(၃) နှစ် ပြည့်အောင်တာဝန် မထမ်းဆောင်သည့် အစိုးရဝန်ထမ်းဆရာဝန်များ ၁၀ သိန်း လျှော် ရသည့် စနစ်အား ဖျက်သိမ်းမည်ဟု ပြည်ထောင်စုဝန်ကြီးပြောကြား

(၃) နှစ် ပြည့်အောင်တာဝန် မထမ်းဆောင်သည့်  အစိုးရဝန်ထမ်းဆရာဝန်များ ၁၀ သိန်း လျှော် ရသည့် စနစ်အား ဖျက်သိမ်းမည်ဟု ပြည်ထောင်စုဝန်ကြီးပြောကြား

(၃) နှစ် ပြည့်အောင်တာဝန် မထမ်းဆောင်သည့်  အစိုးရဝန်ထမ်းဆရာဝန်များ ၁၀ သိန်းလျှော် ရသည့် စနစ် အား ဖျက်သိမ်းမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီ ဒေါက်တာမြင့်ထွေး က ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ပြုလုပ်သည့် အမျိုးသားလွှတ်တော်(၁၄) ကြိမ်မြောက် ပုံမှန်အစည်း အဝေး၊(၁၅)ရက်မြောက်နေ့တွင် ပြောကြားခဲ့ပါတယ်။

“ ဘာဖြစ်နေလည်းဆိုတော့ကျနော်တို့ အစိုးရဝန်ထမ်းတွေ ဝင်လိုက်တယ်၊ (၃)နှစ်တာဝန်ဆောင်ရတယ်၊ မထမ်း ဆောင်ယင်(၁၀)သိန်း
 လျှော်ရမယ်၊ ဒါလုံးဝအဓိပ္ပာယ်မရှိပါဘူး။ ဒီစနစ်ကိုလည်းကျနော်ဖျက်မယ်၊ ဘာကြောင့် လည်း အစိုးရအလုပ်ကို မဝင်ဘဲနဲ့ အပြင်မှာ လုပ်ကိုင်နေတဲ့ ဆရာဝန်တွေက လုံးဝရော်စရာ မလိုပါဘူး၊ အစိုးရ အလုပ် ကိုလည်းလုပ်တယ် ၊ပြည်သူကိုလည်းဝန်ဆောင်မှုပေးတယ်၊ ကျန်းမာရေးဌာန ဝန်ဆောင်မှုပေးတဲ့ ဆရာဝန်တွေက(၂)နှစ်လုပ်ပြီး အလုပ်ထွက်ရင် (၁၀)သိန်းလျော်ရတယ်၊ ဒါလုံးဝမူအားဖြင့် မလုပ်သင့် တဲ့ ကိစ္စဖြစ်တဲ့ အတွက် ဒီစနစ် ကိုနောက်အပတ်လောက်မှာဖျက်ဖို့ရှိပါတယ် “ လို့ပြောကြား ခဲ့ပါတယ်။

ယင်းအပြင် မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်သည့် ဆရာဝန်များအနေဖြင့် အင်္ဂလိပ်စာ ကျွမ်းကျင်မှုထက် ဆေးပညာကျွမ်းကျင်မှု ၊ခွဲစိတ်ကျွမ်းကျင်မှုများ ပိုမို လိုအပ်တယ်လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးကြွယ်ကြွယ်မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သို့နိုင်ငံဝန်ထမ်းဆရာဝန်များ အဖြစ် တာဝန်ထမ်းဆောင်လို သော ဆရာ ဝန်များအား အလုပ်ခန့်ခြင်း (appointment) ဦးစားပေးပြီးမှ ဗဟိုဝန်ထမ်းတက္ကသိုလ်တွင် တက်ရောက် စေရန် အစီအစဉ်ရှိ/မရှိသိလိုခြင်းနှင့်စပ်လျဉ်း၍သိလိုခြင်းမေးမြန်းမှုအပေါ်ဒေါက်တာမြင့်ထွေးမှ ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်ပါတယ်။

KO
နေပြည်တော်၊ဒီဇင်ဘာ-၁၃။

(  Zawgyi  )

