အောင်လံမြို့တွင် လမ်းဘေးပစ်ထားသည့် ဖုန်းအတွင်း ဓာတ်ပုံမှတဆင့် လူသတ်မှုကို ဖမ်းဆီးရမိ

အောင်လံမြို့တွင် လမ်းဘေးပစ်ထားသည့် ဖုန်းအတွင်း ဓာတ်ပုံမှတဆင့် လူသတ်မှုကို ဖမ်းဆီးရမိ

အောင်လံမြို့ တွင် လမ်းဘေးပစ်ထားသည့် ဖုန်းအတွင်း ဓာတ်ပုံမှတဆင့် လူသတ်မှု ကျူးလွန်သူကို ဖမ်းဆီးရမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ  ဒီဇင်ဘာလ ၁၁ ရက် နေ့လည် ၁ နာရီခွဲခန့်တွင် အောင်လံမြို့နယ်၊ အင်းကုန်ကျေးရွာအနီး လှည်းလမ်းကြားတွင် လူတစ်ဦးဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းပေးပို့ချက်အရ ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပါတယ်။

ထိုသို့စစ်ဆေးရာ အသက် (၄၀) ခန့်၊ အမည်မသိ အမျိုးသားတစ်ဦး ယာဘက် နံရိုးစောင်း ထိုးသွင်းဒဏ်ရာ (၁) ချက်၊ ဝဲပုခုံး ပေါက်ပြဲဒဏ်ရာ (၁) ချက်၊ ကျောကုန်း ဝဲဘက်အခြမ်း ထိုးသွင်းဒဏ်ရာ (၁) ချက်၊ ဝဲဘက် ချိုင်းအောက်နံကြား ထိုးသွင်းဒဏ်ရာ (၁) ချက်တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး ဦးခေါင်းတွင် ဆိုင်ကယ်ဦးထုပ် ဆောင်းထားပြီး ဆိုင်ကယ်မှာလည်း အခင်းဖြစ်ရပ်တွင် မတွေ့ရှိရသောကြောင့် အောင်လံမြို့၊ မြို့မရဲစခန်း (ပ) ၁၁၅၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ အရ အမှုဖွင့် စုံစမ်းစစ်ဆေးခဲ့ပါတယ်။

အခင်းဖြစ်ပွားခဲ့သည့် အောင်လံ-ပြည် ကားလမ်း မိုင်တိုင်အမှတ် (၂၁၆/၃) နှင့် (၂၁၆/၄) ကြား နေရာတွင် အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထည့်လျက် မှန်များကွဲနေသည့် ခဲရောင်နှင့် အဖြူရောင် ဆင်းကဒ်မပါ Oppo တံဆိပ် ဖုန်းတစ်လုံး၊ Sumics တံဆိပ်ပါ ဆေးကဒ်အခွံတစ်ခု၊ အရိုးအသွား (၇) လက်မခွဲခန့်ရှိ ကြေးကွေးပါ သစ်သားရိုးတပ် ဓါးမြှောင်နှင့် သစ်သားဓားအိမ် တစ်ခုတို့ကို ရဲတပ်ဖွဲ့မှ သိမ်းဆည်းရမိခဲ့ပြီး ဖုန်းအတွင်းမှ ဓါတ်ပုံများအား ကြည့်ရှုစုံစမ်းခဲ့ရာ ဓါတ်ပုံပိုင်ရှင်မှာ သဲစိုးဦး၊ ၂၃ နှစ်၊ လှည်းတန်းလမ်း၊ အနောက်ရပ်တောင်ပိုင်း၊ သရက်မြို့နေသူဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ပါတယ်။

