၁၉၉၉ခုနှစ်မှ၂၀၁၈ခုနှစ်အတွင်း ပြည်ပသို့ အလုပ်သမား ၈ သိန်းကျော် တရားဝင်စေလွှတ်ခဲ့ ပြီး ပြန်လွှဲပို့ငွေ မှာ နိုင်ငံ GDP ၏ တစ်ရာခိုင်နူန်းခန့်ရှိ

၁၉၉၉ခုနှစ်မှ၂၀၁၈ခုနှစ်အတွင်း ပြည်ပသို့ အလုပ်သမား ၈ သိန်းကျော် တရားဝင်စေလွှတ်ခဲ့ ပြီး ပြန်လွှဲပို့ငွေ မှာ နိုင်ငံ GDP ၏ တစ်ရာခိုင်နူန်းခန့်ရှိ

 ၁၉၉၉ခုနှစ်မှ၂၀၁၈ခုနှစ်အတွင်း မြန်မာနိုင်ငံမှပြည်ပနိုင်ငံများသို့ တရားဝင်စေလွှတ်ခဲ့သည့် အလုပ် သမားဦးရေ ၈ သိန်းကျော်ရှိပြီး အဆိုပါပြည်ပရောက်မြန်မာအလုပ်သမားများမှ ပြန်လည်လွှဲပို့သည့်ငွေမှာ GDP၏ တစ်ရာခိုင်နူန်းအထိရှိတယ်လို့ ယနေ့ကျင်းပတဲ့ ပြည်သူလွှတ်တော်အစည်းအဝေးမှာ စီမံဘဏ္ဍာဒု-ဝန်ကြီးဦးမောင်မောင်ဝင်း၏ ပြောကြားချက်အရ သိရပါတယ်။

“အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေနှင့်၁၉၉၀ပြည့်နှစ်မှစတင် ၍ ပြည်ပသို့အလုပ်အကိုင် သွားရောက် လုပ်ကိုင်လိုသူများကိုတရားဝင်စေလွှတ်ခွင့်ပြုခဲ့ပါတယ်။၁၉၉၉ခုနှစ် တွင် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေကိုပြဌာန်းခဲ့ပါတယ်။ အဆိုပါ ဥပဒေအရ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများကိုခွင့်ပြု၍ ပြည်ပသို့အလုပ်သမားများတရားဝင်စေလွှတ်ခွင့်ပြုခဲ့ပါ တယ်။ယခုအခါမှာပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီစုစုပေါင်း(၂၅၈)ခုရှိပါတယ်။၁၉၉၀ပြည့်နှစ်မှစ၍ပြည်ပသို့အလုပ်သမားစေလွှတ်ခဲ့တဲ့နိုင်ငံပေါင်း(၁၉)နိုင်ငံရှိခဲ့သော်လည်းယခုအခါမှာ၊မလေးရှား၊ကိုရီးယား၊စင်္ကာပူ၊ထိုင်း၊ဂျပန်၊ယူအေအီး၊ ကာတာ၊မကာအို၊ဂျော်ဒန်၊ စုစုပေါင်း(၉)နိုင်ငံသာအလုပ်သမားများသွားရောက်လုပ်ကိုင်လျက် ရှိပါတယ်။

စေလွှတ်ခဲ့တဲ့အလုပ်သမားဦးရေအနေနဲ့၁၉၉၉ခုနှစ်မှ၂၀၁၆ခုနှစ်အထိ(၅၁၉၄၆၁)ဦး၊၂၀၁၇ခုနှစ်တွင်(၁၆၁,၈၉၇)ဦး၊၂၀၁၈ခုနှစ်ဇန်ဝါရီလမှသြဂုတ်လအထိ(၁၅,၆၁၈)ဦး၊စုစုပေါင်း(၈၃၁,၉၇၆)ဦးရှိပါတယ်၊၁၉၉၀ပြည့်ကနေ၂၀၁၈ခုနှစ်အထိစာရင်းများအရမလေးရှားနိုင်ငံမှာ(၂၁၁,၃၂၅)ဦး၊ထိုင်းနိုင်ငံမှာ(၅၅,၃၂၈၁)ဦး၊ကိုရီးယားသမ္မတနိုင်ငံ(၃၉,၅၅၅)ဦးတို့ဖြင့်အများဆုံးအဖြစ်တွေ့ရှိရပါတယ်”ဟု စီမံဘဏ္ဍာဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်းက  ပြောကြားခဲ့ပါတယ်။

