၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ဆယ်တစ်လအတွင်း အာဆီယံ ၉ နိုင်ငံများနှင့် ကုန်သွယ်မှု အမေရိကန်ဒေါ်လာဆယ် တစ်ဘီလျံကျော်ရှိလာ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ဆယ်တစ်လအတွင်း အာဆီယံ ၉ နိုင်ငံများနှင့် ကုန်သွယ်မှု အမေရိကန်ဒေါ်လာဆယ် တစ်ဘီလျံကျော်ရှိလာ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ကုန်သွယ်ရေးဦးစီးဌာနကစက်တင်ဘာလအတွင်းထုတ်ပြန်ခဲ့သည့် ဘဏ္ဍာနှစ်အလိုက် ပုံမှန်/နယ်စပ် (နိုင်ငံအလိုက်) ပို့ကုန်-သွင်းကုန်၊ ကုန်သွယ်မှုပမာဏ အခြေအနေ စာရင်းအရ မြန်မာနိုင်ငံနှင့်အာဆီယံ ၉ နိုင်ငံဆယ်လတာ ကာလအတွင်းကုန်သွယ်မှုမှာ ကန်ဒေါ်လာ ဆယ်တစ် ဘီလျံ ကျော်ထိရှိလာကြောင်းသိရပါတယ်။

အဆိုပါစာရင်းအချက်အလက်များအရယခုဘဏ္ဍာရေးနှစ်ကိုးလတာကာလအတွင်းထိုင်း၊အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဘရူးနိုင်း၊ စင်ကာပူ၊ မလေးရှား၊ဖိလစ်ပိုင်၊ဗီယက်နမ်၊လာအိုစသည့် အာဆီယံ ၉ နိုင်ငံနှင့် ကုန်သွယ်ခဲ့ရာမှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၃၉၆၁  ဒသမ ၁၅၁ သန်း တင်ပို့ခဲ့ကာသွင်းကုန် အမေရိကန် ဒေါ်လာ၇၀၉၉  ဒသမ၂၄ သန်းတင်သွင်းခဲ့ သဖြင့်ဆယ်လတာ အတွင်းကန်ဒေါ်လာ၁၁၀၆၀ ဒသမ၃၉၁  သန်းကုန်သွယ် ခဲ့ကြောင်းသိရပါတယ်။ ဆယ်တစ်လတာအတွင်းကုန်သွယ်မှုတွင် မြန်မာဘက်မှ ကုန်သွယ်ရေးလိုငွေ ကန်ဒေါ်လာ သုံး ဘီလျံကျော် (၃၁၃၈ ဒသမ၀၈၉ သန်း)ဖြစ်ပေါ်ခဲ့ကြောင်းသိရပါတယ်။

လအတွင်းကုန်သွယ်မှုကို ကြည့်ပါက ဩဂုတ်လအတွင်းပို့ကုန် အမေရိကန်ဒေါ်လာ၃၅၁  ဒသမ၈၇၄ သန်းနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၅၅၈ ဒသမ၉၅၂သန်းစုစုပေါင်းအမေရိကန်ဒေါ်လာ၉၁၉ ဒသမ ၈၂၄ သန်းဖိုးကုန်သွယ်ခဲ့ ပြီးကုန်သွယ်ရေးလိုငွေ ကန်ဒေါ်လာ၂၀၇ ဒသမ ၀၇၈သန်းဖြစ်ပေါ်ခဲ့ပါတယ်။

ပြီးခဲ့သည့် ကာလတိုဘဏ္ဍာနှစ် ၆ လတာကာလအတွင်း မြန်မာနိုင်ငံနှင့် အာဆီယံ ၉ နိုင်ငံကြားကုန် သွယ်မှုပမာဏမှာပို့ကုန် အမေရိကန်ဒေါ်လာ ၂၀၈၆ ဒသမ ၀၂၂ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၄၄၅၅ ဒသမ ၇၈၁ သန်းရှိကာစုစုပေါင်းအမေရိကန်ဒေါ်လာ ၆၅၄၁ ဒသမ ၈၀၃ သန်းအထိကုန်သွယ်ခဲ့ပြီးကုန်သွယ် မှုလိုငွေ ကန်ဒေါ်လာ ၂၃၆၉ ဒသမ ၇၅၉ သန်းဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ဘဏ္ဍာရေးနှစ်သစ်အတွင်းအာဆီယံ ၉ နိုင်ငံနှင့် ကုန်သွယ်မှု ပမာဏတွင် အများဆုံးကုန်သွယ်မှုမှာ ထိုင်းနိုင်ငံဖြစ်ပြီးကုန်သွယ်မှုပမာဏမှာ ၄၉၉၅  ဒသမ၀၃၆  သန်းရှိကာအနည်းဆုံးဖြစ်သည့်ဘရှုနိုင်းနိုင်ငံနှင့် ကုန်သွယ်မှုပမာဏမှာ ဝ ဒသမ၂၈၈သန်း ဖြစ်ကြောင်း ကုန်သွယ်ရေး ဦးစီးဌာန၏ ထုတ်ပြန်မှုစာရင်း အရသိရပါတယ်။

PWA
ရန်ကုန်၊အောက်တိုဘာ ၃၁

(  Zawgyi  )

 စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ကုန္သြယ္ေရးဦးစီးဌာနကစက္တင္ဘာလအတြင္းထုတ္ျပန္ခဲ့သည့္ ဘ႑ာႏွစ္အလိုက္ ပုံမွန္/နယ္စပ္ (ႏိုင္ငံအလိုက္) ပို႔ကုန္-သြင္းကုန္၊ ကုန္သြယ္မႈပမာဏ အေျခအေန စာရင္းအရ ျမန္မာႏိုင္ငံႏွင့္အာဆီယံ ၉ ႏိုင္ငံဆယ္လတာ ကာလအတြင္းကုန္သြယ္မႈမွာ ကန္ေဒၚလာ ဆယ္တစ္ ဘီလ်ံ ေက်ာ္ထိရွိလာေၾကာင္းသိရပါတယ္။

အဆိုပါစာရင္းအခ်က္အလက္မ်ားအရယခုဘ႑ာေရးႏွစ္ကိုးလတာကာလအတြင္းထိုင္း၊အင္ဒိုနီးရွား၊ ကေမာၻဒီးယား၊ ဘ႐ူးႏိုင္း၊ စင္ကာပူ၊ မေလးရွား၊ဖိလစ္ပိုင္၊ဗီယက္နမ္၊လာအိုစသည့္ အာဆီယံ ၉ ႏိုင္ငံႏွင့္ ကုန္သြယ္ခဲ့ရာမွာ ပို႔ကုန္ အေမရိကန္ေဒၚလာ ၃၉၆၁  ဒသမ ၁၅၁ သန္း တင္ပို႔ခဲ့ကာသြင္းကုန္ အေမရိကန္ ေဒၚလာ၇၀၉၉  ဒသမ၂၄ သန္းတင္သြင္းခဲ့ သျဖင့္ဆယ္လတာ အတြင္းကန္ေဒၚလာ၁၁၀၆၀ ဒသမ၃၉၁  သန္းကုန္သြယ္ ခဲ့ေၾကာင္းသိရပါတယ္။ ဆယ္တစ္လတာအတြင္းကုန္သြယ္မႈတြင္ ျမန္မာဘက္မွ ကုန္သြယ္ေရးလိုေငြ ကန္ေဒၚလာ သုံး ဘီလ်ံေက်ာ္ (၃၁၃၈ ဒသမ၀၈၉ သန္း)ျဖစ္ေပၚခဲ့ေၾကာင္းသိရပါတယ္။

လအတြင္းကုန္သြယ္မႈကို ၾကည့္ပါက ဩဂုတ္လအတြင္းပို႔ကုန္ အေမရိကန္ေဒၚလာ၃၅၁  ဒသမ၈၇၄ သန္းႏွင့္ သြင္းကုန္ အေမရိကန္ေဒၚလာ ၅၅၈ ဒသမ၉၅၂သန္းစုစုေပါင္းအေမရိကန္ေဒၚလာ၉၁၉ ဒသမ ၈၂၄ သန္းဖိုးကုန္သြယ္ခဲ့ ၿပီးကုန္သြယ္ေရးလိုေငြ ကန္ေဒၚလာ၂၀၇ ဒသမ ၀၇၈သန္းျဖစ္ေပၚခဲ့ပါတယ္။

ၿပီးခဲ့သည့္ ကာလတိုဘ႑ာႏွစ္ ၆ လတာကာလအတြင္း ျမန္မာႏိုင္ငံႏွင့္ အာဆီယံ ၉ ႏိုင္ငံၾကားကုန္ သြယ္မႈပမာဏမွာပို႔ကုန္ အေမရိကန္ေဒၚလာ ၂၀၈၆ ဒသမ ၀၂၂ သန္း၊ သြင္းကုန္ အေမရိကန္ေဒၚလာ ၄၄၅၅ ဒသမ ၇၈၁ သန္းရွိကာစုစုေပါင္းအေမရိကန္ေဒၚလာ ၆၅၄၁ ဒသမ ၈၀၃ သန္းအထိကုန္သြယ္ခဲ့ၿပီးကုန္သြယ္ မႈလိုေငြ ကန္ေဒၚလာ ၂၃၆၉ ဒသမ ၇၅၉ သန္းျဖစ္ေပၚခဲ့တယ္လို႔ သိရပါတယ္။

ဘ႑ာေရးႏွစ္သစ္အတြင္းအာဆီယံ ၉ ႏိုင္ငံႏွင့္ ကုန္သြယ္မႈ ပမာဏတြင္ အမ်ားဆုံးကုန္သြယ္မႈမွာ ထိုင္းႏိုင္ငံျဖစ္ၿပီးကုန္သြယ္မႈပမာဏမွာ ၄၉၉၅  ဒသမ၀၃၆  သန္းရွိကာအနည္းဆုံးျဖစ္သည့္ဘရႈႏိုင္းႏိုင္ငံႏွင့္ ကုန္သြယ္မႈပမာဏမွာ ဝ ဒသမ၂၈၈သန္း ျဖစ္ေၾကာင္း ကုန္သြယ္ေရး ဦးစီးဌာန၏ ထုတ္ျပန္မႈစာရင္း အရသိရပါတယ္။

PWA
ရန္ကုန္၊ေအာက္တိုဘာ ၃၁