ဥရောပ ၆ နိုင်ငံမှ ကမ္ဘာလှည့် ခရီးသည်များအား ဆိုက်ရောက်ဗီဇာဖြင့် လာရောက်ခွင့်ပြုမည်

ဥရောပ ၆ နိုင်ငံမှ ကမ္ဘာလှည့် ခရီးသည်များအား ဆိုက်ရောက်ဗီဇာဖြင့် လာရောက်ခွင့်ပြုမည်

အီတလီနိုင်ငံ၊ စပိန်နိုင်ငံ၊ သြစတြးလျနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ၊ ဂျာမဏီနိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ ကမ္ဘာလှည့် ခရီးသည်များအား ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) ဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဆိုက်ရောက်ဗီဇာဖြင့် လာရောက်သည့် ဥရောပ ၆ နိုင်ငံမှ ကမ္ဘာလှည့် ခရီးသည်များအား ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်လက်ခံမည်ဖြစ်ပြီး စမ်းသပ်ကာလ (၁ နှစ်) သတ်မှတ်ကြောင်း၊ ဗီဇာကြေးအနေဖြင့် US$ 50 ကောက်ခံမည်ဖြစ်ပြီး နေထိုင်ခွင့်ကာလ ရက် ၃၀ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတွင် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ ကမ္ဘာ့လှည့် ခရီးသည်များအား ဆိုက်ရောက်ဗီဇာဖြင့် လာရောက်ရန် ခွင့်ပြုပေးလျှက် ရှိပါတယ်။

မင်းထွန်း(အုတ်ကျင်း)
နေပြည်တော်၊ ဇွန် - ၂၆

( Zawgyi )




မင်းထွန်း(အုတ်ကျင်း)
နေပြည်တော်၊ ဇွန် - ၂၆