ယင်းအပြင်ပြည်ပနိုင်ငံအလုပ်သမားများမှမိသားစုများထံတရားဝင်ငွေပို့လွှဲဖြင့်ပေးပို့မှုများနှင့်ပတ် သက် ၍ “မြန်မာနိုင်ငံတော် ဗဟိုဘဏ် သို့၂၀၁၆ခုနှစ်၊ဧပြီလမှ၂၀၁၈ခုနှစ်ဇွန်လအထိနိုင်ငံပိုင်ဘဏ်နှင့်ပုဂ္ဂလိက ဘဏ် များထံမှပေးပို့တင်ပြတဲ့စာရင်းအရ ငွေလွှဲပို့သည့် အလုပ်သမား ဦးရေစုစုပေါင်း(၁,၄၅၄,၈၆၇) ဦးဖြစ်ပြီး၊ လွဲှပို့သည့်ငွေပမာဏမှာအမေရိကန်ဒေါ်လာ(၁,၄၂၈,၄၆၈)သန်းဖြစ်ကြောင်းတွေ့ရှိရပါတယ်။ပြည်ပရောက် အလုပ် သမား များမှမြန်မာနိုင်ငံသို့ပြန်လည်လွဲှပို့ငွေသည်၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင်GDP၏ ဝ.၈၁%ရှိပြီး၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် GDP၏(၁.၀၆%)ရှိသည်ကိုတွေ့ရှိရပါတယ်။၊ပြည်ပရောက်မြန်မာလုပ်သားဦးရေနှင့်၎င်းတို့ရရှိ သော ဝင်ငွေ အခြေအနေအရချိန်ဆကြည့်ပါ က၎င်းတို့လွှဲပို့နေသောမိသားစုလွှဲပို့ငွေသည်နည်းပါးနေသေး ကြောင်း၊ မြန်မာနိုင်ငံသည်စီးပွားရေးပိတ်ဆို့အရေးယူ ခံခဲ့ရသဖြင့်ပြည်ပနိုင်ငံ များမှမြန်မာနိုင်ငံ သို့တရားဝင် ဘဏ်စနစ်ဖြင့်လွဲှပြောင်းပေးပို့ရန်အခက်အခဲများရှိနေသည်ကိုအကြောင်းပြု၍ဟွန်ဒီငွေလွှဲစနစ်လုပ်ဆောင်သူ များမှအခွင့်ကောင်းယူပြီး မိသားစုလွဲှပို့ငွေကိစ္စများဆောင်ရွက်ခဲ့ကြသည်ကိုတွေရှိရပါတယ်။ ပြည်ပရောက်လုပ် သား များမှဟွန်ဒီစနစ်ဖြင့်ငွေ လွှဲပို့ခြင်း သည်နိုင်ငံတော်အတွက်အခွန်များမရရှိသည့်အပြင်စာရင်း ဇယားလည်း မရရှိခြင်း၊အချို့ဟွန်ဒီငွေလွဲှလုပ်ကိုင်များကငွေများ လိမ်လည်ခြင်းစသည့်ပြဿနာရှိပါတယ်။

