ဥပဒေအထက်တွင် မည်သူမျှမရှိရဘူးလို့ နိုင်ငံတော်သမ္မတ ပြောကြား

ဥပဒေအထက်တွင် မည်သူမျှမရှိရဘူးလို့ နိုင်ငံတော်သမ္မတ ပြောကြား

ဥပဒေ အထက်မှာ မည်သူမျှ မရှိ ရဘူး လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ယနေ့ မေလ ၂၄ ရက် နံနက်ပိုင်း က နေပြည်တော်ကောင်စီရုံးဝန်းရှိ ဇမ္မသီရိခန်းမတွင်ကျင်းပပြုလုပ်သည့် နိုင်ငံတော်သမ္မတနှင့် နေပြည်တော်ကောင်စီဥက္ကဌ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများတွေ့ဆုံပွဲအခမ်းအနားတွင်ပြောကြားခဲ့ပါတယ်။

“တရားမျှတမှုကလူတိုင်းနဲ့အဖွဲ့အစည်းတိုင်းနဲ့သက်ဆိုင်တယ်ဆိုတာကိုပြောချင်တာပါ၊ ဘယ်သူ့ဘယ်သူမှ နိုင်ငံရေးအရ တရားမျှတမှု၊စီးပွားရေးအရတရားမျှတမှု၊လူမှုရေးအရတရားမျှတမှုဆိုတာ ဘယ်သူ့ဘယ်သူမှ အခွင့်ထူးခံပြီးအခွင့်အရေးယူုဖို့မဟုတ်ပါဘူး။ ကျွန်တော်တို့လုပ်နေတဲ့ လောကပါလ တရားအရပြောမယ်ဆိုရင် သာတူညီမျှမှု ကျွန်တော်တို့နိုင်ငံသူနိုင်ငံသား အားလုံး၊ အဖွဲ့အစည်းတွေအားလုံး အဆင့်အတန်းညီမျှမှု အခွင့်အလမ်းညီမျှမှု ဥပဒေအရညီမျှမှု ပဲဖြစ်စေ ချင်ပါတယ်။သမ္မတမို့လို့၊ ဝန်ကြီးချုပ်မို့လို့၊ဝန်ကြီးမို့လို့ လွှတ်တော်ကိုယ်စားလှယ်မို့လို့၊နေပြည်တော်ကောင်စီ ဥက္ကဌမို့ လို့စသည်ဖြင့် အခွင့်အရေးဆိုတာမျိုး ဥပဒေအထက်မှာ ယူဖို့မဟုတ်ပါဘူး။ အားလုံးဟာ ဥပဒေနဲ့ အညီ အမျှဖြစ်ရ မှာဖြစ် ပါတယ်။ဥပဒေရဲ့ရှေ့မှောက် ရောက်လာရင်အားလုံးအညီအမျှဖြစ်ရမယ်။ ဥပဒေ အထက်မှာ ဘယ်သူမှ မရှိ ရဘူး။ နိုင်ငံသားကျတော့ ဥပဒေကတစ်မျိုး၊ကျေးရွာသူကျေးရွာသားကျတော့ဥပဒေကတစ်မျိုး၊ မြို့သူမြို့သား ကျ တော့ဥပဒေကတစ်မျိုး၊မင်းဆိုရာဇာကျတော့ ဥပဒေကတစ်မျိုး၊ ကျွန်တော်အဲ့ဒါမျိုး တွေမကြိုက်ပါဘူး “ လို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ယင်းအပြင် နိုင်ငံတော်သမ္မတက တရားစီရင်ရေနှင့်ပတ်သက်၍ ဥပဒေအတိုင်းဆောင်ရွက်ကြရန်ပြောကြားခဲ့ပြီး ဥပဒေဖောက်ဖျက်ကြောင်း တိုင်ကြားမှုများရှိလာပါက မည်သူ့ကို မဆို တရားဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ဟိုလူပြောလို့ ဒီလူပြောလို့ ဥပဒေမဲ့ လုပ်တယ်ဆိုရင် တိုင်လာလို့ရှိရင်တော့ ကျွန်တော်တို့က အမှန်တိုင်းပြော တာ ဘယ်ကိစ္စမှဖှံးကွယ် မထားဘူး။ ဘယ်ကိစ္စမှ လည်း ဝင်ပြီးတိုင်လာလို့ဆိုပြီး အကာအကွယ်မပေးဘူး” လို့ ဆိုပါတယ်။လက်ရှိအချိန်တွင် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးအတွက် ကြိုးစားဆောင်ရွက်လျှက်ရှိရာ  တရားစီရင်ရာတွင် မျက်နှာကြီးငယ်မလိုက်၊ ရာထူးဂုဏ်သိမ်အရှိန်အဝါ မရွေး ဥပဒေ အတိုင်းသာ ဆောင်ရွက်ကြစေချင်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

PTG
နေပြည်တော်၊ မေ - ၂၄

( Zawgyi )