အမှုဖြင့် မသင်္ကာသူ သဲစိုးဦး အား ဖမ်းဆီးရမိရေးအတွက် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊ အောင်လံ မြို့မရဲစခန်းမှူး၊ သရက် မြို့မရဲစခန်းမှူးတို့ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာလ ၁၁ ရက် ည ၁၂ နာရီကျော်တွင် သရက်မြို့ရှိ ၎င်း၏ နေအိမ်မှ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိသူအား စစ်ဆေးမေးမြန်းရာ ၎င်းသည် အောင်လံမြို့နယ်၊ စွယ်ဒုံးကျေးရွာနေ ဟန်ပု၊ ၄၉ နှစ်အား ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခန့်က ဓါးဖြင့် ထိုးသတ်ခဲ့ပြီး အသုံးပြုခဲ့သည့် ဓါးရှည်အား အောင်လံ-ပြည် လမ်း မိုင်တိုင်အမှတ် (၂၁၄/၆) အနီးရှိ ကျွန်းပင်ခြေရင်း၌ ပုဆိုးဖြင့်ပတ်၍ ဖွက်သိမ်းထားခဲ့ကြောင်းနှင့် ဟန်ပု စီးနင်းလာသော ၅၄ယ/၁၄၈၇၂ နယူအန်ဘို ၁၂၅ ဆိုင်ကယ်အား အောင်လံမြို့မှ ပြည်မြို့သို့အထွက် ရွာထောင်ရပ်ကွက်၊ တာဂွလမ်းနှင့် ပြည်လမ်းဆုံတွင် ရပ်ထားခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။

သဲစိုးဦး ၏ ထွက်ဆိုချက်အရ သက်သေခံပစ္စည်းများဖြစ်သည့် အရိုးသွား (၂၇) လက်မခန့်၊ ကနုတ်ပန်းပါ ငွေရိုးတပ် ငှက်ကြီးတောင်ဓါး တစ်ချောင်းနှင့် ဆိုင်ကယ်တို့အား ရဲတပ်ဖွဲ့မှ လိုက်လံသိမ်းဆည်းခဲ့ပြီး ဆက်လက်စစ်ဆေး ဆောင်ရွက်လျှက်ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
မကွေး၊ ဒီဇင်ဘာလ - ၁၃

( Zawgyi )

ေအာင္လံၿမိဳ႕ တြင္ လမ္းေဘးပစ္ထားသည့္ ဖုန္းအတြင္း ဓာတ္ပုံမွတဆင့္ လူသတ္မႈ က်ဴးလြန္သူကို ဖမ္းဆီးရမိခဲ့တယ္လို႔ တိုင္းရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ  ဒီဇင္ဘာလ ၁၁ ရက္ ေန႔လည္ ၁ နာရီခြဲခန႔္တြင္ ေအာင္လံၿမိဳ႕နယ္၊ အင္းကုန္ေက်း႐ြာအနီး လွည္းလမ္းၾကားတြင္ လူတစ္ဦးဒဏ္ရာမ်ားျဖင့္ ေသဆုံးေနေၾကာင္း သတင္းေပးပို႔ခ်က္အရ ရဲတပ္ဖြဲ႕မွ သြားေရာက္စစ္ေဆးခဲ့ပါတယ္။

ထိုသို႔စစ္ေဆးရာ အသက္ (၄၀) ခန႔္၊ အမည္မသိ အမ်ိဳးသားတစ္ဦး ယာဘက္ နံ႐ိုးေစာင္း ထိုးသြင္းဒဏ္ရာ (၁) ခ်က္၊ ဝဲပုခုံး ေပါက္ၿပဲဒဏ္ရာ (၁) ခ်က္၊ ေက်ာကုန္း ဝဲဘက္အျခမ္း ထိုးသြင္းဒဏ္ရာ (၁) ခ်က္၊ ဝဲဘက္ ခ်ိဳင္းေအာက္နံၾကား ထိုးသြင္းဒဏ္ရာ (၁) ခ်က္တို႔ျဖင့္ ေသဆုံးေနသည္ကို ေတြ႕ရွိရၿပီး ဦးေခါင္းတြင္ ဆိုင္ကယ္ဦးထုပ္ ေဆာင္းထားၿပီး ဆိုင္ကယ္မွာလည္း အခင္းျဖစ္ရပ္တြင္ မေတြ႕ရွိရေသာေၾကာင့္ ေအာင္လံၿမိဳ႕၊ ၿမိဳ႕မရဲစခန္း (ပ) ၁၁၅၄/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၃၉၄ အရ အမႈဖြင့္ စုံစမ္းစစ္ေဆးခဲ့ပါတယ္။