သို့ဖြစ်ရာမြန်မာနိုင်ငံအားစီးပွားရေးပိတ်ဆို့အရေးယူမှုများကင်းလွတ်ခွင့်ရသည့်အချိန်မှစ၍တရားဝင်လမ်းကြောင်းမှငွေလွှဲပြောင်းပေးပို့နိုင်ရေးကိုအလေးထားဆောင်ရွက်ခဲ့လျက်ရှိပါတယ်။အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီး ဌာနအနေဖြင့်မိသားစု လွဲှပို့ငွေ များကိုတရားဝင်လမ်းကြောင်းမှလွယ်ကူလျင်မြန်ချောမွေ့စွာလွဲပို့နိုင်ရေး အသိပညာပေးခြင်း၊စေလွှတ်သည့်အေဂျင်စီ များကိုကြပ်မတ်ဆောင် ရွက်မှုကြောင့် ပုဂ္ဂလိကဘဏ်များ မှပေးပို့သောစာရင်းများအရ၂၀၁၈ခုနှစ်၊ဇန်နဝါရီလမှဇွန်လအထိကျပ်သန်းပေါင်း ထောင်ဂဏန်းသာရှိသော်လည်း၊၂၀၁၈ခုနှစ်ဇူလိုင်လတွင်ကျပ်သန်းပေါင်းသုံးသောင်းလေးထောင်ကျော်နှင့်သြဂုတ်လတွင် ကျပ်သန်းပေါင်း(သုံးသောင်းကိုးထောင်ကျော်)ဖြစ်သည့်အတွက်မိသားစုလွှဲပို့ငွေများတရားဝင်လမ်းကြောင်းမှလွဲှပြောင်းပေး ပို့ခြင်းသည်များစွာတိုးတက်လာမှုရှိသည်ကိုတွေ့ရှိ ရပြီးနိုင်ငံတော် ၏GDPတွင်ပြည်ပရွှေ့ပြောင်းလုပ်သားများ၏ မိသားစုလွဲှပို့ငွေများသည်များစွာအထောက်အကူပြုနေသည်ကိုတွေ့ရှိရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ယနေ့ကျင်းပပြုလုပ်သည့်ပြည်သူ့လွှတ်တော်ဒဿမပုံမှန်အစည်းအဝေး(၁၅)ရက်မြောက်နေ့အစီအ စဉ်တွင် တွံတေးမဲဆန္ဒနယ် ကိုယ်စားလှယ်ဦးမြင့်လွင်မှနိုင်ငံခြားတွင်သွားရောက် အလုပ်လုပ်ကိုင် နေကြ သောမြန်မာနိုင်ငံသားများထံမှပြန်လည်ပေးပို့သောငွေများနှင့် စပ်လျဉ်းသည့် အချက်အလက် များကိုသိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးမြန်းမှုအပေါ်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

PTG
နေပြည်တော်၊ဒီဇင်ဘာ-၁၇

(  Zawgyi   )

  ၁၉၉၉ခုႏွစ္မွ၂၀၁၈ခုႏွစ္အတြင္း ျမန္မာႏိုင္ငံမွျပည္ပႏိုင္ငံမ်ားသို႔ တရားဝင္ေစလႊတ္ခဲ့သည့္ အလုပ္ သမားဦးေရ ၈ သိန္းေက်ာ္ရွိၿပီး အဆိုပါျပည္ပေရာက္ျမန္မာအလုပ္သမားမ်ားမွ ျပန္လည္လႊဲပို႔သည့္ေငြမွာ GDP၏ တစ္ရာခိုင္ႏူန္းအထိရွိတယ္လို႔ ယေန႔က်င္းပတဲ့ ျပည္သူလႊတ္ေတာ္အစည္းအေဝးမွာ စီမံဘ႑ာဒု-ဝန္ႀကီးဦးေမာင္ေမာင္ဝင္း၏ ေျပာၾကားခ်က္အရ သိရပါတယ္။

“အလုပ္သမား၊လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာနအေနႏွင့္၁၉၉၀ျပည့္ႏွစ္မွစတင္ ၍ ျပည္ပသို႔အလုပ္အကိုင္ သြားေရာက္ လုပ္ကိုင္လိုသူမ်ားကိုတရားဝင္ေစလႊတ္ခြင့္ျပဳခဲ့ပါတယ္။၁၉၉၉ခုႏွစ္ တြင္ ျပည္ပအလုပ္အကိုင္ဆိုင္ရာဥပေဒကိုျပဌာန္းခဲ့ပါတယ္။ အဆိုပါ ဥပေဒအရ ျပည္ပအလုပ္အကိုင္အက်ိဳးေဆာင္ လိုင္စင္ရေအဂ်င္စီမ်ားကိုခြင့္ျပဳ၍ ျပည္ပသို႔အလုပ္သမားမ်ားတရားဝင္ေစလႊတ္ခြင့္ျပဳခဲ့ပါ တယ္။ယခုအခါမွာျပည္ပအလုပ္အကိုင္အက်ိဳးေဆာင္လိုင္စင္ရေအဂ်င္စီစုစုေပါင္း(၂၅၈)ခုရွိပါတယ္။၁၉၉၀ျပည့္ႏွစ္မွစ၍ျပည္ပသို႔အလုပ္သမားေစလႊတ္ခဲ့တဲ့ႏိုင္ငံေပါင္း(၁၉)ႏိုင္ငံရွိခဲ့ေသာ္လည္းယခုအခါမွာ၊မေလးရွား၊ကိုရီးယား၊စကၤာပူ၊ထိုင္း၊ဂ်ပန္၊ယူေအအီး၊ ကာတာ၊မကာအို၊ေဂ်ာ္ဒန္၊ စုစုေပါင္း(၉)ႏိုင္ငံသာအလုပ္သမားမ်ားသြားေရာက္လုပ္ကိုင္လ်က္ ရွိပါတယ္။

