အေးဂျင့်များ ကုန်ပစ္စည်း သွင်း/ထုတ်မှုအပေါ် အလွဲသုံးစားရှိခြင်းကြောင့် စနစ်တကျ စီမံထိန်းသိမ်းရန် လိုအပ်ဟု ဆို

အေးဂျင့်များ ကုန်ပစ္စည်း သွင်း/ထုတ်မှုအပေါ် အလွဲသုံးစားရှိခြင်းကြောင့် စနစ်တကျ စီမံထိန်းသိမ်းရန် လိုအပ်ဟု ဆို

ပြည်တွင်းမှာ ကုန်ပစ္စည်း သွင်းတာ ထုတ်တာတွေနဲ့ ပတ်သက်ပြီး အေးဂျင့်တွေဘက်က အလွဲသုံးစားလုပ်လာတာတွေ ရှိတာကြောင့် စနစ်တကျနဲ့ စီမံထိန်းသိမ်းသွားဖို့ လိုအပ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ပြောပါတယ်။

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်က ကုန်သည်/စက်မှု အသင်းချုပ်မှာ ဒီကနေ့ (ဒီဇင်ဘာ ၁၄ ရက်) က ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ နဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များရဲ့ (၂၂) ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲမှာ ၎င်းက ထုတ်ဖော်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

"ပစ္စည်း သွင်းတာ ထုတ်တာနဲ့ ပတ်သက်ပြီး လုပ်ငန်းရှင်က အေးဂျင့်ကို ခိုင်းလိုက်တယ်၊ အေးဂျင့်က အလွဲသုံးစားလုပ်တယ် ဆိုပြီးတော့ ဒီဘက် စီးပွားကူးသန်းဘက်မှာ တက်လာတဲ့ ဖြစ်စဉ်တွေ ရှိလာပါတယ်" လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ထိုဖြစ်စဉ်တွေ ကြုံလာတာကြောင့် ပို့ကုန် သွင်းကုန် ပါမစ်တွေကို ပိတ်သိမ်းကာ အရေးယူလိုက်ရတဲ့ ဖြစ်စဉ်တွေလည်း အခုနောက်ပိုင်းမှာ များလာရတယ်လို့ သိရပါတယ်။

ထို့ကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့ ဝန်ထမ်းတွေ အပါအဝင် အေးဂျင့်တွေကိုလည်း စနစ်တကျနဲ့ ထိန်းသိမ်းသွားဖို့ လိုအပ်ပြီး အရည်အသွေးရှိလာအောင် စီမံခန့်ခွဲမှုတွေ လုပ်ဆောင်ဖို့ လိုအပ်သလို ကြပ်မတ်ဆောင်ရွက်ခြင်းတို့ဖြင့် လုပ်ငန်းတွေ ပိုမိုတိုးတက် အောင်မြင်လာစေဖို့ လုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက အကြံပြု ပြောကြားသွားခဲ့ပါတယ်။

ထိုအခမ်းအနားမှာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ က အမှာစကား ပြောကြားခဲ့သလို ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့် နဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌတို့က အသီးသီးဆွေးနွေးပြောကြားခဲ့ကြတာ ဖြစ်ပါတယ်။

ထို့နောက် အစည်းအဝေး ဒုတိယပိုင်းအနေနဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးရေးအတွက် ဆွေးနွေးတာတွေ၊ မြန်မာနိုင်ငံ အလှကုန်အသင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း၊ ဟိုတယ်နဲ့ ခရီး လုပ်ငန်းအဖွဲ့၊ မြန်မာ့စီးပွားရေး အင်နီရှီတစ်၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖွဲ့တို့က အသီးသီးဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဒီဇင်ဘာ - ၁၄

( Zawgyi )

ျပည္တြင္းမွာ ကုန္ပစၥည္း သြင္းတာ ထုတ္တာေတြနဲ႔ ပတ္သက္ၿပီး ေအးဂ်င့္ေတြဘက္က အလြဲသုံးစားလုပ္လာတာေတြ ရွိတာေၾကာင့္ စနစ္တက်နဲ႔ စီမံထိန္းသိမ္းသြားဖို႔ လိုအပ္တယ္လို႔ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသန္းျမင့္ က ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕၊ လမ္းမေတာ္ၿမိဳ႕နယ္က ကုန္သည္/စက္မႈ အသင္းခ်ဳပ္မွာ ဒီကေန႔ (ဒီဇင္ဘာ ၁၄ ရက္) က ဒုတိယသမၼတ (၁) ဦးျမင့္ေဆြ နဲ႔ ျမန္မာ့စီးပြားေရးလုပ္ငန္းရွင္မ်ားရဲ႕ (၂၂) ႀကိမ္ေျမာက္ ပုံမွန္ေတြ႕ဆုံေဆြးေႏြးပြဲမွာ ၎က ထုတ္ေဖာ္ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

