၈ တန်းနဲ့ ၁၀ တန်းကြား ကျောင်းစစ်စာမေးပွဲများစစ်ရန် ညွှန်ကြားချက် မရောက်သေးကြောင်းသိရ

၈ တန်းနဲ့ ၁၀ တန်းကြား ကျောင်းစစ်စာမေးပွဲများစစ်ရန် ညွှန်ကြားချက် မရောက်သေးကြောင်းသိရ

အခြေခံပညာကျောင်းစစ်စာမေးပွဲတွေကို ၈ တန်းနဲ့ ၁၀ တန်း စာမေးပွဲတွေရဲ့ ကြားကာလမှာ ကျင်းပဖို့ ပညာရေးဝန်ကြီးက ဒီကနေ့ (ဖေဖော်ဝါရီ ၃ရက်) မှာ အမျိုးသားလွှတ်တော်အပြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အကြံပြုချက်ကို လက်ခံခဲ့ပေမယ့် ညွှန်ကြားချက်ရောက်မလာ သေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ သိရပါတယ်။

“Teacher ကြီးတို့ မသိသေးဘူး၊ လောလောဆယ်ဘာမှလည်း ညွှန်ကြားချက်မဝင်သေးပါဘူးနော်”လို့ ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေက ပြောပါတယ်။ ၈ တန်း စာမေးပွဲတွေကို ယခု လကုန်ပိုင်းမှ စတင် စစ်ဆေးကာ မတ်လ ၃ ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး ၁၀ တန်း(တက္ကသိုလ်ဝင်တန်း) စာမေးပွဲ တွေကို မတ်လ ၁၁ ရက်တွင် စတင်စစ်ဆေးဖို့ စာမေးပွဲအချိန်စာရင်းရေးဆွဲထားကြောင်း၊ ယင်းစာမေးပွဲများပြီးမှသာ ကျန်ရှိတဲ့ အခြေခံပညာကျောင်းစစ်စာမေးပွဲတွေကို ကျင်းပဖို့ မူလကလျာထားခဲ့တယ်လို့ သိရပါတယ်။

သို့ရာတွင် နေပြည်တော်အမျိုးသားလွှတ်တော် ထမင်းစားဆောင်မှာ ဒီကနေ့(ဖေဖော်ဝါရီ ၃ရက်) မနက်ပိုင်းက အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပါဝင်တဲ့ တာဝန်ရှိသူတွေ တွေ့ဆုံ ဆွေးနွေးကြ တဲ့အခါ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အကြံပြုချက်ကို ပညာရေး ဝန်ကြီးက လက်ခံခဲ့တယ်လို့ သိရပါတယ်။

အခြေခံပညာကျောင်းစစ်စာမေးပွဲတွေမှာ လက်ရှိကာလတွင် ပြောင်းလဲလုပ်ဆောင်နေတဲ့ စနစ်သစ်သင်ရိုးများအရ သင်ကြားနေသော Kg တန်းမှ တတိယတန်းအထိ ကျောင်းသား၊ ကျောင်းသူများ၊ ဆဌမတန်း ကျောင်းသား၊ ကျောင်းသူများမှာ အတန်းတွင်း အကဲဖြတ် မှုပုံစံဖြင့် လုပ်ဆောင်နေတာဖြစ်တဲ့အတွက် ကျန်ရှိတဲ့အတန်းတွေသာ ကျောင်းစစ်စာမေးပွဲကို ဖြေဆိုကြရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဖေဖော်ဝါရီ ၃

(  Zawgyi  )

 အေျခခံပညာေက်ာင္းစစ္စာေမးပြဲေတြကို ၈ တန္းနဲ႔ ၁၀ တန္း စာေမးပြဲေတြရဲ႕ ၾကားကာလမွာ က်င္းပဖို႔ ပညာေရးဝန္ႀကီးက ဒီကေန႔ (ေဖေဖာ္ဝါရီ ၃ရက္) မွာ အမ်ိဳးသားလႊတ္ေတာ္အၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ေတြ႕ဆုံစဥ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ အႀကံျပဳခ်က္ကို လက္ခံခဲ့ေပမယ့္ ၫႊန္ၾကားခ်က္ေရာက္မလာ ေသးဘူးလို႔ ရန္ကုန္တိုင္းေဒသႀကီးပညာေရးမႉး႐ုံးမွ သိရပါတယ္။

“Teacher ႀကီးတို႔ မသိေသးဘူး၊ ေလာေလာဆယ္ဘာမွလည္း ၫႊန္ၾကားခ်က္မဝင္ေသးပါဘူးေနာ္”လို႔ ရန္ကုန္တိုင္း ေဒသႀကီး ပညာေရးမႉး႐ုံးမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒၚခင္မာေဆြက ေျပာပါတယ္။ ၈ တန္း စာေမးပြဲေတြကို ယခု လကုန္ပိုင္းမွ စတင္ စစ္ေဆးကာ မတ္လ ၃ ရက္တြင္ ၿပီးဆုံးမည္ျဖစ္ၿပီး ၁၀ တန္း(တကၠသိုလ္ဝင္တန္း) စာေမးပြဲ ေတြကို မတ္လ ၁၁ ရက္တြင္ စတင္စစ္ေဆးဖို႔ စာေမးပြဲအခ်ိန္စာရင္းေရးဆြဲထားေၾကာင္း၊ ယင္းစာေမးပြဲမ်ားၿပီးမွသာ က်န္ရွိတဲ့ အေျခခံပညာေက်ာင္းစစ္စာေမးပြဲေတြကို က်င္းပဖို႔ မူလကလ်ာထားခဲ့တယ္လို႔ သိရပါတယ္။

သို႔ရာတြင္ ေနျပည္ေတာ္အမ်ိဳးသားလႊတ္ေတာ္ ထမင္းစားေဆာင္မွာ ဒီကေန႔(ေဖေဖာ္ဝါရီ ၃ရက္) မနက္ပိုင္းက အမ်ိဳးသား လႊတ္ေတာ္ ကိုယ္စားလွယ္ေတြနဲ႔ ပညာေရးဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီး ပါဝင္တဲ့ တာဝန္ရွိသူေတြ ေတြ႕ဆုံ ေဆြးေႏြးၾက တဲ့အခါ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ အႀကံျပဳခ်က္ကို ပညာေရး ဝန္ႀကီးက လက္ခံခဲ့တယ္လို႔ သိရပါတယ္။

အေျခခံပညာေက်ာင္းစစ္စာေမးပြဲေတြမွာ လက္ရွိကာလတြင္ ေျပာင္းလဲလုပ္ေဆာင္ေနတဲ့ စနစ္သစ္သင္႐ိုးမ်ားအရ သင္ၾကားေနေသာ Kg တန္းမွ တတိယတန္းအထိ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ ဆဌမတန္း ေက်ာင္းသား၊ ေက်ာင္းသူမ်ားမွာ အတန္းတြင္း အကဲျဖတ္ မႈပုံစံျဖင့္ လုပ္ေဆာင္ေနတာျဖစ္တဲ့အတြက္ က်န္ရွိတဲ့အတန္းေတြသာ ေက်ာင္းစစ္စာေမးပြဲကို ေျဖဆိုၾကရမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၃