ေစလႊတ္ခဲ့တဲ့အလုပ္သမားဦးေရအေနနဲ႔၁၉၉၉ခုႏွစ္မွ၂၀၁၆ခုႏွစ္အထိ(၅၁၉၄၆၁)ဦး၊၂၀၁၇ခုႏွစ္တြင္(၁၆၁,၈၉၇)ဦး၊၂၀၁၈ခုႏွစ္ဇန္ဝါရီလမွၾသဂုတ္လအထိ(၁၅,၆၁၈)ဦး၊စုစုေပါင္း(၈၃၁,၉၇၆)ဦးရွိပါတယ္၊၁၉၉၀ျပည့္ကေန၂၀၁၈ခုႏွစ္အထိစာရင္းမ်ားအရမေလးရွားႏိုင္ငံမွာ(၂၁၁,၃၂၅)ဦး၊ထိုင္းႏိုင္ငံမွာ(၅၅,၃၂၈၁)ဦး၊ကိုရီးယားသမၼတႏိုင္ငံ(၃၉,၅၅၅)ဦးတို႔ျဖင့္အမ်ားဆုံးအျဖစ္ေတြ႕ရွိရပါတယ္”ဟု စီမံဘ႑ာဒုတိယဝန္ႀကီး ဦးေမာင္ ေမာင္ဝင္းက  ေျပာၾကားခဲ့ပါတယ္။

ယင္းအျပင္ျပည္ပႏိုင္ငံအလုပ္သမားမ်ားမွမိသားစုမ်ားထံတရားဝင္ေငြပို႔လႊဲျဖင့္ေပးပို႔မႈမ်ားႏွင့္ပတ္ သက္ ၍ “ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ သို႔၂၀၁၆ခုႏွစ္၊ဧၿပီလမွ၂၀၁၈ခုႏွစ္ဇြန္လအထိႏိုင္ငံပိုင္ဘဏ္ႏွင့္ပုဂၢလိက ဘဏ္ မ်ားထံမွေပးပို႔တင္ျပတဲ့စာရင္းအရ ေငြလႊဲပို႔သည့္ အလုပ္သမား ဦးေရစုစုေပါင္း(၁,၄၅၄,၈၆၇) ဦးျဖစ္ၿပီး၊ လြဲွပို႔သည့္ေငြပမာဏမွာအေမရိကန္ေဒၚလာ(၁,၄၂၈,၄၆၈)သန္းျဖစ္ေၾကာင္းေတြ႕ရွိရပါတယ္။ျပည္ပေရာက္ အလုပ္ သမား မ်ားမွျမန္မာႏိုင္ငံသို႔ျပန္လည္လြဲွပို႔ေငြသည္၂၀၁၆-၂၀၁၇ ဘ႑ာေရးႏွစ္တြင္GDP၏ ဝ.၈၁%ရွိၿပီး၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္တြင္ GDP၏(၁.၀၆%)ရွိသည္ကိုေတြ႕ရွိရပါတယ္။၊ျပည္ပေရာက္ျမန္မာလုပ္သားဦးေရႏွင့္၎တို႔ရရွိ ေသာ ဝင္ေငြ အေျခအေနအရခ်ိန္ဆၾကည့္ပါ က၎တို႔လႊဲပို႔ေနေသာမိသားစုလႊဲပို႔ေငြသည္နည္းပါးေနေသး ေၾကာင္း၊ ျမန္မာႏိုင္ငံသည္စီးပြားေရးပိတ္ဆို႔အေရးယူ ခံခဲ့ရသျဖင့္ျပည္ပႏိုင္ငံ မ်ားမွျမန္မာႏိုင္ငံ သို႔တရားဝင္ ဘဏ္စနစ္ျဖင့္လြဲွေျပာင္းေပးပို႔ရန္အခက္အခဲမ်ားရွိေနသည္ကိုအေၾကာင္းျပဳ၍ဟြန္ဒီေငြလႊဲစနစ္လုပ္ေဆာင္သူ မ်ားမွအခြင့္ေကာင္းယူၿပီး မိသားစုလြဲွပို႔ေငြကိစၥမ်ားေဆာင္႐ြက္ခဲ့ၾကသည္ကိုေတြရွိရပါတယ္။ ျပည္ပေရာက္လုပ္ သား မ်ားမွဟြန္ဒီစနစ္ျဖင့္ေငြ လႊဲပို႔ျခင္း သည္ႏိုင္ငံေတာ္အတြက္အခြန္မ်ားမရရွိသည့္အျပင္စာရင္း ဇယားလည္း မရရွိျခင္း၊အခ်ိဳ႕ဟြန္ဒီေငြလြဲွလုပ္ကိုင္မ်ားကေငြမ်ား လိမ္လည္ျခင္းစသည့္ျပႆနာရွိပါတယ္။