"ပစၥည္း သြင္းတာ ထုတ္တာနဲ႔ ပတ္သက္ၿပီး လုပ္ငန္းရွင္က ေအးဂ်င့္ကို ခိုင္းလိုက္တယ္၊ ေအးဂ်င့္က အလြဲသုံးစားလုပ္တယ္ ဆိုၿပီးေတာ့ ဒီဘက္ စီးပြားကူးသန္းဘက္မွာ တက္လာတဲ့ ျဖစ္စဥ္ေတြ ရွိလာပါတယ္" လို႔ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသန္းျမင့္ က ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ထိုျဖစ္စဥ္ေတြ ႀကဳံလာတာေၾကာင့္ ပို႔ကုန္ သြင္းကုန္ ပါမစ္ေတြကို ပိတ္သိမ္းကာ အေရးယူလိုက္ရတဲ့ ျဖစ္စဥ္ေတြလည္း အခုေနာက္ပိုင္းမွာ မ်ားလာရတယ္လို႔ သိရပါတယ္။

ထို႔ေၾကာင့္ လုပ္ငန္းရွင္ေတြအေနနဲ႔ မိမိတို႔ရဲ႕ ဝန္ထမ္းေတြ အပါအဝင္ ေအးဂ်င့္ေတြကိုလည္း စနစ္တက်နဲ႔ ထိန္းသိမ္းသြားဖို႔ လိုအပ္ၿပီး အရည္အေသြးရွိလာေအာင္ စီမံခန႔္ခြဲမႈေတြ လုပ္ေဆာင္ဖို႔ လိုအပ္သလို ၾကပ္မတ္ေဆာင္႐ြက္ျခင္းတို႔ျဖင့္ လုပ္ငန္းေတြ ပိုမိုတိုးတက္ ေအာင္ျမင္လာေစဖို႔ လုပ္ေဆာင္သြားဖို႔ လိုအပ္တယ္လို႔လည္း ျပည္ေထာင္စုဝန္ႀကီးက အႀကံျပဳ ေျပာၾကားသြားခဲ့ပါတယ္။

ထိုအခမ္းအနားမွာ ပုဂၢလိကက႑ ဖြံ႕ၿဖိဳးတိုးတက္ေရးေကာ္မတီ ဥကၠ႒လည္းျဖစ္တဲ့ ဒုတိယသမၼတ (၁) ဦးျမင့္ေဆြ က အမွာစကား ေျပာၾကားခဲ့သလို ပုဂၢလိကက႑ ဖြံ႕ၿဖိဳးတိုးတက္ေရးေကာ္မတီ ဒုတိယဥကၠ႒ ေဒါက္တာသန္းျမင့္ နဲ႔ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ ဥကၠ႒တို႔က အသီးသီးေဆြးေႏြးေျပာၾကားခဲ့ၾကတာ ျဖစ္ပါတယ္။

ထို႔ေနာက္ အစည္းအေဝး ဒုတိယပိုင္းအေနနဲ႔ ကုန္သြယ္မႈနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈ ဖြံ႕ၿဖိဳးေရးအတြက္ ေဆြးေႏြးတာေတြ၊ ျမန္မာႏိုင္ငံ အလွကုန္အသင္း၊ ျမန္မာႏိုင္ငံ သစ္သီးဝလံ ပန္းမန္ႏွင့္ ဟင္းသီးဟင္း႐ြက္ စိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ား အသင္း၊ ဟိုတယ္နဲ႔ ခရီး လုပ္ငန္းအဖြဲ႕၊ ျမန္မာ့စီးပြားေရး အင္နီရွီတစ္၊ ကုန္သြယ္မႈနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းအဖြဲ႕တို႔က အသီးသီးေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဒီဇင္ဘာ - ၁၄