၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံး ဘေးဒုက္ခသင့်သူ ၆ သိန်းကျော်ရှိကာ ကျပ်သန်း ၇၀၀၀ ကျော်ဖိုး ထောက်ပံ့ခဲ့ရ

၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံး ဘေးဒုက္ခသင့်သူ ၆ သိန်းကျော်ရှိကာ ကျပ်သန်း ၇၀၀၀ ကျော်ဖိုး ထောက်ပံ့ခဲ့ရ

၂၀၁၈-၁၉ ဘဏ္ဍာနှစ်ထဲ မြန်မာတစ်နိုင်ငံလုံးမှာ ဘေးဒုက္ခသင့်သူပေါင်း ၆ သိန်းကျော်ရှိခဲ့ပြီး ကျပ် ၇၀၀၂ သန်းကျော်ဖိုး ထောက်ပံ့မှုတွေ လုပ်ဆောင်ခဲ့ရတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သိရပါတယ်။

အဆိုပါ ထောက်ပံ့မှုစာရင်းတွင် ဆန်အပါအဝင် စားနပ်ရိက္ခာ၊ ကယ်ဆယ်ရေးပစ္စည်းများ၊ ထိခိုက်သေဆုံးသူများအတွက် ထောက်ပံ့ငွေများလည်း ပါဝင်ပြီး ဘေးဒုက္ခဖြစ်စဉ်တွေကြောင့် တစ်နိုင်ငံလုံးမှာ အိမ်ခြေ ၉၀၀၀၀ ကျော် ပျက်စီးခဲ့ကာ လူဦးရေ ၆၀၃၀၀၀ ကျော် ဘေးသင့်ခဲ့သလို သေဆုံးသူ ၅၅၀ ကျော်၊ ဒဏ်ရာရသူ ၆၇၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။

“ဘေးဒုက္ခဖြစ်စဉ်တွေကြုံတဲ့အခါ ထိခိုက်သူဘယ်လောက်ရှိသလဲဆိုတာကို စာရင်းကောက်ယူပြီး ကူညီထောက်ပံ့တာတွေကို အလျင်အမြန်လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်” လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောပါတယ်။

အဆိုပါ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ထဲ ဖြစ်ပွားတဲ့ ဘေးဒုက္ခတွေမှာ မီးဘေးအကြိမ်ပေါင်း ၇၄၀ ကျော်၊ ရေဘေး အကြိမ်ပေါင်း ၂၅၀ ကျော်၊ လေဘေး အကြိမ်ပေါင်း ၁၆၀၀ ကျော်နဲ့ တခြားသောဘေးဒုက္ခများဖြစ်တဲ့ ကမ်းပြိုမှု၊ မြေပြိုမှု၊ မိုးကြိုးပစ်ချတာတွေ၊ တိုက်ပွဲရှောင်လာသူတွေ၊ ငလျင်ဘေး စတဲ့ ဘေးသင့်မှု ၁၄၀၀ ကျော်တို့ အပါအဝင် စုစုပေါင်းအကြိမ်ရေ ၄၁၀၀ ကျော် ရှိခဲ့ကြောင်း၊ ထိုဖြစ်စဉ်တွေအနက် ဧရာဝတီတိုင်းဒေသကြီးက အကြိမ်ရေ ၆၀၀ ဖြင့် အများဆုံးဖြစ်ခဲ့ပြီး ရခိုင်ပြည်နယ်က အကြိမ်ရေ ၅၂၀ ကျော်ဖြင့် ဒုတိယအများဆုံး ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ တစ်နိုင်ငံလုံးတွင် ဘေးဒုက္ခပေါင်း အကြိမ်ရေ ၂၅၀၀ ကျော် ဖြစ်ခဲ့ကာ ကျပ်သန်းပေါင်း ၅၅၀၀ ကျော် ထောက်ပံ့ခဲ့ရပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ဖြစ်ပွားမှုပိုလာတယ်လို့လည်း အဆိုပါဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဇန်နဝါရီ - ၂၁

( Zawgyi )

၂၀၁၈-၁၉ ဘ႑ာႏွစ္ထဲ ျမန္မာတစ္ႏိုင္ငံလုံးမွာ ေဘးဒုကၡသင့္သူေပါင္း ၆ သိန္းေက်ာ္ရွိခဲ့ၿပီး က်ပ္ ၇၀၀၂ သန္းေက်ာ္ဖိုး ေထာက္ပံ့မႈေတြ လုပ္ေဆာင္ခဲ့ရတယ္လို႔ လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနမွ သိရပါတယ္။