 (၃) ႏွစ္ ျပည့္ေအာင္တာဝန္ မထမ္းေဆာင္သည့္  အစိုးရဝန္ထမ္းဆရာဝန္မ်ား ၁၀ သိန္းေလွ်ာ္ ရသည့္ စနစ္ အား ဖ်က္သိမ္းမည္ဟု က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီ ေဒါက္တာျမင့္ေထြး က ယေန႔ ဒီဇင္ဘာလ ၁၃ ရက္ေန႔တြင္ ျပဳလုပ္သည့္ အမ်ိဳးသားလႊတ္ေတာ္(၁၄) ႀကိမ္ေျမာက္ ပုံမွန္အစည္း အေဝး၊(၁၅)ရက္ေျမာက္ေန႔တြင္ ေျပာၾကားခဲ့ပါတယ္။

“ ဘာျဖစ္ေနလည္းဆိုေတာ့က်ေနာ္တို႔ အစိုးရဝန္ထမ္းေတြ ဝင္လိုက္တယ္၊ (၃)ႏွစ္တာဝန္ေဆာင္ရတယ္၊ မထမ္း ေဆာင္ယင္(၁၀)သိန္း
 ေလွ်ာ္ရမယ္၊ ဒါလုံးဝအဓိပၸာယ္မရွိပါဘူး။ ဒီစနစ္ကိုလည္းက်ေနာ္ဖ်က္မယ္၊ ဘာေၾကာင့္ လည္း အစိုးရအလုပ္ကို မဝင္ဘဲနဲ႔ အျပင္မွာ လုပ္ကိုင္ေနတဲ့ ဆရာဝန္ေတြက လုံးဝေရာ္စရာ မလိုပါဘူး၊ အစိုးရ အလုပ္ ကိုလည္းလုပ္တယ္ ၊ျပည္သူကိုလည္းဝန္ေဆာင္မႈေပးတယ္၊ က်န္းမာေရးဌာန ဝန္ေဆာင္မႈေပးတဲ့ ဆရာဝန္ေတြက(၂)ႏွစ္လုပ္ၿပီး အလုပ္ထြက္ရင္ (၁၀)သိန္းေလ်ာ္ရတယ္၊ ဒါလုံးဝမူအားျဖင့္ မလုပ္သင့္ တဲ့ ကိစၥျဖစ္တဲ့ အတြက္ ဒီစနစ္ ကိုေနာက္အပတ္ေလာက္မွာဖ်က္ဖို႔ရွိပါတယ္ “ လို႔ေျပာၾကား ခဲ့ပါတယ္။

ယင္းအျပင္ ျမန္မာႏိုင္ငံတြင္ တာဝန္ထမ္းေဆာင္သည့္ ဆရာဝန္မ်ားအေနျဖင့္ အဂၤလိပ္စာ ကြၽမ္းက်င္မႈထက္ ေဆးပညာကြၽမ္းက်င္မႈ ၊ခြဲစိတ္ကြၽမ္းက်င္မႈမ်ား ပိုမို လိုအပ္တယ္လို႔ ဆက္လက္ေျပာၾကားခဲ့ပါတယ္။မႏၲေလးတိုင္းေဒသႀကီး မဲဆႏၵနယ္အမွတ္(၆) အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာဦးႂကြယ္ႂကြယ္မွ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန သို႔ႏိုင္ငံဝန္ထမ္းဆရာဝန္မ်ား အျဖစ္ တာဝန္ထမ္းေဆာင္လို ေသာ ဆရာ ဝန္မ်ားအား အလုပ္ခန႔္ျခင္း (appointment) ဦးစားေပးၿပီးမွ ဗဟိုဝန္ထမ္းတကၠသိုလ္တြင္ တက္ေရာက္ ေစရန္ အစီအစဥ္ရွိ/မရွိသိလိုျခင္းႏွင့္စပ္လ်ဥ္း၍သိလိုျခင္းေမးျမန္းမႈအေပၚေဒါက္တာျမင့္ေထြးမွ ျပန္လည္ေျဖၾကား ခဲ့ျခင္းျဖစ္ပါတယ္။

KO
ေနျပည္ေတာ္၊ဒီဇင္ဘာ-၁၃။