၆၀ ရာခိုင်နှုန်းလောက်အထိ ရေလေလွင့်ဆုံးရှုံးနေမှုကိုကုစားရန် စီစဉ်မည်

၆၀ ရာခိုင်နှုန်းလောက်အထိ ရေလေလွင့်ဆုံးရှုံးနေမှုကိုကုစားရန် စီစဉ်မည်

ရန်ကုန်မြို့တွင် ရေပေးဝေတဲ့အခါ ၆၀ ရာခိုင်နှုန်းလောက်အထိ လေလွင့်ဆုံးရှုံးနေတာကြောင့် ပုဂ္ဂလိကနဲ့ပူးပေါင်းကာ အစီအစဉ် တစ်ခု အဖြစ် အကောင်အထည်ဖော်လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။ “ရေလှောင်ကန်ကနေ ပေးဝေတဲ့နေရာမှာ နောက်ဆုံး end user ပေါ့၊ အိမ်ထောင်စုတွေဆီကို ရောက်တဲ့အခါမှာ လေလွင့်မှုကများတယ်၊ ဒါက ဈေးနှုန်းတက်ချင် လို့ပြောတာ မဟုတ်ဘူး၊ ဈေးမတက်ချင်ဘူး၊ လက်ရှိဈေးနဲ့ ထိန်းနိုင်ဖို့ ရေလေလွင့်တာတွေ လျော့အောင်လုပ်ရမယ်၊ တစ်နည်းပြောရင် ရေခိုးသုံးနေတာတွေကို ထိန်းယူရမယ်၊ အခုက ရေအစက်ပေါင်း ၁၀၀ ပို့လိုက်ရင် အစက် ၄၀ လောက်ကပဲ ရောက်တယ်၊ အစက် ၆၀ လောက်က လေလွင့်ဆုံးရှုံးနေတယ်၊ တစ်ချို့မြို့နယ်တွေထဲမှာဆိုရင် လက်တွန်းလှည်းနဲ့ စည်ပင်ရေရမယ်ဆိုပြီး ရောင်းနေတာတွေရှိတယ်၊ တကယ်တော့ အဲ့ဒါကဒီကပေးနေတဲ့ရေတွေပဲ၊ ရေဈေးမြင့်ဖို့မမြင့်ဖို့ ဘေးချိတ်ပြီး ရေလေလွင့်နည်းအောင် စီစဉ်နေတယ်”လို့ မြို့တော်ဝန် ဦးမောင်မောင်စိုးက ရှင်းပြပါတယ်။

ထိုရေလေလွင့်ဆုံးရှုံးမှုအတွက်လုပ်ဆောင်ရန် ရေပေးဝေမှုလုပ်ငန်းကို စိတ်ဝင်စားသော ပုဂ္ဂလိကလုပ်ငန်းရှင်တွေရဲ့EOI လျှောက်လွှာတွေကို မြို့နယ်အလိုက် ရပ်ကွက်အလိုက် ဖြန့်ကာ ယခုလအတွင်း ခေါ်ယူလုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။       
                                                  
ဇွဲမာန်
ရန်ကုန်၊ သြဂုတ် ၂၀

(  Zawgyi  )

 ရန္ကုန္ၿမိဳ႕တြင္ ေရေပးေဝတဲ့အခါ ၆၀ ရာခိုင္ႏႈန္းေလာက္အထိ ေလလြင့္ဆုံးရႈံးေနတာေၾကာင့္ ပုဂၢလိကနဲ႔ပူးေပါင္းကာ အစီအစဥ္ တစ္ခု အျဖစ္ အေကာင္အထည္ေဖာ္လုပ္ေဆာင္ဖို႔ ျပင္ဆင္ေနတယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက ေျပာပါတယ္။ “ေရေလွာင္ကန္ကေန ေပးေဝတဲ့ေနရာမွာ ေနာက္ဆုံး end user ေပါ့၊ အိမ္ေထာင္စုေတြဆီကို ေရာက္တဲ့အခါမွာ ေလလြင့္မႈကမ်ားတယ္၊ ဒါက ေဈးႏႈန္းတက္ခ်င္ လို႔ေျပာတာ မဟုတ္ဘူး၊ ေဈးမတက္ခ်င္ဘူး၊ လက္ရွိေဈးနဲ႔ ထိန္းႏိုင္ဖို႔ ေရေလလြင့္တာေတြ ေလ်ာ့ေအာင္လုပ္ရမယ္၊ တစ္နည္းေျပာရင္ ေရခိုးသုံးေနတာေတြကို ထိန္းယူရမယ္၊ အခုက ေရအစက္ေပါင္း ၁၀၀ ပို႔လိုက္ရင္ အစက္ ၄၀ ေလာက္ကပဲ ေရာက္တယ္၊ အစက္ ၆၀ ေလာက္က ေလလြင့္ဆုံးရႈံးေနတယ္၊ တစ္ခ်ိဳ႕ၿမိဳ႕နယ္ေတြထဲမွာဆိုရင္ လက္တြန္းလွည္းနဲ႔ စည္ပင္ေရရမယ္ဆိုၿပီး ေရာင္းေနတာေတြရွိတယ္၊ တကယ္ေတာ့ အဲ့ဒါကဒီကေပးေနတဲ့ေရေတြပဲ၊ ေရေဈးျမင့္ဖို႔မျမင့္ဖို႔ ေဘးခ်ိတ္ၿပီး ေရေလလြင့္နည္းေအာင္ စီစဥ္ေနတယ္”လို႔ ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက ရွင္းျပပါတယ္။

ထိုေရေလလြင့္ဆုံးရႈံးမႈအတြက္လုပ္ေဆာင္ရန္ ေရေပးေဝမႈလုပ္ငန္းကို စိတ္ဝင္စားေသာ ပုဂၢလိကလုပ္ငန္းရွင္ေတြရဲ႕EOI ေလွ်ာက္လႊာေတြကို ၿမိဳ႕နယ္အလိုက္ ရပ္ကြက္အလိုက္ ျဖန႔္ကာ ယခုလအတြင္း ေခၚယူလုပ္ေဆာင္ဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။       
                                                  
ဇြဲမာန္
ရန္ကုန္၊ ၾသဂုတ္ ၂၀