ဥပေဒ အထက္မွာ မည္သူမွ် မရွိ ရဘူး လို႔ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ က ယေန႔ ေမလ ၂၄ ရက္ နံနက္ပိုင္း က ေနျပည္ေတာ္ေကာင္စီ႐ုံးဝန္းရွိ ဇမၼသီရိခန္းမတြင္က်င္းပျပဳလုပ္သည့္ ႏိုင္ငံေတာ္သမၼတႏွင့္ ေနျပည္ေတာ္ေကာင္စီဥကၠဌ၊ ေနျပည္ေတာ္ေကာင္စီဝင္မ်ား၊ ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီဝင္မ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ေနျပည္ေတာ္အဆင့္ဌာနဆိုင္ရာမ်ား၊ခ႐ိုင္/ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာမ်ားေတြ႕ဆုံပြဲအခမ္းအနားတြင္ေျပာၾကားခဲ့ပါတယ္။

“တရားမွ်တမႈကလူတိုင္းနဲ႔အဖြဲ႕အစည္းတိုင္းနဲ႔သက္ဆိုင္တယ္ဆိုတာကိုေျပာခ်င္တာပါ၊ ဘယ္သူ႔ဘယ္သူမွ ႏိုင္ငံေရးအရ တရားမွ်တမႈ၊စီးပြားေရးအရတရားမွ်တမႈ၊လူမႈေရးအရတရားမွ်တမႈဆိုတာ ဘယ္သူ႔ဘယ္သူမွ အခြင့္ထူးခံၿပီးအခြင့္အေရးယူုဖို႔မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔လုပ္ေနတဲ့ ေလာကပါလ တရားအရေျပာမယ္ဆိုရင္ သာတူညီမွ်မႈ ကြၽန္ေတာ္တို႔ႏိုင္ငံသူႏိုင္ငံသား အားလုံး၊ အဖြဲ႕အစည္းေတြအားလုံး အဆင့္အတန္းညီမွ်မႈ အခြင့္အလမ္းညီမွ်မႈ ဥပေဒအရညီမွ်မႈ ပဲျဖစ္ေစ ခ်င္ပါတယ္။သမၼတမို႔လို႔၊ ဝန္ႀကီးခ်ဳပ္မို႔လို႔၊ဝန္ႀကီးမို႔လို႔ လႊတ္ေတာ္ကိုယ္စားလွယ္မို႔လို႔၊ေနျပည္ေတာ္ေကာင္စီ ဥကၠဌမို႔ လို႔စသည္ျဖင့္ အခြင့္အေရးဆိုတာမ်ိဳး ဥပေဒအထက္မွာ ယူဖို႔မဟုတ္ပါဘူး။ အားလုံးဟာ ဥပေဒနဲ႔ အညီ အမွ်ျဖစ္ရ မွာျဖစ္ ပါတယ္။ဥပေဒရဲ႕ေရွ႕ေမွာက္ ေရာက္လာရင္အားလုံးအညီအမွ်ျဖစ္ရမယ္။ ဥပေဒ အထက္မွာ ဘယ္သူမွ မရွိ ရဘူး။ ႏိုင္ငံသားက်ေတာ့ ဥပေဒကတစ္မ်ိဳး၊ေက်း႐ြာသူေက်း႐ြာသားက်ေတာ့ဥပေဒကတစ္မ်ိဳး၊ ၿမိဳ႕သူၿမိဳ႕သား က် ေတာ့ဥပေဒကတစ္မ်ိဳး၊မင္းဆိုရာဇာက်ေတာ့ ဥပေဒကတစ္မ်ိဳး၊ ကြၽန္ေတာ္အဲ့ဒါမ်ိဳး ေတြမႀကိဳက္ပါဘူး “ လို႔ ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။ယင္းအျပင္ ႏိုင္ငံေတာ္သမၼတက တရားစီရင္ေရႏွင့္ပတ္သက္၍ ဥပေဒအတိုင္းေဆာင္႐ြက္ၾကရန္ေျပာၾကားခဲ့ၿပီး ဥပေဒေဖာက္ဖ်က္ေၾကာင္း တိုင္ၾကားမႈမ်ားရွိလာပါက မည္သူ႔ကို မဆို တရားဥပေဒအတိုင္း အေရးယူ ေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

“ဟိုလူေျပာလို႔ ဒီလူေျပာလို႔ ဥပေဒမဲ့ လုပ္တယ္ဆိုရင္ တိုင္လာလို႔ရွိရင္ေတာ့ ကြၽန္ေတာ္တို႔က အမွန္တိုင္းေျပာ တာ ဘယ္ကိစၥမွဖွံးကြယ္ မထားဘူး။ ဘယ္ကိစၥမွ လည္း ဝင္ၿပီးတိုင္လာလို႔ဆိုၿပီး အကာအကြယ္မေပးဘူး” လို႔ ဆိုပါတယ္။လက္ရွိအခ်ိန္တြင္ ႏိုင္ငံအတြင္း တရားဥပေဒစိုးမိုးေရးအတြက္ ႀကိဳးစားေဆာင္႐ြက္လွ်က္ရွိရာ  တရားစီရင္ရာတြင္ မ်က္ႏွာႀကီးငယ္မလိုက္၊ ရာထူးဂုဏ္သိမ္အရွိန္အဝါ မေ႐ြး ဥပေဒ အတိုင္းသာ ေဆာင္႐ြက္ၾကေစခ်င္တယ္လို႔ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

PTG
ေနျပည္ေတာ္၊ ေမ - ၂၄