အဆိုပါ ေထာက္ပံ့မႈစာရင္းတြင္ ဆန္အပါအဝင္ စားနပ္ရိကၡာ၊ ကယ္ဆယ္ေရးပစၥည္းမ်ား၊ ထိခိုက္ေသဆုံးသူမ်ားအတြက္ ေထာက္ပံ့ေငြမ်ားလည္း ပါဝင္ၿပီး ေဘးဒုကၡျဖစ္စဥ္ေတြေၾကာင့္ တစ္ႏိုင္ငံလုံးမွာ အိမ္ေျခ ၉၀၀၀၀ ေက်ာ္ ပ်က္စီးခဲ့ကာ လူဦးေရ ၆၀၃၀၀၀ ေက်ာ္ ေဘးသင့္ခဲ့သလို ေသဆုံးသူ ၅၅၀ ေက်ာ္၊ ဒဏ္ရာရသူ ၆၇၀ ေက်ာ္ ရွိခဲ့တယ္လို႔ သိရပါတယ္။

“ေဘးဒုကၡျဖစ္စဥ္ေတြႀကဳံတဲ့အခါ ထိခိုက္သူဘယ္ေလာက္ရွိသလဲဆိုတာကို စာရင္းေကာက္ယူၿပီး ကူညီေထာက္ပံ့တာေတြကို အလ်င္အျမန္လုပ္ေဆာင္ခဲ့ၾကတာ ျဖစ္ပါတယ္” လို႔ လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန၊ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဦးစီးဌာန၊ ၫႊန္ၾကားေရးမႉး ေဒၚျဖဴလဲ့လဲ့ထြန္း က ေျပာပါတယ္။

အဆိုပါ ၂၀၁၈-၁၉ ဘ႑ာႏွစ္ထဲ ျဖစ္ပြားတဲ့ ေဘးဒုကၡေတြမွာ မီးေဘးအႀကိမ္ေပါင္း ၇၄၀ ေက်ာ္၊ ေရေဘး အႀကိမ္ေပါင္း ၂၅၀ ေက်ာ္၊ ေလေဘး အႀကိမ္ေပါင္း ၁၆၀၀ ေက်ာ္နဲ႔ တျခားေသာေဘးဒုကၡမ်ားျဖစ္တဲ့ ကမ္းၿပိဳမႈ၊ ေျမၿပိဳမႈ၊ မိုးႀကိဳးပစ္ခ်တာေတြ၊ တိုက္ပြဲေရွာင္လာသူေတြ၊ ငလ်င္ေဘး စတဲ့ ေဘးသင့္မႈ ၁၄၀၀ ေက်ာ္တို႔ အပါအဝင္ စုစုေပါင္းအႀကိမ္ေရ ၄၁၀၀ ေက်ာ္ ရွိခဲ့ေၾကာင္း၊ ထိုျဖစ္စဥ္ေတြအနက္ ဧရာဝတီတိုင္းေဒသႀကီးက အႀကိမ္ေရ ၆၀၀ ျဖင့္ အမ်ားဆုံးျဖစ္ခဲ့ၿပီး ရခိုင္ျပည္နယ္က အႀကိမ္ေရ ၅၂၀ ေက်ာ္ျဖင့္ ဒုတိယအမ်ားဆုံး ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

လြန္ခဲ့တဲ့ ၂၀၁၇-၁၈ ဘ႑ာေရးႏွစ္မွာ တစ္ႏိုင္ငံလုံးတြင္ ေဘးဒုကၡေပါင္း အႀကိမ္ေရ ၂၅၀၀ ေက်ာ္ ျဖစ္ခဲ့ကာ က်ပ္သန္းေပါင္း ၅၅၀၀ ေက်ာ္ ေထာက္ပံ့ခဲ့ရၿပီး ၂၀၁၈-၁၉ ဘ႑ာႏွစ္တြင္ ျဖစ္ပြားမႈပိုလာတယ္လို႔လည္း အဆိုပါဝန္ႀကီးဌာနရဲ႕ စာရင္းေတြအရ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဇန္နဝါရီ - ၂၁