၁၀ နှစ်တာကာလအတွင်း မန်းတိုင်းဒေသကြီးသို့ပြည်ပခရီးသွားဝင်ရောက်မှု ၁၀ ဆနီးပါး မြင့်တက်ခဲ့

၁၀ နှစ်တာကာလအတွင်း မန်းတိုင်းဒေသကြီးသို့ပြည်ပခရီးသွားဝင်ရောက်မှု ၁၀ ဆနီးပါး မြင့်တက်ခဲ့

မန္တလေးတိုင်းဒေသကြီးအတွင်း ပြည်ပခရီးသွားဝင်ရောက်မှုက၂၀၁၀ ပြည့်နှစ်နဲ့နှိုင်းစာရင် ပြီးခဲ့တဲ့နှစ်က ခရီးသွားဝင်ရောက်မှု ၁၀ ဆနီးပါးမြင့်တက်ခဲ့ တယ်လို့ မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွွှန်ကြားမှုဦးစီးဌာနစာရင်းအရသိရပါတယ်။

၂၀၁၀ ပြည့်နှစ်တုန်းက ဒေသတွင်းပြည်ပခရီးသွားဝင်ရောက်မှု ၇ သောင်း ၅ ထောင်ကျော်ရှိခဲ့တာကနေ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာတော့ ၆ သိန်း ၈ သောင်းကျော်ဝင်ရောက်ခဲ့တာဖြစ်တာကြောင့် ၁၀ ဆနီးပါးမြင့်တက်ခဲ့တာလို့ဆိုလို့ရတယ်လို့ အဲဒီဦးစီးဌာနတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဒါဟာ ၁၀ နှစ်တာကာလအတွင်း ပြည်ပခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်တဲ့အခြေအနေတစ်ရပ်ပဲဖြစ်ပြီး ဝင်ရောက်လာတဲ့ပြည်ပခရီးသွားတွေထဲကမှ အများစုက မြန်မာ့ရှေးဟောင်းအမွေအနှစ်တွေကို လာရောက်လေ့လာကြသူတွေလည်းဖြစ်တယ်လို့သိရပါတယ်။

ရှေးဟောင်းအမွေအနှစ်နေရာတွေနဲ့ စေတီဘုရားပုထိုးတွေလာရောက်လေ့လာလည်ပတ်ကြတာများတယ်၊ နောက်ပြီးတော့ မြို့ရဲ့အထင်ကရနေရာတွေ ကိုဝင်ရောက်လည်ပတ်ကြတာပေါ့ လို့လည်း ၎င်းကပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တစ်နှစ်တာအတွင်း ဒေသတွင်းဝင်ရောက်ခဲ့တဲ့ပြည်ပခရီးသွားအများစုက မန္တလေးတောင်၊ မဟာမုနိဘုရားကြီး၊ ရွှေကျောင်း၊ ကုသိုလ်တော် ဘုရား၊ တောင်သမန်းအင်းနဲ့ဦးပိန်တံတားအစရှိတဲ့ မန္တလေးမြို့ရဲ့အထင်ကရနေရာတွေရယ်၊ အင်းဝရှေးဟောင်းဇုန်ရယ်တို့ကို လာရောက်လည်ပတ်ကြ တာဖြစ်ပြီး မြန်မာ့ရိုးရာလက်မှုအနုပညာတွေကို လာရောက်လေ့လာကြသူတွေလည်းရှိတယ်လို့သိရပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်း နှစ်အလိုက် ပြည်ပခရီးသွားဝင်ရောက်မှုကိုကြည့်ရင် ၂၀၁၀ ပြည့်နှစ်က ၇၅၇၂၇ ဦး၊ ၂၀၁၁ ခုနှစ် ၉၉၀၁၆ ဦး၊ ၂၀၁၂ ခုနှစ်က ၁၆၀၉၇၅ ဦး၊ ၂၀၁၃ ခုနှစ် က ၂၁၉၅၁၈ ဦး၊ ၂၀၁၄ ခုနှစ်က ၂၄၂၅၆၆ ဦး၊ ၂၀၁၅ ခုနှစ်က ၃၀၆၄၃၂ ဦး၊ ၂၀၁၆ ခုနှစ်က ၃၈၅၀၃၁ ဦး၊ ၂၀၁၇ ခုနှစ်က ၄၈၃၇၈၄ ဦး၊ ၂၀၁၈ ခုနှစ် က ၄၉၂၀၉၇ ဦး နဲ့ ၂၀၁၉ ခုနှစ်က ၆ သိန်း ၈ သောင်းကျော်ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံကို ပြည်ပခရီး သွား ၄ ဒသမ ၄ သန်းနီးပါး(၄၃၆၄၁၀၁ ဦး)ဝင်ရောက်ခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနစာရင်းအရ သိရပါတယ်။

KT
မန္တလေး၊ ဖေဖေါ်ဝါရီ - ၁

( Zawgyi )