သို႔ျဖစ္ရာျမန္မာႏိုင္ငံအားစီးပြားေရးပိတ္ဆို႔အေရးယူမႈမ်ားကင္းလြတ္ခြင့္ရသည့္အခ်ိန္မွစ၍တရားဝင္လမ္းေၾကာင္းမွေငြလႊဲေျပာင္းေပးပို႔ႏိုင္ေရးကိုအေလးထားေဆာင္႐ြက္ခဲ့လ်က္ရွိပါတယ္။အလုပ္သမား၊လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အား ဝန္ႀကီး ဌာနအေနျဖင့္မိသားစု လြဲွပို႔ေငြ မ်ားကိုတရားဝင္လမ္းေၾကာင္းမွလြယ္ကူလ်င္ျမန္ေခ်ာေမြ႕စြာလြဲပို႔ႏိုင္ေရး အသိပညာေပးျခင္း၊ေစလႊတ္သည့္ေအဂ်င္စီ မ်ားကိုၾကပ္မတ္ေဆာင္ ႐ြက္မႈေၾကာင့္ ပုဂၢလိကဘဏ္မ်ား မွေပးပို႔ေသာစာရင္းမ်ားအရ၂၀၁၈ခုႏွစ္၊ဇန္နဝါရီလမွဇြန္လအထိက်ပ္သန္းေပါင္း ေထာင္ဂဏန္းသာရွိေသာ္လည္း၊၂၀၁၈ခုႏွစ္ဇူလိုင္လတြင္က်ပ္သန္းေပါင္းသုံးေသာင္းေလးေထာင္ေက်ာ္ႏွင့္ၾသဂုတ္လတြင္ က်ပ္သန္းေပါင္း(သုံးေသာင္းကိုးေထာင္ေက်ာ္)ျဖစ္သည့္အတြက္မိသားစုလႊဲပို႔ေငြမ်ားတရားဝင္လမ္းေၾကာင္းမွလြဲွေျပာင္းေပး ပို႔ျခင္းသည္မ်ားစြာတိုးတက္လာမႈရွိသည္ကိုေတြ႕ရွိ ရၿပီးႏိုင္ငံေတာ္ ၏GDPတြင္ျပည္ပေ႐ႊ႕ေျပာင္းလုပ္သားမ်ား၏ မိသားစုလြဲွပို႔ေငြမ်ားသည္မ်ားစြာအေထာက္အကူျပဳေနသည္ကိုေတြ႕ရွိရပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

ယေန႔က်င္းပျပဳလုပ္သည့္ျပည္သူ႔လႊတ္ေတာ္ဒႆမပုံမွန္အစည္းအေဝး(၁၅)ရက္ေျမာက္ေန႔အစီအ စဥ္တြင္ တြံေတးမဲဆႏၵနယ္ ကိုယ္စားလွယ္ဦးျမင့္လြင္မွႏိုင္ငံျခားတြင္သြားေရာက္ အလုပ္လုပ္ကိုင္ ေနၾက ေသာျမန္မာႏိုင္ငံသားမ်ားထံမွျပန္လည္ေပးပို႔ေသာေငြမ်ားႏွင့္ စပ္လ်ဥ္းသည့္ အခ်က္အလက္ မ်ားကိုသိလိုျခင္း ႏွင့္စပ္လ်ဥ္းသည့္ေမးျမန္းမႈအေပၚေျဖၾကားခဲ့ျခင္းျဖစ္ပါတယ္။

PTG
ေနျပည္ေတာ္၊ဒီဇင္ဘာ-၁၇