(၇၂) နှစ်မြောက် ကရင်အမျိုးသားနေ့ ချီတက်ပွဲ ရန်ကုန်မြို့အတွင်း ကျင်းပ

(၇၂) နှစ်မြောက် ကရင်အမျိုးသားနေ့ ချီတက်ပွဲ ရန်ကုန်မြို့အတွင်း ကျင်းပ

ဒီကနေ့မှာ ကျရောက်တဲ့ ၇၂ နှစ်မြောက် ကရင်အမျိုးသားနေ့ကို လွန်ခဲ့တဲ့ ၁၉၄၈ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ချီတက် ဆန္ဒထုတ်ဖော် ခဲ့ကြတဲ့ပုံစံအတိုင်း ရန်ကုန်မြို့တွင်း ချီတက်လမ်းကြောင်း (၄ )ခုနဲ့ ကရင်တိုင်းရင်းသား တွေ ချီတက်လာကြတာဖြစ်ပါတယ်။

ချီတက်လမ်းကြောင်းတွေကတော့ မြေနီကုန်းစုရပ်၊ တက္ကသိုလ်ရိပ်သာလမ်း စုရပ်(အမေရိကန်စင်တာရှေ့ )၊ သမိုင်းလမ်းဆုံ စုရပ်နဲ့ အလုံကရင်ခြံ စုရပ် စတဲ့ စုရပ် ၄ ခုကနေ ကမာရွတ်ယုဒသန်ခန်းမထိချီတက်ကြ မှာဖြစ်ပါတယ်။ ဒီလိုချီတက်မှုကိုတော့ ဒီကနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနက် ၉ နာရီမှာ စတင်ချီခဲ့ကြတာဖြစ်ပြီး မနက် ၁၁ နာရီခွဲမှာတော့ လမ်းကြောင်း ၄ ခုရဲ့ စုရပ်ဖြစ်တဲ့ ကမာရွတ် ယုဒဿန်ခန်းမမှာ (၇၂)နှစ်မြောက်ကရင်အမျိုး သားနေ့ ကို ကျင်းပသွားမှာဖြစ်ပါတယ်။

သတင်း/ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

(  Zawgyi  )

 ဒီကေန႔မွာ က်ေရာက္တဲ့ ၇၂ ႏွစ္ေျမာက္ ကရင္အမ်ိဳးသားေန႔ကို လြန္ခဲ့တဲ့ ၁၉၄၈ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔က ခ်ီတက္ ဆႏၵထုတ္ေဖာ္ ခဲ့ၾကတဲ့ပုံစံအတိုင္း ရန္ကုန္ၿမိဳ႕တြင္း ခ်ီတက္လမ္းေၾကာင္း (၄ )ခုနဲ႔ ကရင္တိုင္းရင္းသား ေတြ ခ်ီတက္လာၾကတာျဖစ္ပါတယ္။

ခ်ီတက္လမ္းေၾကာင္းေတြကေတာ့ ေျမနီကုန္းစုရပ္၊ တကၠသိုလ္ရိပ္သာလမ္း စုရပ္(အေမရိကန္စင္တာေရွ႕ )၊ သမိုင္းလမ္းဆုံ စုရပ္နဲ႔ အလုံကရင္ၿခံ စုရပ္ စတဲ့ စုရပ္ ၄ ခုကေန ကမာ႐ြတ္ယုဒသန္ခန္းမထိခ်ီတက္ၾက မွာျဖစ္ပါတယ္။ ဒီလိုခ်ီတက္မႈကိုေတာ့ ဒီကေန႔ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔ မနက္ ၉ နာရီမွာ စတင္ခ်ီခဲ့ၾကတာျဖစ္ၿပီး မနက္ ၁၁ နာရီခြဲမွာေတာ့ လမ္းေၾကာင္း ၄ ခုရဲ႕ စုရပ္ျဖစ္တဲ့ ကမာ႐ြတ္ ယုဒႆန္ခန္းမမွာ (၇၂)ႏွစ္ေျမာက္ကရင္အမ်ိဳး သားေန႔ ကို က်င္းပသြားမွာျဖစ္ပါတယ္။

သတင္း/ဓာတ္ပုံ- ရဲႏိုင္(ေလာက္ကိုင္)
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၁