ မန်နေဂျာဖြစ်သူ ကိုမြတ်သူကျော် က “တစ်ချို့ကျတော့ ၁၅ ယောက်သွားဖို့ လုပ်ထားပေမယ့် လေး၊ ငါးယောက် လောက်ပဲ သွားတာမျိုး၊ တစ်ချို့ကျတော့လည်း Booking ကို လုံးဝပြန်ဖျက်လိုက်တာမျိုး ရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ယခုနောက်ပိုင်းမှာ ပြည်ပနိုင်ငံတွေကို ခရီးသွားကာ လည်ပတ်ဖို့ ရည်ရွယ်သူတွေအတွက် ငွေကြေးအခက်အခဲကြောင့် မသွားရောက်နိုင်တာမျိုး မဖြစ်အောင်လည်း မြန်မာ့ခရီးသွားဘဏ်က ခရီးသွားကုမ္ပဏီများနဲ့ ပူးပေါင်းကာ Travel Loan တွေကို စီစဉ်လာတာကြောင့်လည်း စိတ်ဝင်စားသူ များလာခဲ့တယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ စက်တင်ဘာ - ၁၂

( Zawgyi )

လာမယ့္ ေအာက္တိုဘာလထဲမွာ သီတင္းကြၽတ္ပိတ္ရက္ ကာလေတြထဲ ျပည္ပသြားေရာက္လည္ပတ္မယ့္ ခရီးစဥ္ေတြအတြက္ Booking ဖ်က္သိမ္းမႈ မ်ားေပမယ့္ ႏွစ္ကုန္ပိုင္းေလာက္မွာ ခရီးသြားမယ့္သူေတြ ျပန္လည္မ်ားျပားလာႏိုင္တယ္လို႔ ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးေနာင္းေနာင္းဟန္ က ေျပာပါတယ္။

“ဒါကကလည္း အခုျပည္တြင္းမွာ သဘာဝေဘးေၾကာင့္ ေရႀကီးတာေတြရွိမယ္၊ တျခားကိစၥေတြေပါ့၊ ဒါေတြေၾကာင့္လည္း ယူဆရပါတယ္၊ ဒါေပမဲ့ ဒါေတြဟာ ခဏတာပါပဲ၊ ႏွစ္ကုန္ပိုင္းမွာ ႏွစ္သစ္ကူးပိတ္ရက္ေတြနဲ႔အတူ ခရီးသြားမယ့္သူေတြ ပိုၿပီးမ်ားလာမွာ ျဖစ္ပါတယ္” လို႔ သူက ရွင္းျပပါတယ္။

လာမယ့္ ေအာက္တိုဘာ ပိတ္ရက္ေတြထဲမွာ ျပည္ပႏိုင္ငံမ်ားသို႔ သြားေရာက္လည္ပတ္ဖို႔ Booking လုပ္ထားၾကေသာ္လည္း အခ်ိဳ႕မွာ Booking ျပန္ဖ်က္တာေတြ မ်ားျပားတာျဖစ္ပါတယ္။

ခရီးသြားဝန္ေဆာင္မႈ ကုမၸဏီတစ္ခုရဲ႕ မန္ေနဂ်ာျဖစ္သူ ကိုျမတ္သူေက်ာ္ က “တစ္ခ်ိဳ႕က်ေတာ့ ၁၅ ေယာက္သြားဖို႔ လုပ္ထားေပမယ့္ ေလး၊ ငါးေယာက္ ေလာက္ပဲ သြားတာမ်ိဳး၊ တစ္ခ်ိဳ႕က်ေတာ့လည္း Booking ကို လုံးဝျပန္ဖ်က္လိုက္တာမ်ိဳး ရွိပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

ယခုေနာက္ပိုင္းမွာ ျပည္ပႏိုင္ငံေတြကို ခရီးသြားကာ လည္ပတ္ဖို႔ ရည္႐ြယ္သူေတြအတြက္ ေငြေၾကးအခက္အခဲေၾကာင့္ မသြားေရာက္ႏိုင္တာမ်ိဳး မျဖစ္ေအာင္လည္း ျမန္မာ့ခရီးသြားဘဏ္က ခရီးသြားကုမၸဏီမ်ားနဲ႔ ပူးေပါင္းကာ Travel Loan ေတြကို စီစဥ္လာတာေၾကာင့္လည္း စိတ္ဝင္စားသူ မ်ားလာခဲ့တယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ စက္တင္ဘာ - ၁၂