မႏၲေလးတိုင္းေဒသႀကီးအတြင္း ျပည္ပခရီးသြားဝင္ေရာက္မႈက၂၀၁၀ ျပည့္ႏွစ္နဲ႔ႏႈိင္းစာရင္ ၿပီးခဲ့တဲ့ႏွစ္က ခရီးသြားဝင္ေရာက္မႈ ၁၀ ဆနီးပါးျမင့္တက္ခဲ့ တယ္လို႔ မႏၲေလးတိုင္းေဒသႀကီး ဟိုတယ္ႏွင့္ခရီးသြားၫြႊန္ၾကားမႈဦးစီးဌာနစာရင္းအရသိရပါတယ္။

၂၀၁၀ ျပည့္ႏွစ္တုန္းက ေဒသတြင္းျပည္ပခရီးသြားဝင္ေရာက္မႈ ၇ ေသာင္း ၅ ေထာင္ေက်ာ္ရွိခဲ့တာကေန ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္မွာေတာ့ ၆ သိန္း ၈ ေသာင္းေက်ာ္ဝင္ေရာက္ခဲ့တာျဖစ္တာေၾကာင့္ ၁၀ ဆနီးပါးျမင့္တက္ခဲ့တာလို႔ဆိုလို႔ရတယ္လို႔ အဲဒီဦးစီးဌာနတာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

ဒါဟာ ၁၀ ႏွစ္တာကာလအတြင္း ျပည္ပခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္တဲ့အေျခအေနတစ္ရပ္ပဲျဖစ္ၿပီး ဝင္ေရာက္လာတဲ့ျပည္ပခရီးသြားေတြထဲကမွ အမ်ားစုက ျမန္မာ့ေရွးေဟာင္းအေမြအႏွစ္ေတြကို လာေရာက္ေလ့လာၾကသူေတြလည္းျဖစ္တယ္လို႔သိရပါတယ္။

ေရွးေဟာင္းအေမြအႏွစ္ေနရာေတြနဲ႔ ေစတီဘုရားပုထိုးေတြလာေရာက္ေလ့လာလည္ပတ္ၾကတာမ်ားတယ္၊ ေနာက္ၿပီးေတာ့ ၿမိဳ႕ရဲ႕အထင္ကရေနရာေတြ ကိုဝင္ေရာက္လည္ပတ္ၾကတာေပါ့ လို႔လည္း ၎ကေျပာပါတယ္။

ၿပီးခဲ့တဲ့ႏွစ္တစ္ႏွစ္တာအတြင္း ေဒသတြင္းဝင္ေရာက္ခဲ့တဲ့ျပည္ပခရီးသြားအမ်ားစုက မႏၲေလးေတာင္၊ မဟာမုနိဘုရားႀကီး၊ ေ႐ႊေက်ာင္း၊ ကုသိုလ္ေတာ္ ဘုရား၊ ေတာင္သမန္းအင္းနဲ႔ဦးပိန္တံတားအစရွိတဲ့ မႏၲေလးၿမိဳ႕ရဲ႕အထင္ကရေနရာေတြရယ္၊ အင္းဝေရွးေဟာင္းဇုန္ရယ္တို႔ကို လာေရာက္လည္ပတ္ၾက တာျဖစ္ၿပီး ျမန္မာ့႐ိုးရာလက္မႈအႏုပညာေတြကို လာေရာက္ေလ့လာၾကသူေတြလည္းရွိတယ္လို႔သိရပါတယ္။

မႏၲေလးတိုင္းေဒသႀကီးအတြင္း ႏွစ္အလိုက္ ျပည္ပခရီးသြားဝင္ေရာက္မႈကိုၾကည့္ရင္ ၂၀၁၀ ျပည့္ႏွစ္က ၇၅၇၂၇ ဦး၊ ၂၀၁၁ ခုႏွစ္ ၉၉၀၁၆ ဦး၊ ၂၀၁၂ ခုႏွစ္က ၁၆၀၉၇၅ ဦး၊ ၂၀၁၃ ခုႏွစ္ က ၂၁၉၅၁၈ ဦး၊ ၂၀၁၄ ခုႏွစ္က ၂၄၂၅၆၆ ဦး၊ ၂၀၁၅ ခုႏွစ္က ၃၀၆၄၃၂ ဦး၊ ၂၀၁၆ ခုႏွစ္က ၃၈၅၀၃၁ ဦး၊ ၂၀၁၇ ခုႏွစ္က ၄၈၃၇၈၄ ဦး၊ ၂၀၁၈ ခုႏွစ္ က ၄၉၂၀၉၇ ဦး နဲ႔ ၂၀၁၉ ခုႏွစ္က ၆ သိန္း ၈ ေသာင္းေက်ာ္ရွိၿပီး ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္က ျမန္မာႏိုင္ငံကို ျပည္ပခရီး သြား ၄ ဒသမ ၄ သန္းနီးပါး(၄၃၆၄၁၀၁ ဦး)ဝင္ေရာက္ခဲ့တယ္လို႔ မႏၲေလးတိုင္းေဒသႀကီး ဟိုတယ္ႏွင့္ခရီးသြားၫႊန္ၾကားမႈဦးစီးဌာနစာရင္းအရ သိရပါတယ္။

KT
မႏၲေလး၊ ေဖေဖၚဝါရီ - ၁