၂၀၁၉ ခုနှစ် ၇ လတာ ကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၄၈ ဦးအထိရှိ

၂၀၁၉ ခုနှစ် ၇ လတာ ကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၄၈ ဦးအထိရှိ

၂၀၁၉ ခုနှစ် ၇ လတာ ကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၄၈ ဦးအထိ ရှိလာတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၂၇ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၄၈ ဦးရှိခဲ့ပြီး သေဆုံးမှုအများဆုံးအဖြစ် ရန်ကုန်တိုင်းဒေသကြီးတွင် ၁၅ ဦးအထိ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ရောဂါဖြစ်ပွားမှု အများဆုံးအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် ဖြစ်ပွားလျှက်ရှိပြီး ရောဂါဖြစ်ပွားသူ ၁၉၇၄ ဦးရှိပြီး သေဆုံးသူ ၅ ဦးရှိတယ်လို့ ဆိုပါတယ်။ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါဖြစ်ပွားသူ ၁၇၈၈ ဦးရှိပြီး သေဆုံးသူ ၁၅ ဦးရှိတယ်လို့ ဆိုပါတယ်။

သွေးလွန်တုပ်ကွေးရောဂါသည် အေဒီးစ်(Aedes) ခြင် အကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်ခြင်းဖြစ်ပြီး မိုးရာသီတွင် အများဆုံးဖြစ်ပွားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတွင် အချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တစ်နှစ်ပတ်လုံး ဖြစ်ပွားလျက်ရှိပြီး အသက် ၁၅ နှစ်အောက်များတွင် အများဆုံးဖြစ်ပွားတယ်လို့ ဆိုပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ သြဂုတ် - ၁၇

( Zawgyi )

၂၀၁၉ ခုႏွစ္ ၇ လတာ ကာလအတြင္း ေသြးလြန္တုပ္ေကြးေရာဂါေၾကာင့္ ေသဆုံးသူ ၄၈ ဦးအထိ ရွိလာတယ္လို႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္ေန႔မွ ဇူလိုင္လ ၂၇ ရက္ေန႔အထိ ေသြးလြန္တုပ္ေကြးေရာဂါေၾကာင့္ ေသဆုံးသူ ၄၈ ဦးရွိခဲ့ၿပီး ေသဆုံးမႈအမ်ားဆုံးအျဖစ္ ရန္ကုန္တိုင္းေဒသႀကီးတြင္ ၁၅ ဦးအထိ ေသဆုံးခဲ့တယ္လို႔ ဆိုပါတယ္။

ေရာဂါျဖစ္ပြားမႈ အမ်ားဆုံးအေနျဖင့္ ဧရာဝတီတိုင္းေဒသႀကီးတြင္ ျဖစ္ပြားလွ်က္ရွိၿပီး ေရာဂါျဖစ္ပြားသူ ၁၉၇၄ ဦးရွိၿပီး ေသဆုံးသူ ၅ ဦးရွိတယ္လို႔ ဆိုပါတယ္။ရန္ကုန္တိုင္းေဒသႀကီးတြင္ ေရာဂါျဖစ္ပြားသူ ၁၇၈၈ ဦးရွိၿပီး ေသဆုံးသူ ၁၅ ဦးရွိတယ္လို႔ ဆိုပါတယ္။

ေသြးလြန္တုပ္ေကြးေရာဂါသည္ ေအဒီးစ္(Aedes) ျခင္ အကိုက္ခံရျခင္းမွတစ္ဆင့္ ကူးစက္ျခင္းျဖစ္ၿပီး မိုးရာသီတြင္ အမ်ားဆုံးျဖစ္ပြားတယ္လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံတြင္ အခ်ိဳ႕ေသာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္ တစ္ႏွစ္ပတ္လုံး ျဖစ္ပြားလ်က္ရွိၿပီး အသက္ ၁၅ ႏွစ္ေအာက္မ်ားတြင္ အမ်ားဆုံးျဖစ္ပြားတယ္လို႔ ဆိုပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ၾသဂုတ္ - ၁၇