အခင္းျဖစ္ပြားခဲ့သည့္ ေအာင္လံ-ျပည္ ကားလမ္း မိုင္တိုင္အမွတ္ (၂၁၆/၃) ႏွင့္ (၂၁၆/၄) ၾကား ေနရာတြင္ အနက္ေရာင္ ႂကြပ္ႂကြပ္အိတ္ျဖင့္ ထည့္လ်က္ မွန္မ်ားကြဲေနသည့္ ခဲေရာင္ႏွင့္ အျဖဴေရာင္ ဆင္းကဒ္မပါ Oppo တံဆိပ္ ဖုန္းတစ္လုံး၊ Sumics တံဆိပ္ပါ ေဆးကဒ္အခြံတစ္ခု၊ အ႐ိုးအသြား (၇) လက္မခြဲခန႔္ရွိ ေၾကးေကြးပါ သစ္သား႐ိုးတပ္ ဓါးေျမႇာင္ႏွင့္ သစ္သားဓားအိမ္ တစ္ခုတို႔ကို ရဲတပ္ဖြဲ႕မွ သိမ္းဆည္းရမိခဲ့ၿပီး ဖုန္းအတြင္းမွ ဓါတ္ပုံမ်ားအား ၾကည့္ရႈစုံစမ္းခဲ့ရာ ဓါတ္ပုံပိုင္ရွင္မွာ သဲစိုးဦး၊ ၂၃ ႏွစ္၊ လွည္းတန္းလမ္း၊ အေနာက္ရပ္ေတာင္ပိုင္း၊ သရက္ၿမိဳ႕ေနသူျဖစ္ေၾကာင္း စုံစမ္းသိရွိခဲ့ပါတယ္။

အမႈျဖင့္ မသကၤာသူ သဲစိုးဦး အား ဖမ္းဆီးရမိေရးအတြက္ မေကြးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မႉး႐ုံး မႈခင္းအကူဌာနစိတ္မွ တပ္ဖြဲ႕ဝင္မ်ား၊ ေအာင္လံ ၿမိဳ႕မရဲစခန္းမႉး၊ သရက္ ၿမိဳ႕မရဲစခန္းမႉးတို႔ ပူးေပါင္းခ်ိတ္ဆက္ ေဆာင္႐ြက္ခဲ့ရာ ဒီဇင္ဘာလ ၁၁ ရက္ ည ၁၂ နာရီေက်ာ္တြင္ သရက္ၿမိဳ႕ရွိ ၎၏ ေနအိမ္မွ ဖမ္းဆီးရမိခဲ့ပါတယ္။

ဖမ္းဆီးရမိသူအား စစ္ေဆးေမးျမန္းရာ ၎သည္ ေအာင္လံၿမိဳ႕နယ္၊ စြယ္ဒုံးေက်း႐ြာေန ဟန္ပု၊ ၄၉ ႏွစ္အား ဒီဇင္ဘာလ ၁၁ ရက္ေန႔ နံနက္ ၁၁ နာရီခန႔္က ဓါးျဖင့္ ထိုးသတ္ခဲ့ၿပီး အသုံးျပဳခဲ့သည့္ ဓါးရွည္အား ေအာင္လံ-ျပည္ လမ္း မိုင္တိုင္အမွတ္ (၂၁၄/၆) အနီးရွိ ကြၽန္းပင္ေျခရင္း၌ ပုဆိုးျဖင့္ပတ္၍ ဖြက္သိမ္းထားခဲ့ေၾကာင္းႏွင့္ ဟန္ပု စီးနင္းလာေသာ ၅၄ယ/၁၄၈၇၂ နယူအန္ဘို ၁၂၅ ဆိုင္ကယ္အား ေအာင္လံၿမိဳ႕မွ ျပည္ၿမိဳ႕သို႔အထြက္ ႐ြာေထာင္ရပ္ကြက္၊ တာဂြလမ္းႏွင့္ ျပည္လမ္းဆုံတြင္ ရပ္ထားခဲ့ေၾကာင္း ထြက္ဆိုခဲ့ပါတယ္။

သဲစိုးဦး ၏ ထြက္ဆိုခ်က္အရ သက္ေသခံပစၥည္းမ်ားျဖစ္သည့္ အ႐ိုးသြား (၂၇) လက္မခန႔္၊ ကႏုတ္ပန္းပါ ေငြ႐ိုးတပ္ ငွက္ႀကီးေတာင္ဓါး တစ္ေခ်ာင္းႏွင့္ ဆိုင္ကယ္တို႔အား ရဲတပ္ဖြဲ႕မွ လိုက္လံသိမ္းဆည္းခဲ့ၿပီး ဆက္လက္စစ္ေဆး ေဆာင္႐ြက္လွ်က္ရွိတယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
မေကြး၊ ဒီဇင္ဘာလ - ၁၃