အောင်ဘာလေထီလက်မှတ် အုပ်ရေ တစ်သိန်းခုနှစ်သောင်းခန့် ကျန်ရှိ

 
အောင်ဘာလေထီလက်မှတ် အုပ်ရေ တစ်သိန်းခုနှစ်သောင်းခန့် ကျန်ရှိ

လာမည့် ဇူလိုင် ၁ ရက်တွင် ဖွင့်လှစ်မည့် ၅ ကြိမ်မြောက် ကျပ် တစ်ထောင်တန် အောင်ဘာလေထီ အတွက် ပြည်တွင်းအခွန်ဦးစီးဌာနက ဇွန်လအတွင်း  ထီလက်မှတ် အုပ်ရေ ၃၂ သိန်းကျော်ရောင်းချခဲ့ရာမှာ အုပ်ရေ တစ်သိန်းခုနှစ်သောင်းခန့် မရောင်းရဘဲ ကျန်ရှိခဲ့တယ်လို့် ပြည်တွင်းအခွန်ဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။

၅ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲအတွက် ‘  က ’အက္ခရာမှ ‘ကဆ’အက္ခရာထိ စုစုပေါင်း အက္ခရာ ၄၀ လုံးအတွက် ထီလက်မှတ်အုပ်ရေ ၃၂၇၂၇၂၀ အုပ်ရောင်းချခဲ့ရာမှာ  ဈေးကွက်အတွင်း ထီလက်မှတ် အုပ် ရေ ၃၁၀၃၀၄၀ (ကျပ် - ၃၁၀၃၀ ဒသမ ၄၀ သန်းဖိုး)ရောင်းချခဲ့ရပြီး ထီလက်မှတ်အုပ်ရေ ၁၆၉၆၈၀ မရောင်းရဘဲ ကျန်ရှိခဲ့တယ်ဆိုပါတယ်။

အဆိုပါရောင်းရသည့် ထီလက်မှတ်အုပ်ရေ ၃၁ သိန်းကျော်မှ ၆၀ရာခိုင်နူန်းဖြစ်သည့်  ကျပ် ၁၈၆၁၈ ဒသမ ၂၄ သန်း ကို ဆုငွေအဖြစ် ခွဲဝေဖွင့်လှစ်မည့်ဖြစ်ပြီး လာမထုတ်သည့် ထီဆုထဲမှ ကျပ်သန်း ၂၅၀ ကို ဆုငွေအဖြစ် ဝေေ၀ဆာဆာ ဆုမဲထဲ ထည့်သွင်းသွားမယ်လို့ သိရပါတယ်။

KZ
ရန်ကုန်၊ဇွန် ၂၆

(  Zawgyi  )

 လာမည့္ ဇူလိုင္ ၁ ရက္တြင္ ဖြင့္လွစ္မည့္ ၅ ႀကိမ္ေျမာက္ က်ပ္ တစ္ေထာင္တန္ ေအာင္ဘာေလထီ အတြက္ ျပည္တြင္းအခြန္ဦးစီးဌာနက ဇြန္လအတြင္း  ထီလက္မွတ္ အုပ္ေရ ၃၂ သိန္းေက်ာ္ေရာင္းခ်ခဲ့ရာမွာ အုပ္ေရ တစ္သိန္းခုႏွစ္ေသာင္းခန႔္ မေရာင္းရဘဲ က်န္ရွိခဲ့တယ္လို႔္ ျပည္တြင္းအခြန္ဦးစီးဌာနက ထုတ္ျပန္ခ်က္အရ သိရပါတယ္။

၅ ႀကိမ္ေျမာက္ ေအာင္ဘာေလထီဖြင့္ပြဲအတြက္ ‘  က ’အကၡရာမွ ‘ကဆ’အကၡရာထိ စုစုေပါင္း အကၡရာ ၄၀ လုံးအတြက္ ထီလက္မွတ္အုပ္ေရ ၃၂၇၂၇၂၀ အုပ္ေရာင္းခ်ခဲ့ရာမွာ  ေဈးကြက္အတြင္း ထီလက္မွတ္ အုပ္ ေရ ၃၁၀၃၀၄၀ (က်ပ္ - ၃၁၀၃၀ ဒသမ ၄၀ သန္းဖိုး)ေရာင္းခ်ခဲ့ရၿပီး ထီလက္မွတ္အုပ္ေရ ၁၆၉၆၈၀ မေရာင္းရဘဲ က်န္ရွိခဲ့တယ္ဆိုပါတယ္။

အဆိုပါေရာင္းရသည့္ ထီလက္မွတ္အုပ္ေရ ၃၁ သိန္းေက်ာ္မွ ၆၀ရာခိုင္ႏူန္းျဖစ္သည့္  က်ပ္ ၁၈၆၁၈ ဒသမ ၂၄ သန္း ကို ဆုေငြအျဖစ္ ခြဲေဝဖြင့္လွစ္မည့္ျဖစ္ၿပီး လာမထုတ္သည့္ ထီဆုထဲမွ က်ပ္သန္း ၂၅၀ ကို ဆုေငြအျဖစ္ ေဝေ၀ဆာဆာ ဆုမဲထဲ ထည့္သြင္းသြားမယ္လို႔ သိရပါတယ္။

KZ
ရန္ကုန္၊ဇြန္ ၂၆